စာရေးသူ
သင်ဆင်ကိုက်ခံရဖူးပါသလား။ခြင်ကိုက်ရောခံရဖူးသလား။ဆင်သည်မကိုက် ခြင်တွေသာလျှင်ကိုက်၏။
အလားတူစွာပဲ ကျွန်တော်တို့ဘ၀မှာလည်း တစ်ဘ၀လုံးပြာကျသွားစေမယ့် အမှားကြီးတွေကိုသာမြင်ကြတယ်။ ရိုးသားလှပါတယ်ဆိုတဲ့ နာမည်ကြီးအနုပညာရှင်တစ်ယောက်က Barမှာရန်ဖြစ်နေတာမျိုး အရက်မူးနေတဲ့ဂျူးမုန်းတီးရေး၀ါဒီသမားက လူသားခြင်းစာဖို့ တရားဟောနေတာမျိုး။ လူတိုင်းလေးစားအားကျရတဲ့ နိုင်ငံကျော်အားကစားသမားက ရှုံးမဲမဲပြီး ဆဲဆိုနေတာမျိုးတွေ အစရှိသဖြင့် ဒီလိုမျိုး ရွေးချယ်မှုအမှားတွေက ကြီးမားတဲ့ ဆုံးရှုံးမှုတွေကို ဖြစ်စေတာပါပဲ။
ဒါပေမယ့် ဒီလိုအမှားတွေကပြန်ပြင်လို့ရပါတယ် အခုဒီစာအုပ်ဖတ်နေတဲ့သူတွေစိုးရိမ်ရမှာ ဒီလိုအမှားမျိုးတွေမဟုတ်ပါဘူး။
သင်စိုးရိမ်ရမှာက သေးငယ်ပြီး သင်မထင်မှတ်ပဲလုပ်မိနေတဲ့ ရွေးချယ်မှုတွေကိုပဲဖြစ်ပါတယ်။ ထိုရွေးချယ်မှု အသေးလေးတွေကပဲ စုပေါင်းပြီး သေလောက်စရာစိုးရိမ်ပူပန်မှုတွေနဲ့ ဒုက္ခတွေကိုဖြစ်စေတာပါ။
သင်ဘာလို့ ဒီလိုသေးငယ်တဲ့ ဆိုးရွားတဲ့ ရွေးချယ်မှုလေးတွေကို ရွေးနေမိတယ်လို့ထင်လဲ။အဖြေကတော့ရှင်းပါတယ် သင်သတိမထားလို့ ဒါမှမဟုတ် ရွေးချယ်မှုတွေမှာ သင်ယောင်ပြီး အိပ်ပျော်နေလို့ပဲဖြစ်တယ်။
ဥပမာအနေနဲ့ အချိုရည်တစ်ဘူးနဲ့ အာလူးကြော်တစ်ထုပ်ကိုထိုင်စားနေတုန်း ရုတ်တရက် အာလူးကြော်ထုပ်ထဲက နောက်ဆုံး အားလူးကြော်တစ်ချပ်ကို စားမယ်ကြံမှ သင်ဒီနေ့ ဝိတ်လျှော့မယ်ဆိုတာကိုသတိထားမိသလို။
သင့်အနေနဲ့ သင့်ဖောက်သည်အတွက် ကုန်ပစ္စည်း ကြော်ငြာဖို့ Presentation လုပ်ရမှာဖြစ်ပေမယ့် တီဗီခနထိုင်ကြည့်လိုက်ပါအုံးမယ်ဆိုပြီး ဇာတ်ကားပြီးမှ သင်တစ်နေ့ကုန်သွားပြီဆိုတာ သိလိုက်တာမျိုး။ထိုအခါသင့်ဖောက်သည်နဲ့ တွေ့တဲ့အခါကြ ဘာမှပြင်ဆင်ထားတာမရှိဘဲ ကုန်ပစ္စည်းကို ရောယောင်ကာရွှီးပြီး ရောင်းလိုက်တာမျိုးပေါ့။
သင့်အနေနဲ့ဒီနေရာမှာအမှန်တိုင်းပြောလိုက်ရင်တောင်အဆင်ပြေနိုင်ပါသေးတယ်။ဒါပေမယ့် ဘာကြောင့်လည်း..
သင့်ရဲ့ ဦးနှောက်ကို မစဥ်းစားဘဲလက်လွတ်စပယ်ဆုံးဖြတ်ချက်ချခွင့်ပေးထားတာကြောင့်ပဲဖြစ်တယ်။သင်ရွေးချယ်မှုတွေကို သေချာမစဉ်းစားပဲ အလိုလိုယောင်ပြီး ရွေးချယ်နေသရွေ့ သင့်အနေနဲ့ရလဒ်ကောင်းတွေအဖြစ်ပြောင်းလဲပေးနိုင်မှာမဟုတ်ပါဘူး။
နိုးထပါလော့ စာဖတ်သူတို့။ဆင်သည်မကိုက် ခြင်တွေသာလျှင်ကိုက်၏။
Keep Reading