နွယ်ငြိမ်းလင်းပွင့်
ပြာနက်နက်ရောင် ညကောင်းကင်မှာ
ငွေရောင် ကြယ်မှုန်
ပက်ကျဲထားတာ
လှရက်လိုက်တာ။
မှောင်တိဝန်းကျင်၊ ကြယ်ရောင်စိုးတဲ့
ဒီတစ်ညကို သိမ်းထားချင်တယ်။
ကြယ်မခူးနဲ့ ချစ်တဲ့မောင်ရေ
ကြယ်ကြွေရင်တောင်
ကြယ်တွေဆုံဖို့ ဆုတောင်းပေးပါ။
ကြယ်ရောင်ဖျိုးဖျ၊ ဒီမိုးအောက်မှာ
ကြယ်ရောင် သောက်သုံး၊ ငါတို့တစ် တွေ
ပျော်ကြရအောင်။
ကြယ်တွေ အိပ်မှ၊ တို့လည်း အိပ်မယ်။
၁၄.၁၀.၂၀ (Wed)
Keep Reading