Maung Hein
ဝသန်လရာသီမှာ
မ ကိုမောင်သိပ်လွမ်းတယ်ဗျာ။
တောင်လေတွေ တိုက်ခတ်တဲ့အခါ
သစ်ရွက်လေးတွေ လှုပ်သွားရင်
လေအဝှေ့မှာ ပြန့်လွင့်သွားတဲ့
မရဲ့ဆံသားနက်နက်ကို
မောင် သတိရမိတယ်။
အငြိုးကြီးတဲ့မိုးကြောင့်
မောင့်ရင်ထဲကအလွမ်းတွေက
ပိုဆိုးလာတယ် မရယ်။
အအေးဓာတ်ကြောင့်ထင်ပါရဲ့
မရဲ့ အနမ်းနွေးနွေးလေးကို
မောင် သတိရမိတယ်။
ကောင်ကင်ကင်မဲမဲကြီးကို
မောင်ကြည့်ပြီးကြောက်မိတယ်
မ ဘေးမှာမရှိဘူးဆိုတဲ့အတွေးနဲ့ပေါ့။ ။
24.5.24. #မောင်ဟိန်း
Keep Reading