Thuta Sharing
တရားထိုင်ခြင်းက စိတ်ဖိစီးမှု လျှော့ချနိုင်တဲ့အပြင် အာရုံစူးစိုက်မှု တိုးတက်စေနိုင်တဲ့ အလေ့အကျင့်ကောင်းတစ်ခု ဖြစ်ပါတယ်။ မိနစ်ပိုင်းပဲ လုပ်နိုင်လည်း ကိုယ့်စိတ်ကို တည်ငြိမ်စေပြီး နေ့စဉ်ဘဝမှာ ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ တရားထိုင်ခြင်းက ဘယ်လိုကောင်းကြိုးတွေရလဲဆိုရင်
၁။ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှု လျှော့ချခြင်း 🔑
စိတ်ဖိစီးမှု များလာတဲ့အခါ ခန္ဓာကိုယ်ပင်ပန်းပြီး စိတ်မသက်သာတာတွေ ဖြစ်လာနိုင်ပါတယ်။ တရားထိုင်ခြင်းက အဲဒီ စိတ်ဖိစီးမှုတွေကို လျှော့ချပြီး ကိုယ့်စိတ်ကို ပိုမို အေးချမ်းစေနိုင်ပါတယ်။ သုတေသနတွေအရ တရားထိုင်သူတွေနဲ့ မတိုင်သူတွေအကြား နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တရားထိုင်သူတွေမှာ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှု ပိုနည်းတယ်ဆိုတာ တွေ့ရပါတယ်။
၂။ စိတ်တည်ငြိမ်မှုနဲ့ ပျော်ရွှင်မှု မြှင့်တင်ခြင်း 🦚
တရားထိုင်ခြင်းက ကိုယ့်စိတ်ကို ပိုမို ထိန်းချုပ်နိုင်စေပြီး ကိုယ်ခံစားနေရတဲ့ အရာတွေကို ပိုမို နားလည်စေပါတယ်။ အထူးသဖြင့် ကိုယ့်ဘဝနဲ့ ကိုယ့်ကိုယ်ကို ပိုမို တန်ဖိုးထားနိုင်စေတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ သုခချမ်းသာကို မြှင့်တင်ပေးနိုင်ပါတယ်။
၃။ အာရုံစူးစိုက်မှု တိုးတက်စေခြင်း 👀
နေ့စဉ်ဘဝမှာ ဖုန်းသံ၊ အလုပ်များနဲ့ အနှောင့်အယှက်တွေအများကြီးရှိတဲ့အတွက် အာရုံစိုက်ဖို့ ခက်တတ်ပါတယ်။ တရားထိုင်ခြင်းကတော့ အာရုံစူးစိုက်မှု တည်မြဲစေပြီး ကိုယ့်လုပ်ငန်းထဲမှာ ပိုပြီး ဦးစားပေးလုပ်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။
၄။ အိပ်စက်မှု အရည်အသွေး မြှင့်တင်ခြင်း 💤
ညအိပ်မပျော်တာ၊ အိပ်ရာထဲရောက်နေပေမယ့် စိတ်ထဲအတွေးပေါင်းများစွာနဲ့ တွေးမပြီးတာတွေ ခံစားဖူးကြမှာပါ။ တရားထိုင်ခြင်းက အဲဒီလိုတွေးခေါ်မှုတွေကို လျှော့ချနိုင်ပြီး ခန္ဓာကိုယ်နဲ့ စိတ်ကို အနားယူနိုင်အောင် ပြင်ဆင်ပေးနိုင်ပါတယ်။
၅။ ခန္ဓာကိုယ်ကျန်းမာရေးကို အထောက်အပံ့ပေးခြင်း 💊
စိတ်ဖိစီးမှုနဲ့ စိတ်ဖိအားတွေဟာ ခန္ဓာကိုယ်ကျန်းမာရေးကိုပါ သက်ရောက်နိုင်ပါတယ်။ သုတေသနတွေအရ တရားထိုင်ခြင်းက သွေးပေါင်ချိန်ကို လျှော့ချနိုင်တယ်၊ နှလုံးဖိအားကို ထိန်းညှိနိုင်တယ်၊ ခုခံအားစနစ်ကို တိုးတက်စေနိုင်တယ်ဆိုတာ တွေ့ရပါတယ်။
၆။ ကိုယ့်ကိုယ်ကို ပိုနားလည်စေနိုင်ခြင်း ♥️
တရားထိုင်ခြင်းက ကိုယ်ကိုယ်တိုင်အပေါ် ပိုမိုနားလည်လာစေပြီး ကိုယ့်စိတ်ထဲမှာ ရှိတဲ့ အတွေးတွေ၊ ခံစားမှုတွေကို ပိုမိုရှင်းလင်းစေနိုင်ပါတယ်။ ကိုယ့်ရည်ရွယ်ချက်၊ ကိုယ့်အနာဂတ်အတွက် တာဝန်ယူမှုတွေအပေါ် သဘောထားကောင်းမွန်လာနိုင်ပါတယ်။
၇။ တီထွင်ဖန်တီးမှု တိုးတက်စေခြင်း 🔨
တီထွင်ဖန်တီးမှုဆိုတာ မဖြေရှင်းရသေးတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ အရေးကြီးတဲ့ စွမ်းရည်တစ်ခုပဲ ဖြစ်ပါတယ်။ တရားထိုင်ခြင်းက စိတ်ကို ပိုပွင့်လင်းစေပြီး တီထွင်ဖန်တီးမှုတွေအတွက် အခွင့်အရေးများစွာ ဖန်တီးပေးနိုင်ပါတယ်။
တရားထိုင်ခြင်းက မဖြစ်မနေလုပ်ရမယ့် အလုပ်လို မဟုတ်ပါဘူး။ ဒါပေမယ့် မိနစ်ပိုင်းပဲ ဖြစ်ဖြစ် လေ့ကျင့်နိုင်ရင်ပဲ ဖြစ်ဖြစ် ကိုယ့်စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုအတွက် အများကြီး အကျိုးရှိနိုင်ပါတယ်။ မနေ့ကထက် ပိုကောင်းတဲ့ ကိုယ့်ကိုယ်ကို ဖန်တီးနိုင်ဖို့ ဒီနေ့ကတည်းက စလုပ်လိုက်ဖို့အကြံပေးချင်ပါတယ်။
Keep Reading