မောရိသျှ
၂၆။ အသိစိတ်ဟာ နှလုံးသား ဝိညာဉ်ရဲ့ အသက်ပဲ ဖြစ်တယ်။ ရုပ်ခန္ဓာရဲ့ စေ့ဆော်မှု အလိုကြောင့် စိတ်သဘာဝ ပြောင်းလဲစရာ မလိုအပ်ဘူး။ ရုပ်ရဲ့ စေ့ဆော်မှုတိုင်းကို စိတ်ခံစားစရာ မလိုဘူး။ ချုပ်တည်းတန်သင့်တာကိုချုပ် တည်းရမယ်။ စိတ်ပြောင်းစိတ်လွဲတန်သည် ပြောင်းလဲရမယ်။ ခံစားချက်နောက် လိုက်ပြီး အာရုံများနေရင် အသိကောင်း၊ အသိမှန်ကို မြော်မြင်နိုင်မှာ မဟုတ်ပါ။ ကောင်းခြင်း နဲ့ ဆိုးခြင်း ခွဲခြားပြီး စိတ်အာရုံထွေပြားအာင် မလုပ်မိစေနဲ့။ အာရုံ တစ်ခုတည်းနဲ့ သတိကောင်းပါစေ။
၂၇။ နတ်ဘုရားတို့နဲ့ အတူ ရှင်သန်ပါ။ စိတ်နှလုံးသား ဝိညာဉ်မှာ ဖြစ်လာတဲ့ အာရုံအလိုက် နတ်ဘုရားတို့ရဲ့ အလိုတော်အတိုင်း နေထိုင်နိုင်ရမယ်။ အခါမလင့် စောင့်ရှောက်တော်မူတဲ့ ဇုနတ်ဘုရားရဲ့ ကျေးဇူးတော်ကြောင့် အသက်ဘဝကို ရလာတာဖြစ်ပြီး၊ ကျေးဇူးတော်ကို သိတတ်တဲ့ အနေနဲ့ စိတ်ခံစားချက်မှာ ဖြစ်လာတဲ့ အသိဉာဏ်၊ အတွေးအကြံအတိုင်း အလိုတော်ကို ဖြည့်ဆည်းနိုင်ရမယ်။ ကောင်းခြင်းကို လိုလားတဲ့ ဇုနတ်ဘုရားရဲ့ အလိုတော်အတွက် ကောင်းကျိုးတရား အားထုတ်ပြီး ဖြည့်ဆည်းရမယ်။ နတ်ဘုရားတို့ရဲ့ အလိုတော်တို့သည် သာလျှင် လူ သားရဲ့ အသက်ရှင်ခြင်း အကြောင်း ဖြစ်တယ်။
၂၈။ အာပုတ်စော် နံလို့၊ ချိုင်းချွေးစော် နံလို့ တစ်ဖက်သားကို စိတ်ဆိုးနေပြီး ဘာလုပ်မှာလဲ။ ပါးစပ်ရော၊ ချိုင်းရော သူ့သဘာဝ အတိုင်း နံတာ၊ ဟောင်တာက အပြစ်မှ မဟုတ်ဘဲ၊ စိတ်တို ဒေါသထွက်နေလို့ အကြောင်းမဲ့ စိတ်ပင် ပန်းတာပဲ အဖတ်တင်လိမ့်မယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေး လုပ်ဖို့တောင်မှ သူတို့မှာ အသိ မရှိရကောင်းလား။ တွေးမနေ နဲ့ အပြစ်တင်မနေနဲ့။
သူတို့မှာ အသိရှိသလို၊ ကိုယ့်မှာလည်း အသိစိတ် ရှိတယ်မဟုတ်လား။ သူတို့ကို အပြစ်မြင်နေမယ့်အစား၊ သူတို့ သတိမထားမိတဲ့ အားနည်းချက်ကို အရှက်မရအောင်၊ အသိပေးတဲ့အနေနဲ့ အကြောင်းအကျိုး ပြောပြီး၊ ပြုပြင်ခိုင်းပါလား။ စိတ်တို၊ ဒေါသထွက်စရာလည်း မလိုသလို၊ စိတ်ပင်ပန်းစရာ မလိုတော့ဘဲ၊ ပြဿနာတစ်ခုကို ဖြေရှင်းလိုက်နိုင်မှာပဲ။ ဟန်ဆောင်ပြီးလည်း မနေနဲ့၊ ဖာဆန်ဆန်လည်း မခံနဲ့။
၂၉။ နေချင်နေ မနေချင်ထွက်သွား၊ ကိုယ့်စိတ်နဲ့ကိုယ်ပဲလေ။သူတို့မှ မလိုလားရင်၊ နေမနေတော့ဘဲ ထွက်သွားလိုက်။ ကိုယ့်အသား ပဲ့ပါသွားတာမှ မဟုတ်ဘဲ။ ဆေးလိပ်မီးခိုးတွေကြောင့် နေရခက်နေလား၊ ကိုယ့်အတွက် အဆင်မပြေရင် ထွက်သွားလိုက်ပေါ့။ ဘာပင်ပန်းတာမှတ်လို့၊ စိတ်တိုနေ၊ ဒေါသထွက်နေ၊ အလိုမကျနေရင်၊ အကြောင်းမဲ့ စိတ်ပင်ပန်းတာပဲ အဖတ်တင်လိမ့်မယ်။ နှစ်ဦး နှစ်ဖက် အဆင်ပြေအောင် တွေးတတ်ခြင်းက အမြော်အမြင်ကြီးခြင်းပဲ။
၃၀။ ကိုယ်ကျိုးရှုမှုက ဉာဏ်ပညာ ထက်မြက်မှုပဲ။ ကိုယ်ကျိုး အတွက် မစွမ်းဆောင်နိုင်ဘဲ၊ သူများအကျိုး ဘယ်လို ထမ်းရွက်မလဲ။ အထက် နဲ့ အောက်၊ အပေး နဲ့ အယူ၊ ခေါင်းဆောင်သူ နဲ့ နောက်လိုက်သူ၊ စေခိုင်းသူ နဲ့ နာခံသူ၊ အ ချိတ် နဲ့ အဆက် သင့်မြတ်နေမှ အရာအားလုံး ကောင်းကောင်းမွန်မွန် လည်ပတ်လိမ့်မယ်။ ကောင်းတာကို လိုချင်ရင် မကောင်းတာကို အရင် လက်ခံနိုင်ရမယ်။
၃၁။ နတ်ဘုရားတွေက စလို့ မိဘ၊ ဆွေမျိုး၊ သားချင်း၊ ညီရင်း၊ အစ်ကို၊ မောင်ရင်း၊ နှမ၊ သားနဲ့ မယား၊ ဆရာသမား၊ ခြွေရံသင်းပင်း၊ အပေါင်းအသင်း၊ ကျေးကျွန် အဆုံး အားလုံး အပေါ် ဘယ်လို ဆက်ဆံခဲ့သလဲ။ သူတို့ အတွက် ဘာကောင်းကျိုး ပေးခဲ့ဖူးသလဲ။ နာကျင်မှုတွေ ရှိစေခဲ့လား။ သာယာမှုတွေ ပေးနိုင်ခဲ့လား။ ဂုဏ်သိက္ခာရှိစေခဲ့လား။
မျက်နှာငယ်နဲ့ ပူပန်စေခဲ့သေးသလား။ သူတို့အပေါ် ကောင်းခဲ့သလား။ ဆိုးသွမ်း ကြမ်းတမ်း ခဲ့မိလား။ ကိုယ့်လုပ်ရပ်ကို အမြဲမပြတ် စဉ်းစား၊ ဆင်ခြင်၊ ပြုပြင်ပါ။
၃၂။ ဘာလို့များ စာတတ်ကို စာမှတ်က ဖျက်တာလဲ။ မသိနားမလည်တဲ့သူတွေ၊ အစွဲကြီး ခေါင်းမာတဲ့သူတွေက သိသလိုလို၊ နားလည်သလိုလိုနဲ့ သိသူ၊ တတ်သူ၊ ထက်သူ၊ မြတ်သူတွေ အပေါ် အနှောင့်အယှက် ဖြစ်စေနိုင်တာလဲ။
သူတို့ရဲ့ မသိနားမလည်မှုကို မသိကျေးကျွန်ပြုခံထားရတဲ့အတွက်၊ အသိအမှတ်ပြုခံလိုစိတ်နဲ့ သိသူ၊ တတ်သူတွေရဲ့ နားလည်မှုကို မတရား ရယူချင်ကြတာပါ။
#မောရိသျှ
Keep Reading