Hein Zaw
လူတစ်ယောက် ချမ်းသာတယ်၊ ချို့တဲ့တယ်ဆိုတာ သူ့ရဲ့မိသားစုနဲ့လည်း အများကြီးဆိုင်ပါတယ်။ မိသားစုက အထောက်အပံ့ကောင်းကောင်းပေးနိုင်မယ်၊ ငွေကြေးဆိုင်ရာအသိပညာလည်းပေးနိုင်မယ်ဆိုရင် ချမ်းသာကြွယ်၀ဖို့အလားအလာများပြီး မိသားစုက ငွေကြေးချို့တဲ့မယ်၊ ငွေကြေးအသိပညာလည်း အားနည်းမယ်ဆိုရင် ငွေကြေးကျပ်တည်းဖို့၊ ဆင်းရဲနွံနစ်ဖို့ အလားအလာများပါတယ်။
ကျွန်တော်တို့ မျိုးရိုးအလိုက်ချမ်းသာကြွယ်၀မှု (Generational Wealth) ရှိတဲ့သူတွေကို တွေ့ဖူးသလို မျိုးရိုးအလိုက်အကြွေးနွံနစ်နေတဲ့သူတွေကိုလည်း ကိုယ့်ပတ်ဝန်းကျင်မှာ သတိထားမိလိမ့်မယ်။ အထူးသဖြင့် ဆင်းရဲမှုနှုန်းမြင့်မားတဲ့ဒီနိုင်ငံမှာ ဒီပြဿနာကို ထင်ထင်ရှားရှားတွေ့ရလိမ့်မယ်။
ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ မျိုးရိုးစဉ်ဆက်ကြွေးမြီထောင်ချောက်ထဲပိတ်မိတယ်ဆိုတာ အဓိကအားဖြင့် မိဘတွေ အထူးသဖြင့် ၀င်ငွေနည်းမိဘတွေအနေနဲ့ မိသားစုစားဝတ်နေရေးအတွက်နဲ့ ကလေးပညာရေးစရိတ်တွေ မလုံလောက်တဲ့အခါ ဘဏ်ကနေချေးကြတယ်။ ချေးတဲ့အခါ သူတို့ရဲ့ နာမည်နဲ့ Credit Card ချေးငွေမရနိုင်တော့ဘူးဆိုရင် သားသမီးတွေရဲ့ နာမည်တွေနဲ့ Credit Card လုပ်ပြီးချေးကြတာတွေရှိတယ်။
အဲဒီချေးငွေတွေက အချိန်တန်လို့ ပြန်မဆပ်နိုင်တဲ့အခါ သားသမီးတွေရဲ့ Credit Score ကိုပါ အော်တိုထိခိုက်လာပါတယ်။ Credit Score ဆိုတာကတော့ တိုတိုပြောရရင် ဘဏ်ကနေငွေချေးပြီးရင်ပြန်ဆပ်တဲ့ရာဇဝင်က ဘယ်လိုရှိသလဲဆိုတာကိုဖော်ပြတဲ့ အဆင့်သတ်မှတ်ချက်ပေါ့။ အကြွေးပုံမှန်ပြန်ဆပ်နိုင်ရင် Credit Score ကောင်းပြီး အကြွေးပုံမှန်ပြန်မဆပ်နိုင်ဘူးဆိုရင် Credit Score မကောင်းဘူးပေါ့
Unlock to read this premium article with 100 points.