A Kha Ya (အခရာ)
❝ ကျွန်တော်ယုံကြည်တဲ့
အချစ်ဆိုတာကတော့
သူ့ဆီက ဘာမှမလိုချင်ပါဘူး
ကိုယ်ကသာ ပေးချင်တယ်
တခြားပေးစရာမရှိရင်
အသည်းနှလုံးနဲ့
မျက်ရည်ကိုပဲဖြစ်ဖြစ် ပေးမယ် ❞
ကျွန်တော်သည်လည်း ကိုလွမ်းနောင်ကဲ့သို့ပင် ချစ်ရသူကို ဘာမှမပေးနိုင်ရင်တောင် မျက်ရည်နဲ့ အသည်းနှလုံးကို ပေးနိုင်ပါသည်။ ချစ်သောသူများသည်လည်း မိမိချစ်ရသောသူတို့ကို နှလုံးသားနဲ့ မျက်ရည်ကို ပေးရန်၀န်လေးမည်မဟုတ်ပါ။
ဆရာတက္ကသိုလ်ဘုန်းနိုင်၏ စာအုပ်များကို ဆက်တိုက်ဖတ်မိသလို ဆက်တိုက်လည်း လွမ်းမိပါသည်။ အလွမ်းသမားကို အလွမ်း၀တ္ထုနဲ့ ပေးတွေ့တာဟာ အတော်လေးအဆင်ပြေနေ၏။
မမမေကို ကျွန်တော်ချစ်သည်။ ကိုလွမ်းနောင်ကိုလည်း ကျွန်တော်ချစ်သည်။ ကိုခင်မောင်ဦးကိုလည်း ကျွန်တော်ချစ်မိသည်။ အကြောင်းမှာ ကိုလွမ်းနောင်သည် မမမေအပေါ်မှာ ပေးဆပ်ခြင်းဖြင့် ချစ်ပေးနိုင်ခဲ့သည်။ ဖြူစင်သန့်ရှင်းသော အချစ်မျိုးဖြင့်ချစ်ပေးနိုင်ခဲ့ပြီး သစ္စာတရားကိုလည်း ပြသခဲ့သည်။
မမမေမှာကိုလည်း စောင့်ထိန်းနိုင်မှုအတွက် ချစ်မိသည်။ ဘယ်လိုဖြစ်နေ,ဖြစ်နေ သိက္ခာအတွက် စောင့်ထိန်းရန်ကြိုးပမ်းခဲ့သည်။
ကိုခင်မောင်ဦးကိုမူ အစကပင်ကြည်ညိုမိပေသည်။ သဘောထားကြီးမားပြီး ဘယ်ဟာကအမှား၊ ဘယ်ဟာကအမှန်ဖြစ်သည်ကို ဆန်းစစ်နိုင်ခြင်းကြောင့်လည်းကောင်း မိမိချစ်သောသူအပေါ်မှာ ယုံကြည်မှုထားရှိနိုင်ခြင်းကြောင့်လည်းကောင်း ချစ်မိရခြင်းဖြစ်သည်။
အကုန်ခြုံရရင်တော့ “မောင့်ဘ၀ညအလားကွယ်”၀တ္ထုသည် အချစ်ဆိုတာ ပေးဆပ်မှုတစ်ခုသာဖြစ်ကြောင်း သက်သေ၊ သာဓကပြဖွယ် ၀တ္ထုတစ်ပုဒ်ဖြစ်ပါသည်။•အခရာ
Keep Reading