တင်ညွန့်
ဘာကြောင့် မအောင်မြင်ရတာလဲဆိုတာကို ဆန်းစစ်လိုက်ရင် လူတွေနဲ့ အပေါင်းအသင်း မလုပ်ချင်ပါဘူး၊ လူနဲ့ လူချင်း ပေါင်းသင်းဆက်ဆံရတာကို အပြစ်ကြီးတစ်ခုလို မြင်နေတဲ့သူတွေဟာ ဘယ်တော့မှ မအောင် မြင်နိုင်ဘူး။
လူနဲ့လူချင်း ပေါင်းသင်းမှ အောင်မြင်မယ်။ လူမဟုတ်တဲ့သူတွေနဲ့ ပေါင်းသင်းပြီး လူစိတ်မမွေးရင်လည်း မအောင်မြင်နိုင်ဘူး။
ကိုယ့်ကိုယ်ကိုယ် ဘွဲ့ရတာနဲ့ ပညာတတ် ပညာရှင်ကြီးထင်ပြီး ဘာကိုမှဆက်ပြီးတော့ လေ့လာ သင်ယူလိုခြင်း မရှိတဲ့သူတွေဟာ ဘယ်တော့မှ မအောင်မြင်နိုင်ဘူး။
လူတိုင်းဆုံးရှုံးဖူးတယ်။ လောကကြီးမှာ အရာရာကို အ သင့်ဖြစ်အောင်ဖန်တီးပေးနေသူတွေကြောင့်အဆင်ပြေ ချောမွေ့နေပြီး ကျရှုံးမှုဆိုတာဘာမှန်းမသိ နေရာရလာသူတွေဟာ ဘယ်တော့မှ မအောင်မြင်နိုင်ဘူး။
လူတိုင်းမှာ အတ္တရှိတယ်။ အဲဒီအတ္တကို လွဲမှားတဲ့နေရာမှာထားပြီး၊ ပယ်သင့်တဲ့နေရာမှာ မပယ်နိုင်တဲ့ သူတွေဟာ ဘယ်တော့မှ မအောင်မြင်နိုင်ဘူး။
လူတိုင်းမှာ အတိတ်ဆိုတာရှိတယ်။ အတိတ်ထဲမှာပဲ ဝဲ လည်နေခဲ့ပြီးတော့၊ ဒီအတိတ်ကိုဖြတ်တောက်ပြီး အ နာဂတ်ကိုမတည်ဆောက်နိုင်တဲ့သူတွေဟာဘယ်တော့မှ မအောင်မြင်နိုင်ဘူး။
ကိုယ်ပေါင်းသင်းတဲ့လူတွေဟာ အဆိုးမြင်သမားတွေ။ အဲဒီ အဆိုးမြင်သမားတွေကို ဆရာတင်ပြီး သူတို့ ဆွဲချသမျှဘဝလို့ထင်နေတဲ့ ခံနေတဲ့အပြင် သူတို့နဲ့ဘဝတစ် လျှောက်လုံးလက်တွဲနေသမျှဘယ်တော့မှ မအောင်မြင်နိုင်ဘူး။
လူတိုင်း လွတ်မြောက်လိုစိတ်ရှိရမယ်။ အဖိနှိပ်ခံနေရတာကို ဘဝအကျိုးပေး မကောင်းလို့ပဲ။ ရှိပါစေလေ၊ ငါနဲ့မှမဆိုင်တာဆိုပြီးရုန်းထွက်လိုစိတ် မရှိတဲ့သူတွေဟာ ဘယ်တော့မှ မအောင်မြင်နိုင်ဘူး။
လူဖြစ်ပြီး အသက်သာရှင်နေတယ် ငါ ဘာကြောင့် အ သက် ရှင်ရသလဲ၊ ဘယ်သူ့ကြောင့် အသက်ရှင်နေရသလဲကိုယ့်ကိုယ်ကိုယ်ကွဲကွဲပြားပြားခွဲခြားမသိတဲ့လူတွေဟာ ဘယ်တော့မှ မအောင်မြင်နိုင်ဘူး။
အောင်မြင်ချင်ရင် အောင်မြင်ချင်တဲ့ စိတ်ရှိရမယ်။ အောင်မြင်အောင် ကိုယ့်ဒူးကိုယ်ချွန်ပြီး ကြိုးစားလိုစိတ်ရှိရမယ်။ အချောင်သမား စိတ်ဓာတ်မျိုးနဲ့ ပွဲလန့်တုန်း ဖျာဝင်ခင်းတတ်တဲ့လူမျိုးတွေဟာ ဘယ်တော့မှ မအောင်မြင်နိုင်ဘူး။
(Ref: What kind of people will not succeed in life?)
တင်ညွန့်
Keep Reading