Rose(Mal Nu)
အိပ်မပျော်တဲ့ ညကို ပြောပါဆိုရင် ကျွန်မ အမျိုးသားမရှိတဲ့ ညတွေလို့ပြောရမယ်...အမျိုးသားရှိတဲ့ညတွေဆို အမြဲလုံခြုံနွေးထွေးမှုအပြည့်ရှိတယ်..
ကျွန်မမှာဖြစ်နေတဲ့စိတ်ကျရောဂါကြောင့်လားမသိဘူး...အရင်ဆို အမျိုးသားမရှိလည်း မကြောက်တတ်တဲ့ကျွန်မက အခုဆို ကြောက်စိတ်တွေဝင်လာပြီး ညဆို အိပ်မပျော်ဘူး...အိပ်ပျော်သွားလို့ တစ်ရေးနိုးရင် အသံတွေကြားရတယ်...အခန်းတံခါးကို လာဖွင့်တဲ့အသံ....အခန်းထဲကို တစ်ယောက်ယောက်က ဝင်လာသလိုလို...နာရီလက်တံ သွားတဲ့အသံဆို အကျယ်ကြီးကြားရတယ်...အိပ်မက်လိုလို တစ်ကယ်ဖြစ်နေသလိုမျိုးတွေ ဆက်တိုက်ခံစားလာရတယ်...
အမျိုးသား Night Duty ဆင်းရတဲ့ ညမျိုးဆို ဖြစ်တယ်...သူရှိနေရင် ခြင်ထောင် ထောင်ပေးတာတောင် မသိတော့တာမျိုး...အိပ်မောကြပြီး ဘာမှမသိလိုက်ဘူး...
အမျိုးသားမရှိတဲ့ ညတွေဆို ကောင်းကောင်းအိပ်မပျော်သလို လုံခြုံမှုမရှိဘူးလို့လည်းခံစားရတယ်...
အယ့်လိုညတွေနဲ့ ရင်မဆိုင်ချင်ေတာ့ဘူး...အိပ်မပျော်ခြင်းများစွာနဲ့ စိတ္တဇညတွေလည်း ကုန်ဆုံးချင်နေပါပြီရှင်...
Rose(Mal Nu)
20.12.2024
Keep Reading