Yours Nu Nu Aung
ခုနောက်ပိုင်းတော့ အချစ်ကို action လို့ခေါ်တဲ့ လက်တွေ့အမူအရာနဲ့ပဲ ဆုံးဖြတ်လေ့ရှိတယ်။
စကားလုံးတွေမှာ အရည်မပျော်တော့ပါ။
အထူးသဖြင့် အချစ််ရေးမှာဆို စကားလုံးက
ဘာမှ အကျိုးမဝင်ဘူး။နားဝင်ချိုရုံကလွဲပြီး
ထိတွေ့ခံစားလို့လည်း မရဘူး။
ကိုယ့်ကို ချစ်ခွင့်ပန်နေတဲ့ လူနှစ်ယောက်ရှိတယ်။
တစ်ယောက်ကတော့ နေ့တိုင်း စကားလုံးချိုချို
တွေနဲ့ ရင်ခုန်အောင် လုပ်တယ်။တစ်မြို့ထဲဆိုပေမဲ့
ကိုယ့်ဆီလာဖို့ကို အကြောင်းပြချက်မျိုးစုံနဲ့။
ကိုယ်က အာလူးကြော်ကြိုက်တယ်ပြောတော့
ဟုတ်ပြီ ဝယ်ပြီး လာပို့ပေးမယ်။နေ့တိုင်းတော့
ပို့ပေးပါတယ်။(စကားလုံးတွေနဲ့။)
နောက်တစ်ယောက်က စကားတွေ အများကြီး
မပြောတတ်ဘူး။ဒါပေမဲ့ ကိုယ်ပြောတဲ့စကားတိုင်း
သေချာမှတ်ထားရှာတယ်။ဘာကြိုက်တယ်၊ဘာအရောင်ကြိုက်တယ်၊ဘယ်ရုပ်ရှင် ကြိုက်တယ်။
ပန်းထဲဆို ဘာပန်းကို ကြိုက်တာကအစ။
ဟိုနေ့ ကိုယ်က period ဖြစ်တော့ ညသုံးမရှိတော့
ဘူးပြောမိတာ ခဏနေတော့ ဘာတံဆိပ်သုံးလဲ
ဖုန်းဆက်မေးပြီး ဝယ်လာပို့ပေးတယ်။
နောက်ပြီး Period ဖြစ်ရင် ဒိန်ချဉ်သောက်ပေးရ
တယ်ဆိိုပြီး ဝယ်လာသေးတယ်။
First date တွေ့ရင် ကိုယ်က ပန်းလေးတော့
ရဖူးချင်တယ်ပြောမိတာ တကယ်ရော နှင်းဆီပန်း
အနီရောင်ဝယ်လာတယ်။Love you Baby ဆိုတဲ့
သူ့လက်ရေးနဲ့ ရေးထားတဲ့ Postcard တောင်
အပိုဆုအနေနဲ့ ပါလိုက်သေးတယ်။
မနက်နိုးလာတိုင်း ချစ်တဲ့လူဆီက စာလေးတွေ့ရင် တစ်နေကုန်ပျော်နေတတ်တယ်လို့
ပြောမိတာကို မညည်းမညူပို့ပေးတယ်။
ပထမတစ်ယောက် လူလည်းချောတယ်။ပိုက်ဆံလည်း
ရှိတယ်။ဒုတိယလူကျ ရုပ်ရည်သာမန်ပဲ။
ပြီးရင် လခစားတစ်ယောက်။ဒါပေမဲ့
ကိုယ့်အပေါ် သိပ်ချစ် သိပ်ဂရုစိုက်တတ်တယ်။
သူနဲ့အတူရှိချိန် ကိုယ့်စိတ်လုံခြုံနွေးထွေးရတယ်။
အချစ်ဆိုတာ အသေးအမွှားလေးက စတာပါ။
ပိုက်ဆံ တစ်ထောင်ရှိရင် ငါးရာလောက် ကိုယ့်ကို
ပေးသုံးရဲတဲ့လူမျိုးကို ရွေးချယ်သင့်တယ်။
လက်တွေ့ဆန်ခြင်းမှာသာ အရည်ပျော်ပါ။
#နူးနူးအောင်
Keep Reading