Zwe Yarzar(Content Writer)
Marketing မှာ Display လို့ခေါ်တဲ့ ခင်းကျင်းပြသတဲ့ပုံစံ ထိရောက်ဖို့က အရမ်းအရေးကြီးတယ်
ကိုယ်ရောင်းမဲ့ ကုန်ပစ္စည်း၊ ကိုယ်ရောင်းမဲ့ Product နဲ့ ပတ်သက်ပြီး ဘယ်လိုပုံစံခင်းကျင်းပြသမလဲဆိုတာ သေချာစီစဉ်ထားရမယ်။
ကိုယ်ခင်းကျင်းပြသထားတဲ့ ပုံစံအပေါ် မူတည်ပြီး Customer တွေအပေါ် ဆွဲဆောင်နိုင်မှုဟာ ကွာခြားသွားတယ်။
ဒါကတော့ City Mart တစ်ခုမှာ ဖရဲသီးကို အသည်းပုံစံလေး ပြုလုပ်ပြီး ရောင်းချနေတဲ့ပုံပါ။ဒီမှာဆို သူပြထားတဲ့ ပုံစံကို ကြည့်ပြီး ဖရဲသီးဝယ်ဖို့ အစီအစဉ်မရှိတဲ့သူဆိုရင်တောင် ဝယ်ယူချင်စိတ်ပေါက်သွားနိုင်တဲ့ ပုံစံမျိုး ဖန်တီးပြုလုပ်ထားတာကို တွေ့ရတယ်။
အဲ့လိုပဲ ကျွန်တော်တို့ ရပ်ကွက်ထဲက တချို့ အိမ်မုန့်ဆိုင်လေးတွေဆိုရင် လေဖောင်းမုန့်ထုပ်လေးတွေကို တစ်ထုပ်ချင်းစီ ကဒ်လေးတွေနဲ့ စီစီရီရီ ချိတ်ဆွဲထားတာ မြင်ဖူးကြမလား မသိဘူး။ ကျွန်တော်ဆို အဲ့လိုဆိုင်မျိုးတွေ မြင်မိရင် ဝင်ဝယ်ချင်စိတ် ပေါက်ပေါက်သွားတယ်။
သူများနဲ့မတူဘဲ ဆန်းသစ်တဲ့ idea နဲ့ ပြသထားတဲ့ Product တွေဆို မရောင်းရရင်တောင်မှ အနည်းဆုံးတော့ လူတွေရဲ့ Awareness သတိထားမှုတော့ ရရှိစေတယ်။
ဒါကြောင့် Marketing လုပ်ရမှာ ကိုယ်ရောင်းမဲ့ ကုန်ပစ္စည်းကို လူတွေ စိတ်ဝင်စားလာအောင်၊ဝယ်ချင်လာအောင် ပုံဖော်ပြသနိုင်ဖို့ လိုအပ်တယ်။
Online Business တွေအနေနဲ့လည်း ကိုယ်ရောင်းမဲ့ ကုန်ပစ္စည်းကို Online ပေါ်မှာ ပုံရိုက်ပြီးပြသတဲ့အခါ သာမန်ကာလျှံကာမျိုး မလုပ်ဘဲ ဆွဲဆောင်မှုရှိတဲ့ ပုံတွေဖြစ်အောင် အလေးထားပြုလုပ်သင့်ပါတယ်။
ဒါကတော့ Marketing မှာ ကုန်ပစ္စည်းပြသပုံနဲ့ ပတ်သက်ပြီး အရေးပါတာကို ကျွန်တော်တွေးမိသလောက်လေး မျှဝေပေးခြင်းဖြစ်ပါတယ်။
Content Service အပ်နှံချင်ပါက
☎ Ph - 09 958 266 204 ကို ဆက်သွယ်ပြီး
ဈေးနှုန်းနဲ့ Package တွေ စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ 🤝🤝
The Royal Telegram Channel Link 👇👇👇
https://t.me/theroyalcontentservice
https://t.me/theroyalcontentservice
Keep Reading