သစ်တိုင်းမွှေး
ကျွန်တော်တို့ကအဖွဲ့အစည်း၊အသိုက်အဝန်းနဲ့နေသူများဖြစ်ကြပါတယ်။ထို့အတူ ကိုယ်ပိုင်ယဥ်ကျေးမှု အထွေထွေကိုပါ ပိုင်ဆိုင်ထားပါတယ်။စကား၌ ယဉ်ကျေးခြင်းသည်လဲ ကျွန်တော်တို့နှင့် သက်ဆိုင်လျက်ရှိပါတယ်။
သတ္တဝါတို့မှာ အချိုကို ကြိုက်ကြမြဲဖြစ်ရာ အခါးကိုတော့ ငြင်းလျက်၊ငြင်းမြဲပင်။ကြိုက်လျက်ရှိသော အချိုတကာ့ အချိုထဲတွင် စကားချိုခြင်းသည် ပင့်ကူအိမ်ကဲ့သို့ ဆက်သွယ်နေရသော လူအသိုက်အဝန်းတွင် အင်မတန်မှ အရေးကြီးလှတယ်။
စကားပြောခြင်းဖြင့် ချစ်အောင်လုပ်နိုင်ပြီး မုန်းအောင်လုပ်နိုင်ပါတယ်ဒါကြောင့်လဲ ရှေးလူကြီးများက' ချစ်စေလိုက ခံတွင်းလက်လေးသစ်၊မုန်းစေလိုက ခံတွင်းလက်လေးသစ် 'ဟုပင် ဆုံးမခဲ့ကြပါရဲ့။
ချစ်အောင်ပြုလုပ်နိုင်တယ်ဆိုတာက ကိုယ်က ကိုယ်နဲ့ပြောဆိုဆွေးနွေးနေတဲ့ တစ်ဖက်သူ လက်ခံလာအောင် ချိုချိုသာသာ၊ယဉ်ယဉ်ကျေးကျေး စကားအသုံးအနှုန်း လေယူလေသိမ်းနဲ့ ပြောဆိုတယ်ဆို ဘယ်သူများက လက်မခံရိုးရှိမလဲ။လက်မခံရင်တောင် 'ဒီလောက် ရိုရိုသေသေပြောနေတာ တို့ဖြင့် ငြင်းရမှာ အားနာပေါင်'ဆိုတာမျိုးဖြစ်သွားတက်ပါတယ်။အချို့က ရှိပါတယ်။စကားပျိုးကတည်းက အဆဲတစ်လုံးနှင့်။ပြောတော့ တည့်တည့်မပြော၊ဘုတစ်လုံး ကန့်တစ်လုံးနှင့် ဘုကန်လန်စပြောတယ်။ဒီလိုဆို တစ်ဖက်လူက နားမဝင်တဲ့အပြင် ကိုယ်ကိုပါ 'စိတ်ကြမ်းနှုတ်ကြမ်းပါလား။စကားထဲက ဇာတိပြတဲ့ကောင်ပါလား'လို့တွေးမိသွားစေပါတယ်။ဒါကြောင့် စကားလုံးတွေရဲ့စွမ်းအားလို့ ကျွန်တော်တော့အမည်ပေးခြင်း ဖြစ်ပါတယ်။
စကားလုံးတွေမှာ စွမ်းအားရှိကြောင်း ကျွန်တော်ပြည့်ပြည့်စုံစုံတင်ပြပါအုံးမယ်။ကျွန်တော်တို့ ဘဝမှာ တစ်ခါတစ်လေ ကြုံဖူးမှာပါ။သူတစ်ပါးအပြောလေးကြောင့် စိတ်ချမ်းသာသွားတာမျိုး၊ပျော်ရွှင်သွားတာမျိုး၊နောက် စကားလေးတစ်ခွန်းကြောင့် ဝမ်းနည်းသွားတာမျိုးတွေလေ။ဒါဟာ ကိုယ်ပြောလိုက်တဲ့ စကားကြောင့် ဖြစ်လာတဲ့အကျိုးဆက်တွေပေါ့။
ကျွန်တော်အနေနဲ့ ကြားဖူးနားဝရှိ ပုံပြင်တွေကနေလဲ ပြောပြပါအုံးမယ်။ပုံပြင်က 'မုဆိုးနဲ့ မင်းသားသုံးပါး ပုံပြင်'ပါ။မင်းသားသုံးပါး မုဆိုးဆီက အမဲသား နည်းနည်းဝေငှဖို့ ပြောကြရာ မင်းသားကြီးက 'ဟဲ့ မုဆိုး'ဟု ရင့်သီးစွာ ပြောသောကြောင့် မုဆိုးမှာ အမဲရိုးသာ ရစေပါတယ်။မင်းသားလတ်က 'အစ်ကိုမုဆိုး'လို့ခေါ်တော့ ဆူဆူဝဝ အသားကောင်းသည်ကို မုဆိုးကပေးသတဲ့။နောက်ဆုံးမင်းသားက 'အဆွေမုဆိုး ခင်ဗျ'ဟု ယဉ်ကျေးစွာပြောသောအခါ မုဆိုးက အမဲသားတစ်ထမ်းလုံးကို မင်းသားကိုပေးလိုက်ပါတယ်။ဒါစကားလုံးတွေရဲ့ စွမ်းအားကြောင့်ရခဲ့အကျိုးဆက်တွေပါပဲ။
ကျွန်တော်က သမိုင်းအရ တင်ပြခဲ့ပြီးပြီဖြစ်ရာ သိပ္ပံနည်းပညာအရလဲ တင်ပြချင်ပါတယ်။ဂျပန်လူမျိုး သိပ္ပံပညာရှင် ဒေါက်တာ မာဆာရုအီမိုတို ရဲ့The Hidden Messages In Water စာအုပ်မှာ စကားလုံးရဲ့စွမ်းအားအကြောင်းအကျယ်တဝင့်ရှင်းပြထားပါတယ်။ကျွန်တော်ကတော့ အကျဉ်းသာရှင်းပြပါရစေ။
ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်အတွင်းမှာ ရင်းဟာ အလွန်အရေးပါပြီး ဖွဲ့စည်းမှုတိုင်းရဲ့ အုတ်ခြေမြစ်လို့ ဆိုနိုင်ပါတယ်။ဒါနဲ့ ဒေါက်တာ မာဆာရုမိုတို က ပေါင်းခံရေ ထည့်ထားတဲ့ ပုလင်းပေါင်း များစွာကို တစ်ပုလင်းစီကို စကားတစ်မျိုး ပြောပြီး စမ်းသပ်လေ့လာခဲ့ပါတယ်တဲ့။ အဲဒီလေ့လာမှုကို ဓာတ်ပုံရိုက်ကာ မှတ်တမ်းအသီးသီးစီယူထားခဲ့ပါတယ်။ အဲဒီရေတွေထဲကို ဒေါက်တာက စကားတွေ ပြောလိုက်တဲ့အခါမှာ ရေရဲ့တုံ့ပြန်မှုကို တွေ့ရတယ်တဲ့။ဘယ်ပုံဘယ်နည်း တွေ့ရသလဲဆို ကျွန်တော်တို့နေစဉ်ဘဝမှာ အပြုသဘောဆောင်တဲ့ စကားလုံးတွေဖြစ်တဲ့ “love” နဲ့ “thank you” ဆိုတဲ့ စကားတွေကို ပြောလိုက်တော့ ရေရဲ့ မော်လီကျူးတွေဟာ သိမ်မွေ့လှပတဲ့ ဖွဲ့စည်းမှု ဖြစ်ပေါ်သွားပြီး အဆိုးသဘောဆောင်တဲ့ “I hate you” နဲ့ “you are stupid” စတဲ့ စကားတွေ အပြောခံရတဲ့ ရေမော်လီကျူးတွေကတော့ ဆိုးရွားကျဲပြန့်သွားတဲ့ပုံတွေ ဖြစ်သွားပါတယ်တဲ့။ဒါက သိပ္ပံနည်းအရ စကားလုံးများရဲ့ စွမ်းအားကို အတည်ပြုထားတာပါပဲ။
ကျွန်တော်အနေနဲ့ ကျန်းမားရေးရှု့တောင့်ကနေလဲ စကားစွမ်းအားအကြောင်းပြောပြချင်ပါတယ်။လူတစ်ယောက်ဟာ negativeစကားလုံးတွေကိုသာ ပြောနေမယ်ဆို...ဒါက ဆေးလိပ်သောက်သူနဲ့ အတူတူပါပဲ။ဆေးလိပ်သောက်သူတွေဟာ မိမိကိုယ်တိုင်ကို ထိခိုက်စေရုံသာ မက အခြားသူတွေကိုပါ ထိခိုက်စေပါတယ်။ Negativeဆန်ဆန်အပြောတွေက မိမိကို ရော နားထောင်တဲ့အလူပါ ဒုက္ခရောက်ပါတယ်။
ရန်ဖြစ်လို့၊ငြင်းခုံလို့ ပျော်တဲ့သူမရှိပါဘူး။အဲ့အစား စိတ်မသက်သာမှုတွေသာ ရတက်ကြပါတယ်။Negativeစကားတွေဟာ ပြောဖန်များတော့ ရန်ပွဲတွေစီ၊ငြင်းခုံမှုတွေဆီပဲ ဦးတည်သွားတက်ကြပါတယ်။အဲ့တော့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေဖြစ်တဲ့ စိတ်ကျရောဂါ၊စိတ်မတည်ငြိမ်တဲ့ ရောဂါတွေ ခံစားရနိုင်ဖို့အဖြစ်များပါတယ်။
positiveဆန်တဲ့ စကားတွေကျတော့ ဘာအကျိုးမှမပြုချင်နေထားအုံး။ကြားရသူစိတ်ချမ်းသာရလို။ပြောသူကလဲ စိတ်ချမ်းသာရပါတယ်။ဒီအကြောင်းတွေအမှုပြုလိုက်ရင် ကျွန်တော်ကတော့လူတစ်ယောက်အနေနဲ့ လူတိုင်းကို စကား၌ယဉ်ကျေးပြီး positive ဆန်ဆန်စကားတွေကို ပိုပိုပြီးပြောချင်တော့ပါတယ်။
ဒါမှ ကျွန်တော်တို့ အသိုက်အဝန်းဟာ ကျန်းမာတဲ့အသိုက်အဝန်း၊ယဉ်ကျေးတဲ့အသိုက်အမြုံ၊positiveဆန်တဲ့ အရိပ်အာဝါသ တစ်ခုဖြစ်မည့်မဟုတ်လား။ဒါကြောင့်ပါပဲ စကားလုံးတွေရဲ့စွမ်းအားနဲ့ အေးမြတဲ့ အရိပ်အာဝါသလေးတစ်ခုကိုဖန်တီးလိုက်ကြရအောင်ဗျာ။
ချစ်တဲ့
သစ်တိုင်းမွှေး
Keep Reading