Nandana Dheyya
လူသားအယောက်စီတိုင်းအတွက်အရေးပါတဲ့ မွေးနေ့ လို နေ့ထူးခြားကို သာမန်တစ်ရက်လို ဖြတ်ကျော်ပစ်လိုက်ရတဲ့သူတွေရှိကြလား❓
ဘယ်သူကမှဂုဏ်ယူအသိမှတ်မပြုပေးလို့ ကိုယ့်မွေးဖွားလာခြင်းကို အားငယ်သွားမိတာမျိုးရော ကြုံဖူးကြလား❓
ဒီနေ့ လွတ်လပ်ရေးနေ့❗
ဟုတ်ပါတယ်..မြန်မာတစ်မျိုးသားလုံးအတွက်အရေးပါပေမယ့် အယောက်စီအတွက်က သာမန်နေ့လိုပါပဲ..
ငယ်ငယ်ကကျင်းပခဲ့တဲ့ ပျော်ပွဲရွှင်ပွဲမျိုးတွေကို စိတ်လွတ်ကိုယ်လွတ်မနွှဲဖြစ်တာကြာပြီ မဟုတ်လား❓
365 ရက်သော ပြက္ခဒိန်ထက်ကနေ့စွဲတွေမှာ ထူးခြားတဲ့နေ့ရက်ကလေးတွေကိုမှ မှတ်မှတ်ရရထားရမယ်လို့ မဆိုလိုပါဘူး..
ထားနိုင်ရင်တော့ ပိုပြည့်စုံတာပေါ့..
သာမန်နေ့လိုဖြတ်သန်းဖြစ်သွားရင်လည်း ဝမ်းနည်းအားငယ်စရာမလိုကြောင်း mindset အခြေခံကို ပြောင်းလဲစေချင်တာပါ..
အထူးခြားဆုံးနေ့ကဒီနေ့ပါ ပုဂ္ဂိုလ်တို့ရေ..
ဒီနေ့မနက်ကို မျှော်လင့်ချက်အပြည့်နဲ့နိုးထလာနိုင်ရင် နေ့ရက်တိုင်းကတန်ဖိုးရှိပြီး ဘယ်သူ့အတွက်မှ အထိမ်းအမှတ်မဟုတ်နေတောင် ကိုယ့်အတွက်က ရက်ရာဇာ မမေ့နိုင်စရာတွေပြည့်အောင်ဖန်တီးထုဆစ်မှုတွေလုပ်ဆောင်နိုင်နေမှာပါ..
ဟုတ်ကဲ့..ကျမ ဓေယျပါရှင့်။
You can find me a lot of social app; as:
Dheyya
#Dheyya
#SpiritualArchitect
#Mindset
Keep Reading