Charming Yu
ကျွန်မရဲ့ စိတ်ခံစားမှု အရ ဒီစာအုပ်လေးရဲ့ ထူးခြားချက်က ကိုယ့်ကိုယ်ကိုယ် မေးခွန်းတွေ မေးဖြစ်မိတယ် ။
ငါ့ ပျော်ရွှင်မှုတွေက သူများစီက လာတာလား သူများကို မှီခိုပြီးမှ ရလာတဲ့ ပျော်ရွှင်မှုလား?
ကိုယ့်တန်ဖိုး ကို သိတဲ့ ပတ်၀န်းကျင်မှာ နေထိုင်ဖြစ်တာ ဟုတ်ရဲ့လား?
ရယ်မောနေဖို့ ရော မေ့နေရဲ့လား ? မျက်နှာဖုံးနဲ့ နေထိုင်နေတဲ့ လူလား? စသဖြင့် မေးခွန်းအတော်များများ မေးဖြစ်သွားတယ်။
ဘယ်သူမှမရှိ ဆိတ်ငြိမ်တဲ့ အချိန်လေးမှာ ဒီစာအုပ်လေး ဖတ်လိုက် မေးခွန်းတွေ မေးလိုက်နဲ့ စစ်မှန်တဲ့ အ ဖြေတချို့ ၊ကိုယ့်ကိုယ်ကိုယ် အမှန်အတိုင်း ေ၀ဖန်ပြီး လက်ခံမိနေတယ်။
၂၀၂၅ နှစ်သစ် အတွက် ကြိုတင် ထွက်ရှိလာတဲ့ စာအုပ်ကောင်းလေး တစ်အုပ်ပါပဲ၊ ေ၀ဖန်သုံးသပ်ပြီးရင် အားသာချက်နဲ့ အားနည်းချက်တွေ စစ်ထုတ်တယ်။
အကောင်းနဲ့အဆိုး ေ၀ဖန် သုံးသပ်ရမယ်ဆိုလျှင် ခုလက်ရှိ ကိုယ့်အနားမှာ ရှိနေတဲ့ သူတွေက မိတ်ဆွေကောင်း ၊ ကိုယ့်ကောင်းကျိုး ၊ ကိုယ်တိုးတက်ဖို့ လိုလားသူတွေ အများကြီး ရှိနေတော့ အင်မတန်မှ ၀မ်းသာရတယ် ၊ ကိုယ်တိုင် ကြိုးစားဖို့သာ လိုအပ်နေတော့တယ်ဆိုတာ မြင်လာတယ်။ ကောင်းတဲ့အချက်တွေ အများကြီး ကျန်နေသေးတော့ မပျောက်မပျက်အောင် ဆက်လက်ထိန်းသိမ်းမယ်၊ လိုအပ်တာတွေ ထပ်ပြုပြင်ပြီး ကိုယ့်ထဲက လာတဲ့ စစ်မှန်ခြင်းတွေ ပေးမယ်။ ကိုယ်ကိုယ်တိုင်ကြောင့် ပျော်နေတာမျိုး ဖြစ်ရမယ်။ ပျော်စရာတွေ ပိုမျှ ေ၀ရမယ် ဆိုတာလေး ဒီစာအုပ်လေးကြောင့် ပိုသုံးသပ်တတ်မိသွားတယ်။
အကြိုက်ဆုံးစာသားလေးက တော့
ပျော်ရွှင်မှု ဆိုတာ
စိတ် အတွင်းထဲကနေ
ကိုယ်တိုင် ပြုလုပ်ဖန်တီးရမှာ ဖြစ်ပြီး
ကိုယ်ချစ်ခင်ရသူတွေနဲ့
ကိုယ့်ပတ်၀န်းကျင်ကိုလည်း
လက်ဆင့် ကမ်းပေးရမဲ့ အရာတစ်ခုပါပဲ တဲ့ ……
Keep Reading