Hsu Wai Wai Aung (Sue Sha May)
စိတ်ဒဏ်ရာတွေကို ကုစားတဲ့ အလုပ်မှာ အချိန်ဟာ အရေးပါတာ မှန်ပေမဲ့ အချိန်က အရာရာကိုတော့ မကုစားဘူးနော်။
လူတိုင်းပြောတတ်ကြတဲ့ စကားတစ်ခုရှိတယ်။ နှစ်သိမ့်တဲ့ စကားပေါ့။
"အချိန်က အရာရာကို ကုစားပါလိမ့်မယ်"ဆိုတဲ့ စကားပေါ့။
မှားလားဆိုတော့ မမှားပါဘူး။ စိတ်ဒဏ်ရာတွေကို ကုစားတဲ့ အလုပ်မှာ အချိန်နဲ့ အခန်းကဏ္ဍက အရေးပါတာကိုး။ ဒါပေမဲ့ အချိန်တစ်ခုထဲနဲ့တော့ အလုပ်မဖြစ်ဘူး။ အချိန်က အရေးပါတာပဲဆိုပြီး အချိန်ကိုပဲ ထိုင်စောင့်နေလို့ကတော့ ဘာမှဖြစ်မလာဘူး။ လူတွေဟာ အချိန်အတိုင်းအတာတစ်ခု ကြာလာတာနဲ့အမျှ စိတ်ခံစားချက်တွေ တည်ငြိမ်လာတယ်၊ အနည်ထိုင်လာတယ်ဆိုတာ မှန်ပေမဲ့ မဖြေရှင်းရသေးတဲ့ စိတ်ဒဏ်ရာတွေက ဒီအတိုင်းလေး အနည်ထိုင်နေရုံသက်သက်ပဲ။ မဖြေရှင်းသ၍ မပြေလည်ဘဲ အောက်မှာ အနည်ထိုင်နေရုံပါပဲ။
လူတစ်ချို့က အချိန်က အရာရာကို ကုစားမှာပဲ ဆိုပြီး အချိန်ကိုပဲ စောင့်ကြတယ်။ ကုစားရမဲ့ အလုပ်တွေကိုကျ မလုပ်ကြဘူး။ အဲဒီတော့ ရှေ့ဆက်သွားရမဲ့အစား ပူဆွေးသောကတွေနဲ့ စိတ်ဒဏ်ရာ ရစေခဲ့တဲ့ အဖြစ်အပျက်တွေကြားမှာပဲ သံသရာလည်နေတတ်တယ်။ စိတ်ဒဏ်ရာတွေကို လက်သင့်မခံနိုင်ဘဲ ငြင်းဆန်ရင်းပဲ ကိုယ့်စိတ်နဲ့ကိုယ် ရုန်းရင်းဆန်ခတ် ဖြစ်နေတတ်တယ်။
ဒါမှမဟုတ်လည်း လွဲမှားတဲ့ နည်းလမ်းတွေနဲ့ ကုစားနေမိတတ်တယ်။ စိတ်ညစ်လို့ အရက်သောက်တာ ပိုပြီး စိတ်ညစ်သွားတယ် ဆိုတာမျိုးတွေပေါ့။ အရက်တွေသောက်တယ်၊ ဆေးဝါးတွေ သုံးမယ်၊ မိိမိကိုယ်မိမိ မကောင်းတဲ့အရာတွေနဲ့ နှိပ်စက်ရင်း စိတ်ဒဏ်ရာတွေကို လွဲမှားစွာ ဖြေရှင်းနေတတ်တယ်။
နောက်တစ်ခုက Closure ရဖို့ စိတ်သက်သာရာ ရဖို့ကိုပဲ အရမ်းစိတ်နှစ်ထားနေမိတတ်ပါတယ်။ အမှန်တရားက နားဝင်တော့ဆိုးပေမဲ့ လူတိုင်း closure မရနိုင်ပါဘူး။ ဘာကြောင့်လဲဆိ
Unlock to read this premium article with 100 points.