ပြာလဲ့ရီဝေ
မွေးနေ့ဟူသည်
မွေးသောနေ့ကို မှတ်မိငှာလော။
မွေးနေ့ဟူသည်
နေပြီးသက်တမ်း သိအံ့ငှာလော။
မွေးနေ့ဟူသည်
အနာဂတ်ရေး မျှော်တွေးစိမ့်ငှာ
သံပတ်ပမာလော။
သို့တည်းမဟုတ်
မွေးနေ့ရောက်ပြီ၊ ပျော်ကြလေ၏
ပင်ပန်းချွတ်ခြုံ၊ လောကဘုံ၌
ကြံဖန်ပေါက်ရှာ၊ ပျော်နိုင်ဖို့လျာ
တစ်ရက်သတ်မှတ်ခြင်းပေလော။
သို့မဟုတ်ပြန်
ကုသိုလ်အထူး၊ မေ့မပြုကြ
ဤတစ်ရက်မှာ၊ ထူးပြုရန်ကြံ
စေတနာသဒ္ဓါဖြစ်စေသလော။
ဤကမ္ဘာလောက၊ ချီရန်မဝံ့
ဤမြန်မာပြည်၊နယ်အပြားပင်
ဒုက္ခဆူးခြုံ၊ ခြုံအုံငုံ၍
ဆူးအုံခြုံကြား၊ ပန်းလူသားအများ။
မွှေးစေလန်းစေ၊ မွေးနေ့အလှူ၌
ညောင်ပင်ကြီးကုသိုလ်၊မရည်စူးပါ
နိုင်သမျှမှာ၊ညောင်စေ့ပမာကို
ညောင်ပင်ကြီးစေတနာ၊အရင်းခံလျက်
ဒုက္ခခပ်သိမ်းငြိမ်းစေသောဝ်။
ပန်းများအားလုံးမွှေးစေသောဝ်။
#ပြာလဲ့ရီဝေ
Keep Reading