နွယ်ငြိမ်းလင်းပွင့်
ဝမ်းသာ ဝမ်းနည်း
နေပူစပ်ခါး
နွေနေပူပူ
နေ့လည်ခေါင်ခေါင်
ဆန်နှစ်ပြည်အရေး
နှစ်ပြနီးပါး လူတန်းရှည်။
စံတော်ချိန် နှစ်နာရီ
ဆယ်နာရီကတည်းက
စီတန်းခဲ့ကြ။
လှူသူက တစ်ဦး
ယူသူက အများ။
တုန်ခါမှုကြောင့်
ယိုင်တိုင်တိုင် ဘဝတွေ
ရမ်းခါခဲ့ရ။
ပျဥ်းမငုတ်တိုလို
ရှင်သန်ခဲ့တဲ့ သူတို့တွေ
အမြစ်ပါ ခြေချစရာ မကျန်အောင်
ကံနည်းခဲ့ကြ။
ဟော ...
ဆန်ဝေတော့မယ်။
ဟေးခနဲ အော်သံ
ချပ်ခနဲ လက်ခုပ်တီးသံ
လက်ခနဲ ပြုံးပျော် မျက်နှာ။
သူတို့ ပျော်ကြတယ်။
တစ်ဝမ်းတစ်ခါး လှဖို့
သူတို့ တန်းစီကြတယ်။
နေပူစပ်ခါး
ပူစပ်ပူလောင်
နွေကန္တာတိုင်းပြည်က
သူတို့တွေ
ဆန်နှစ်ပြည်အတွက်
ရုန်းကန်ခဲ့ကြတယ်။
13.4.25 (Sun)
Keep Reading