မောရိသျှ
လိုင်းပေါ်မှာ စာတွေ စရေးဖြစ်တော့ တခြားစာရေးသူတွေရဲ့ လူမှုကွန်ယက်စာမျက်နှာတွေနဲ့ ဖော်လိုဝါတွေကိုကြည့်ပြီး “ဝေါင်း သူတို့ဘဝက သာယာနေတာပဲ ငါ့ထက်မိမိုက်နေတာပဲ” လို့ အတွေးတွေ ဖြစ်ခဲ့ဖူးတယ်။
ကျွန်တော်တစ်ယောက်တည်းပဲ အဲဒီလို အတွေးမျိုး ဖြစ်တာတော့ မဟုတ်ပါဘူး။ ဘယ်သူမဆို ကိုယ့်ထက်သာနေတဲ့သူတွေနဲ့ အဖြစ်အပျက်တွေကို မြင်ရကြုံရတိုင်း အဲဒီလို အတွေးမျိုး ဖြစ်တတ်ကြပါတယ်။ ကိုယ့်ထက်သာနေလို့ မလိုစိတ်ဝင်တာမျိုး မဟုတ်ဘူးနော်။ အားကျစိတ် ဖြစ်သွားပြီး ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရစိတ် ဝင်သွားတဲ့နောက် သိမ်ငယ်စိတ် လိုက်လာတာမျိုးကို ပြောတာပါ။
“ငါ့မှာလည်း အဲဒီလို အိမ်ကြီးရှိရင် ပျော်ဖို့သိပ်ကောင်းမှာ”
“ငါ့မှာလည်း အဲဒီလို ကားမျိုးရှိရင် လျှောက်လည်ပစ်လိုက်မှာ”
“ငါသာ ဖော်လိုဝါ တစ်သိန်းရရင် အခုထက် ပိုပြီး ပို့စ်တွေ တင်ဖြစ်မှာ” စသဖြင့် အမျိုးမျိုး တွေးမိကြံမိတတ်ပါတယ်။ ဒါပေမဲ့ သေချာရဲ့လား။
ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်ရင် အဖြေက ရှင်းရှင်းလေးပါ။ တကယ်ပဲ ဖော်လိုဝါ တစ်သိန်းရှိရင် နဂိုထက် ပိုကြိုးစားမှာလား။ ဟင့်အင်းပါ။ ဘဝက ကိုယ့်စိတ်ထဲ ထင်လိုက်တာနဲ့ ဖြစ်သွားတာမျိုး မဟုတ်ပါဘူး။ ဘဝကြီးက ကိုယ့်စိတ်ထဲ ဘယ်လိုထင်ထင် ဘယ်လိုမြင်မြင် သူ့အကြောင်းနဲ့သူ ဖြစ်ချိန်တန်မှ ဖြစ်ခွင့်ပေးပြီး၊ ဖြစ်ကြောင်းမှန်မှ ဖြစ်အောင်လုပ်ဖို့ လှုံ့ဆော်တာပါ။ စိတ်သွားတိုင်း ကိုယ်မပါပါဘူး။
အပေါ်ယံတွေးကြည့်လိုက်ရင်တော့ မှန်ပါတယ်။ ပိုက်ဆံတွေရှိမယ်၊ ပိုင်ဆိုင်မှုတွေရှိမယ်၊ အချိတ်အဆက်ကောင်းတွေ၊ အဆက်အသွယ်ကောင်းတွေ ရှိနေခဲ့မယ်ဆိုရင် ဘဝကြီးက ခက်ခဲနေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီလို အခြေအနေရောက်ဖို့ဆိုရင်လည်း ပိုက်ဆံတွေ ရှိအောင် လုပ်ရဦးမှာပါ၊ ပိုင်ဆိုင်မှုတွေ တိုးလာအောင် ကြိုးစားရဦးမှာပါ။ အချိတ်အဆက်ကောင်းတွေ ရလာအောင် ပေါင်းသင်းဆက်ဆံတတ်ဦးမှ ဖြစ်မှာပါ။ အဆက်အသွယ်ကောင်းတွေ များလာအောင် ပေး ကျွေး ဖို့ ပို့ လုပ်ရဦးမှာပါ။ ဒီအတိုင်း အချိန်တန် ဖြစ်လာမယ့် အရာတွေ မဟုတ်ပါဘူး။
အောင်မြင်ချင်တယ်ဆိုတိုင်း စိတ်ပြင်းပျသလောက် ဘဝကြီး ပြောင်းလဲသွားတာမျိုး မဖြစ်ပါဘူး။ တကယ်လုပ်မှ တကယ်ရတာပါ။ တကယ်ဖြစ်ချင်မှတော့ တကယ်လုပ်မှ ဖြစ်မှာပါ။ အောင်မြင်တဲ့ စီးပွားရေးလုပ်င
Unlock to read this premium article with 100 points.