မောင်ဘုန်းမြင့်(သဘာဝ)
နေရာတိုင်းမှာတော်တဲ့သူဆိုတာ လောကမှာမရှိပါဘူး...။
သူ့နေရာနဲ့သူ၊ သူ့နယ်ပယ်နဲ့သူပဲ တော်ကြပါတယ်...၊
ကျွမ်းကျင်ကြပါတယ်...။
ဥပမာ - လေပေါ်မှာပျံဝဲနေတဲ့ ငှက်ကလေးတစ်ကောင်ကို ရေကူးကျွမ်းကျင်တဲ့ ငါးကလေးတစ်ကောင်နဲ့ ရေကူးပြိုင်ခိုင်းလို့မရသလိုပဲပေါ့...။
ငှက်ကလေးက လေပေါ်မှာပဲပျံတက်တယ်...။
သူ့နယ်ပယ်ဖြစ်တဲ့ လေပေါ်မှာ သူကကြိုက်သလိုပျံလို့ရတယ်...။
ဒါပေမဲ့ သူက ရေကူးမတက်ဘူး...။ (သူ့နယ်ပယ်မဟုတ်တော့...)
တကယ်လို့ သူက ရေကူးတက်တယ်ဆိုရင်တောင် ငါးကလေးလောက်မြန်နိုင်မှာမဟုတ်ဘူး...။
ငါးကလေးကို မှီနိုင်မှာမဟုတ်ဘူးလေ...။
အဲ့ဒီလိုပဲ ဘောလုံးအားကစားကို အားသန်တဲ့သူ၊ ဘောလုံးအားကစားကိုပဲ စိတ်ဝင်စားတဲ့သူ၊ ဘောလုံးအားကစားမှာတော်တဲ့သူတစ်ယောက်ကို ဆေးပညာမှာ အားသန်တဲ့သူ၊ ဆေးပညာကို စိတ်ဝင်စားတဲ့သူ၊ ဆေးပညာမှာ တော်တဲ့ ဆရာဝန်နဲ့နှိုင်းယှဥ်လို့မရသလို အင်ဂျင်နီယာပညာမှာ အားသန်တဲ့သူ၊ အင်ဂျင်နီယာပညာရပ်ကိုပဲ စိတ်ဝင်စားတဲ့သူ၊ အင်ဂျင်နီယာပညာရပ်မှာတော်တဲ့ အင်ဂျင်နီယာနဲ့လည်း နှိုင်းယှဥ်လို့မရပါဘူး...။
သူအားသန်ပြီးစိတ်ဝင်စားတဲ့ ဘောလုံးအားကစားဟာ သူ့နယ်ပယ်ပဲမို့ သူကအဲ့ဒီနယ်ပယ်မှာပဲ အဆင်ပြေလိမ့်မယ်...၊ အဲ့ဒီနယ်ပယ်မှာပဲ တော်လိမ့်မယ်...။
ဥပမာ - ရော်နယ်ဒို၊ မက်ဆီ၊ နေမာ တို့ကို ခွဲစိတ်ဆရာဝန်အနေနဲ့ ဆေးရုံမှာလူနာကို ခွဲစိတ်ခိုင်းလို့မရသလိုပဲပေါ့...။
အဲ့တာကြောင့် ကိုယ်စိတ်အားထက်သန်တဲ့နယ်ပယ်ကိုရှာပါ...။
လူတစ်ယောက်မှာ အားသန်တဲ့နယ်ပယ်ဆိုတာ ရှိကိုရှိတယ်...။
ကိုယ့်ကိုယ်ကို အသုံးမကျဘူးလို့ မြင်မနေနဲ့တော့...။
ကိုယ်ကသူများတွေလို ဘယ်မှာမှတော်မနေဘူး ဆိုတဲ့အတွေးကိုလည်း ထားခဲ့လိုက်တော့...။
လူတိုင်းမှာ အားသန်တဲ့နယ်ပယ်ရှိတာမို့ အခုချိန်ကစပြီး
ကိုယ်အားသန်ပြီး စိတ်ဝင်စားတဲ့နယ်ပယ်က ဘယ်နယ်ပယ်လဲ...ဆိုတာကိုမြန်မြန်ရှာလော့...။
ကိုယ်အားသန်တဲ့နယ်ပယ်ကို မြန်မြန်ရှာတွေ့ကြပြီး အောင်မြင်မှုတွေဆွတ်ခူးနိုင်ကြပါစေ...။
မောင်ဘုန်းမြင့်(သဘာဝ)
Keep Reading