Infeno
လီဗာကိုလှည့်လို့ ဂီယာထိုးလိုက်မယ်ဆိုရင်
ဝူးကနဲ ထွက်မသွားရဘူး
ကိုယ်သိပ်တိတ်ဆိတ်နေခဲ့တာ
ဒီစကားနှစ်လုံးနဲ့တင် ယက်ကန်ကန် လည်နေခဲ့လို့
ပြန်လာတဲ့အခါမှာ
လေတွေဟာ
အို... အရပ်မျက်နှာ အတိအကျရယ်လို့ မရှိပါဘူးလေ
မရှိရပါဘူးလေ
ရောက်သူထံတော့ အေးမြစေဖို့
အဲ့လိုပဲ ကိုယ်တို့တွေးခဲ့ကြတယ်မလား
မြင်ရပါတယ်
ကြားရပါတယ်
အော်...ငိုလုနီးပါး စောင့်ရပြန်ဆိုပဲ
မီးလေး စိမ်းသွားတဲ့အထိ
နေတွေ ဝင်သွားတဲ့အထိ
မမြဲဘူးဆိုတဲ့ တရားကိုမှ ကိုယ်တို့တိုးရှိုက်ခဲ့ကြတာ
ဂဂဏဏရယ်လို့လဲ မရခဲ့ကြပါဘူးလေ
ဟက်ဟက်ပက်ပက်ရယ်လို့ မောလို့
အော် ဒါပါလား ဒါကိုး
အဲ့ဒီလိုနဲ့ သစ်ရွက်တွေပေါ်မှာ အရေးအကြောင်းထင်လာ
စွယ်တော်ရွက်လို လူတွေ
ဘဝတွေ သစ်ပင်တွေ အမြစ်တွေ
မြေဆီလွှာတွေ
သန္တန်မှာ အရံရယ်လို့ တွေး
မှိုင်နေခဲ့တာမဟုတ် ...ဖော်ပြချင်ပါတယ်
ယိုင်နေတဲ့ မြေစာဟာလည်း သူ့အလှသူ့သဘာဝနဲ့ပါပဲ။ ။
#အင်ဖီနို
21.12.24Sat
1239
Ch link...https://t.me/+27AfDlzD_s5mYWM1
If may be...
Keep Reading