Sandi Cho
♡.မေ့ပစ်လိုက်ဖို့မကြိုးစားပါနဲ့💧
အသဲကွဲပြီဆိုတာနဲ့ လူအများစုလုပ်လေ့ရှိတာက သူကိုမေ့ပစ်ဖို့ကြိုးစားကြတာပဲ။ ဖုန်းထဲမှာ ဓာတ်ပုံတွေအကုန်ဖျက်တယ်၊ သူနဲ့ပတ်သက်တဲ့ အမှတ်တရပစ္စည်းတွေ အကုန်ဖျက်ဆီးပစ်တယ်။အဲလိုလုပ်လိုက်ရင် သူကိုမေ့သွားနိုင်မယ်လို့ ထင်ကြတယ်။
Photoတွေကို delete လုပ်လိုက်လို့ရတယ်၊ စာတွေကို deleteလုပ်လိုက်လို့ရပေမယ့် အမှတ်တရတွေကို deleteလုပ်လို့မရဘူး၊ ကိုယ့်နှလုံးသားကို deleteလုပ်လိုက်လို့ ရမှာမဟုတ်ပါဘူး။ လူတစ်ယောက် လွယ်လွယ်မေ့ဖို့ဆိုတာ ခက်တယ်။ အဲဒါကြောင့် သူ့ကိုချက်ချင်းကြီး မမေ့နိုင်လည်း ဘာမှမဖြစ်ပါဘူး။ မေ့ပစ်ဖို့ဆိုတာ အချိန်တစ်ခု လိုအပ်တယ်။➸ Healing take time!
တကယ်လို့ ကိုယ်သူ့ကို သတိရလာပြီဆို ချိုလုပ်လေ့ရှိတာကတော့ ချိုရဲ့ခံစားချက်တွေကို ချရေးတယ်။ ချိုမပြောခဲ့ရတဲ့ စကားတွေကိုချရေးတယ်။ သူ့အကြောင်းကို တစ်ချိန်လုံးထိုင်စဉ်းစားနေတာတော့ မဟုတ်ဘူး။ ဒါပေမယ့် ခေါင်းထဲ၀င်လာတဲ့အချိန် အော် ငါသူ့ကိုသတိရနေတာပဲဆိုတဲ့ အသိလေးပဲ ထားလိုက်တယ်။
♡. ကိုယ်ရဲ့ခံစားချက်တွေကိုလက်ခံလိုက်ပါ 🙌
ချိုတို့တွေက ကိုယ့်ရဲ့ခံစားချက်ကိုလက်ခံရမှာ ရှက်တယ်။ ငါခံစားနေရတယ်။ ငါအသဲကွဲနေတယ်လို့လက်ခံရမှာ ရှက်တယ်။ ဒါပေမယ့်လေ နာကျင်ရတာတွေ၊ ဆုံးရှုံးရတာတွေက ကိုယ်တစ်ယောက်ထဲဖြစ်နေတာ မဟုတ်ဘူး။
ငိုချင်နေတဲ့စိတ်ကိုထိန်းပြီး အတင်းကြီးသန်မာပြနေစရာလည်း မလိုဘူး။ချိုတို့က လူသားတွေပဲလေ။ စိတ်ခံစားချက်တွေရှိကြတာပဲ။ အဲဒါကြောင့် ကိုယ်ရဲ့ခံစားချက်တွေကို ဝေဖန်မနေပဲနဲ့ အရှိကိုအရှိအတိုင်းလေး လက်ခံပေးလိုက်ပါ။ ကိုယ်ငိုချင်ရင် ငိုချလိုက်၊ ဒါမှမဟုတ် ကိုယ့်ရဲ့သူငယ်ချင်း တစ်ယောက်ယောက်ကို ရင်ဖွင့်ရင်ဖွင့်လိုက်။ ကိုယ်ရဲ့ခံစားချက်တွေကို ရှက်နေစရာမလိုပါဘူး။
♡.မျှော်လင့်ချက်တွေကိုရုတ်သိမ်းပါ🕯
အချစ်ရေးမှာ နာကျင်ရတာဘာကြောင့်လည်းဆို မျှော်လင့်ချက်တွေများလို့ပါ။ ဒါပေမယ့် ချိုတို့က မမှတ်ကြဘူး။ အသဲကွဲပြီးတာတောင် မျှော်လင့်ချက်ကိုတော့ လက်လွတ်မချနိုင်ဘူး။ သူငါ့ကို ချစ်နေသေးမှာပဲ။ ပြန်စလို့ရချင်ရမှာပဲဆိုတဲ့ အတွေးတွေနဲ့ အဲဒီမျှော်လင့်ချက်ကြီးကို ဆုပ်ကိုင်ထားသရွေ့တော့ heal ဖြစ်မှာမဟုတ်ဘူး။
➸ အဲဒါကြောင့် အရှိကိုအရှိအတိုင်းလက်ခံလိုက်ပါ။ သူနဲ့ကိုယ်နဲ့ တကယ်ပြီးဆုံးသွားပြီဆိုတာ လက်ခံလိုက်ပါ။ အဲလိုလက်ခံနိုင်ဖို့ဆိုတာ နာကျင်ရတယ်ဆိုတာ ချိုသိတယ်။ ဒါပေမယ့် အဲ့တောင်ကိုကျော်နိုင်မှ ချိုတို့ ပြန်ပျော်ရွှင်နိုင်မှာပါ။
♡.ကိုယ့်ကိုယ်ကိုယ် ပိုချစ်ပါ💗
ဟိုနေ့က ချိုဖတ်လိုက်ရတဲ့စာလေး အရမ်းကောင်းတာပဲ။ “မင်းကိုယ်မင်း20%ပဲချစ်ရင် တစ်ခြားသူတစ်ယောက်က မင်းကို 30%လေးချစ်ပေးရင်ကို 'ဟာ အများကြီးပဲ' ဆိုပြီး ကျေနပ်လိမ့်မယ်။ ဒါပေမဲ့ မင်းကိုယ်မင်း 100% ချစ်တဲ့အခါမှာတော့ တစ်ခြားသူတွေရဲ့ အချစ်ဟာ မင်းအတွက် မရှိမဖြစ်လိုအပ်နေတာ မဟုတ်ဘူးဆိုတာ သိလာလိမ့်မယ်တဲ့။”
self loveက လူတစ်ယောက်အတွက် အရမ်းအရေးကြီးတယ်။ အဲဒါက selfish ဖြစ်တာမဟုတ်ဘူး။ ကိုယ့်အတွက် ဘယ်ဟာကကောင်းလဲ၊ မကောင်းလဲဆိုတာ သေချာသိပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်တာ၊ ထိန်းကျောင်းပေးတာမျိုး။ self love ပြည့်၀တဲ့လူတစ်ယောက်ဟာ သူကိုယ်သူ ဘယ်လိုချစ်ရမလဲ သိသလို အခြားသူတစ်ယောက်ကို ဘယ်လိုချစ်ပေးရမလဲဆိုတာလည်း သိတယ်။
➸ ချိုသူငယ်ချင်းပြောသလို နင် ခွက်မှာတောင်အပြည့်မရှိပဲနဲ့ တစ်ခြားသူခွက်ကို သွားဖြည့်ပေးမနေချင်စမ်းနဲ့တဲ့။ သူပြောတာလေးကိုကြားပြီး ချိုအမြင်မှန်ရသွားတယ်။
အရင်ကချိုက ကိုယ့်ချစ်သူကိုချစ်ပေးနေရရင် ပြည်စုံပြီထင်ထားတာ။ တကယ် ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ကျ မေ့လျော့နေတတ်တာ။ တကယ်လို့ ကိုယ်ကချစ်ပေးချင်ပေမယ့် ချစ်စရာလူမရှိတော့ဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ်သာ ပိုချစ်လိုက်ပါ။ သူမပါလည်း တစ်ယောက်ထဲ ပျော်ရွှင်နိုင်ပါတယ်။
♡.သူ့ကိုရော၊ကိုယ်ကိုရောကို ခွင့်လွတ်လိုက်ပါ☘️
အသဲကွဲပြီးရင် လူနှစ်မျိုးနှစ်စား ကွဲသွားတယ်။တစ်ဖက်သူကို အပြစ်တင်တတ်တဲ့သူနဲ့ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်တဲ့သူ။ ဘယ်သူပဲအပြစ်လုပ်ခဲ့လုပ်ခဲ့ လမ်းခွဲပြီးနောက်မှာတော့ ချိုတို့လုပ်လို့ရတာက ခွင့်လွတ်ပေးဖို့ပဲ။
“ချိုရယ် သူကခွင့်မလွှတ်နိုင်တဲ့ လုပ်ရပ်တွေလုပ်ခဲ့တာ” ဘာညာပြောတဲ့သူတွေအတွက်ကျ ချိုပြောချင်တာက သူတို့ကိုခွင့်လွတ်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် လွတ်မြောက်ခွင့်ပေးလိုက်တာပါပဲ။ ကိုယ်က သူ့ကိုမုန်းတဲ့စိတ်၊ နာကျည်းတဲ့စိတ်တွေပဲ စိုးမိုးပြီး ခွင့်မလွတ်ရင် ဘယ်သူနာကျင်ရလဲ..?ဘယ်သူစိတ်ညစ်ရလဲ..?
ကိုယ်ပဲနာကျင်ရတာလေ။
ကိုယ်က အဲ့လိုနာကျင်မှုနဲ့ မထိုက်တန်ပါဘူး။ အဲဒါကြောင့် သူ့ကိုရော ကိုယ့်ကိုယ်ကိုယ်ရော ခွင့်လွှတ်လိုက်ပါ။ Healingရဲ့ နောက်ဆုံး အဆင့်က Let it go ပူဖောင်းတစ်ခုကို မြင်ယောင်ကြည့်လိုက်ပါ။ အဲထဲမှာ သူ့ကိုချစ်တဲ့စိတ်တွေရော၊ နာကျည်းတဲ့စိတ်တွေရော၊ မုန်းတဲ့စိတ်တွေ အကုန်လုံးကို ထည့်လိုက်တယ်လို့ တွေးပါ။ ပြီးရင်တော့ အဲပူဖောင်းကို လွှတ်လိုက်ပါတော့။ အဲဒါ ကိုယ့်အတွက် ပိုသက်သောင့်သက်သာ ဖြစ်သွားစေမှာပါ။
No matter how heavy your heart feels, it’s okay. What truly matters is finding your way back to a smile.🫀
Keep Reading