Pyae Sone Aung
အိပ်ဆေး
--------------
ဆေးဆိုင်စဖွင့်တာ မကြာသေးတော့
အရောင်းပါးလှတယ်။
အခုမှ တစ်လစွန်းစွန်းသာ ရှိသေး။
မလှူတတ်စျေးရောင်းဆိုပေမဲ့ ဝယ်သူကို
မျှော်ရတာလည်း တကယ့်အကုသိုလ်ပါပဲ။
တစ်ပါးသူ အနာအဖျား ရောဂါတစ်ခုခုဖြစ်မှ
ဆေးဆိုတာ ရောင်းရတာကိုး။
" အစ်ကို... "
"ဗျာ"
ဆိုင်ထဲ ဝင်လာပြီး ရုတ်တရက်ခေါ်လိုက်သံကို
အလိုက်တသင့်ထူးလိုက်ရပေမဲ့ စိတ်ထဲတော့
ရယ်ရခက် ငိုရခက်။ တကတဲဗျာ။
အသက်က ကျုပ်အဖေအရွယ်လောက် ရှိနေပြီ။
သူက ကျုပ်ကိုများ အစ်ကိုတဲ့။ တယ်ခက်။
" ကဲ ဦးလေး ဘာအလိုရှိသလဲဗျ"
"ကျွန်တော် ညညဆို အိပ်မပျော်ဘူး
ဖြစ်ဖြစ်နေတယ်ဗျာ အစ်ကိုရာ"
ကိုယ်က သူ့ကို ဦးလေးလို့ အလိုက်တသိ
ခေါ်တာတောင် ကျုပ်ကို အစ်ကိုလို့ ခေါ်တုန်းပဲ။
ဒီလူတော့ ခက်တော့ခက်နေပြီလို့ တွေးရင်း
ဆေးကတ်တစ်ခုကို ထုတ်ပြီး သူ့ကို ပြလိုက်တယ်။
"ဒီဆေးသာ ညတိုင်းဆောင်ထား ဦးလေး၊
အိပ်မပျော်တဲ့အခါမျိုးပေါ့၊ တစ်လုံးဆို
တစ်လုံးဆိုသလောက်ကို စွမ်းတာ ၊ တုံးခနဲပဲ"
ဆေးကတ်တစ်ကတ်လုံး သူ့ကို လှမ်းပေးလိုက်တယ်။ သူလည်း ဆေးကတ်ယူပြီးတာနဲ့ သုတ်ခနဲ
လှည့်ထွက်တာ မြန်ရော။
"ဦးလေး... ဆေးဖိုးရှင်းဦးလေဗျ"
ဆိုင်ထဲကနေ လှမ်းတောင်းတာ မမီတဲ့အဆုံး
ဆိုင်ပြင်ထွက်ပြီး လှမ်းခေါ်တာတောင်
နောက်လှည့်မကြည့်ဘူး။ ဘယ်လိုလူပါလိမ့်။
ဒီခေတ်ကြီးထဲ ဒီလိုလူတွေရှိတာ ခက်တော့ခက်သား။ အခုတော့ အရင်းမရတဲ့အပြင်
အသားထဲကတောင်ထွက်သွားပြီ။
နောက်နှစ်ရက်ကြာတော့ အဲ့
Unlock to read this premium article with 10 points.