Hnin
ကိုယ့်ပတ်ဝန်းကျင်မှာ သူများကိုမြင်သမျှအပြစ်ပြောတတ်တဲ့သူတွေနှင့်ကြုံဖူးကြမယ်ထင်တယ်ပါတယ်၊ သူများလို့ပြောပေမဲ့ ကိုယ့်ကိုယ်လဲ
အမြဲသုံးသပ်နေဖို့ မမေ့သင့်ပါဘူး။
ကျွန်မကတော့လေ ကိုယ်မဟုတ်တဲ့တစ်ခြားသူတွေဆိုရင် မကောင်းတဲ့ဖက်ကနေ စပြီးမြင်တတ်တဲ့သူတွေနှင့်အတူနေခဲ့မိတဲ့အချိန်တွေမှာ အတွေးလေးတစ်ခုရလာတယ်။ မကောင်းမြင်တတ်တဲ့သူတွေက တစ်စုံတစ်ခုကို trauma ရနေတဲ့
လူတစ်ယောက်နှင့်တူတယ်လို့မြင်မိတယ်။ဥပမာလေးနှင့်ပြောပြရမယ်ဆိုရင် မိန်းကလေးတစ်ယောက်၊ ငယ်ငယ်က အဖေက အမေ့ကိုရိုက်တယ်၊သားသမီးတွေကို ရိုက်တယ်၊အဲလိုပုံစံတွေမြင်ပြီးကြီးပြင်လာရတဲ့ မိန်းကလေးတစ်ယောက်က အိမ်ထောင်ပြုရမဲ့အရွယ်ရောက်လာတဲ့အချိန်မှာ ယောကျာ်းတိုင်းဟာ ငါ့အဖေလိုပုံစံမျိုးဖြစ်နေမှာဘဲလို့ တွေးမိပြီး၊ ယောကျာ်းတွေနှင့်ပတ်သတ်ပြီး Trauma ရနေတဲ့ မိန်းကလေးတစ်ယောက်လို့ ပြောရမှာပေါ့။.
ကိုယ်မဟုတ်တဲ့တစ်ခြားလူတွေကို အမြဲမကောင်းမြင်တတ်တဲ့ လူတွေကလည်း အဲလိုပုံစံမျိုးပါဘဲ၊ ဒါပေမဲ့ သူတို့ကျတော့ ဘယ်အကြောင်းအရာ၊ ဘယ်အရာကို Trauma ရနေတာမျိုးမဟုတ်ဘဲ သူကိုယ်တိုင်က တစ်ခြားလူတွေကို မကောင်းမြင်စိတ်နှင့်ဘဲ ကြည့်ခဲ့တာမို့ သူတို့ကို တစ်ခြားသူတွေက တစ်ခုခုပြောတယ်ဆိုရင်တောင် 'ငါ့ကို အဲလိုစိတ်
နှင့်ပြောတာဘဲ၊ ငါ့ကိုမလိုတာဘဲ'.. အဲလိုအတွေးမျိုးအမြဲတွေးမိပြီး အဲဒိကစလို့ အရာရာကို
ပိုပြီးတောင်မကောင်းမြင်တဲ့စိတ်ဖြစ်ပေါ်လာတော့တာပါဘဲ။...
မကောင်းမြင်တဲ့စိတ်ဆိုတာ ကိုယ့်အတွက်ရော၊သူများအတွက်ရောပါ နှစ်ဦးနှစ်ဖက်အကျိုးမရှိတဲ့အလုပ်လို့ ကျွန်မကတော့မြင်မိပါတယ်ရှင့်၊ အဲဒါကြောင့်မို့..ရှင်သန်ရတဲ့ အချိန်ခဏလေးမှာ
အတတ်ဆုံး မကောင်းမြင်တဲ့ စိတ်လေးလျော့ချကြပါလို့ပါ အကြံဉာဏ်ပြုရင်း၊ သူများတွေအပေါ်မှာဘဲ မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုလည်း မကောင်းမြင်စိတ်
မရှိကြဖို့ ပြောပါရစေရှင်။
Hnin(7.1.25)(9:27Pm)
Keep Reading