Ye Myint Aung (Kyi Maung)
အရုပ်တွေပြိုင်
အမှတ်ပြိုင်နဲ့
နုစဉ်ဘဝဟာ ကုန်ခဲ့တယ်။
အခန်းပြိုင်ကြ
အဆင့်ပြိုင်ကြနဲ့
ဆယ်ကျော်သက်လည်း ကုန်ခဲ့တယ်။
ချစ်သူပြိုင်ကြ
အလုပ်ပြိုင်ကြနဲ့
နှစ်ဆယ်ကျော်လည်း ကုန်ကြတယ်။
ပိုင်ဆိုင်တာပြိုင်
လက်တွဲဖော်ပြိုင်နဲ့
သုံးဆယ် အရွယ်ကုန်ကြတယ်။
ကလေးတွေပြိုင်
နေရာပြိုင်နဲ့
လေးဆယ်လေးလည်း ကျော်ကြတယ်။
သားဂုဏ်၊ သမီးဂုဏ်
ဆွေမျိုးဂုဏ်နဲ့
ငါးဆယ်ကိုလည်း ကျော်ကြတယ်
အိမ်တွင်နေကာ မြေးချီပါလို့
ခြောက်ဆယ်ကိုလည်း ကျော်ကြတယ်။
အိုမင်းဇရာ နာလာပါလည်း
ဆွေဂုဏ်မျိုးဂုဏ် စည်းစိမ်ဂုဏ်ဖြင့်
ခုနှစ်ဆယ်ကိုကျော်ကြတယ်။
ပြိုင်ကာသာနေ ဘယ်လိုပြေးလည်း
သေမင်းခေါ်ရာ ကောက်ကောက်ပါ၍
သံသရာမှာ ပြိုင်ကြတယ်
ဘယ်ခါငါတို့ ဆုံးအံ့နည်း။
#ကြည်မောင် - နှလုံးသားဖြင့်
#ကလောင်တဖန်မွေးဖွားခြင်း
#yemyintaung
Keep Reading