REN
စာပေဆိုတာ ရိုးရှင်းတဲ့စာသားတွေရဲ့ပေါင်းစပ်မှုသာမက ဘာသာစကားတစ်ခုရဲ့ အသက်အရွယ်တစ်ခုပါ။ လူ့ဘောင်ထဲမှာ မတူညီတဲ့အတွေးအခေါ်တွေ၊ ခံစားမှုတွေ၊ အသံတွေအများကြီး ရှိနေပါတယ်။ ဒါတွေကို စာသားနဲ့ဖန်တီးပေးနိုင်တာ စာပေ ပဲ။
စာပေက အတိတ်ကနေ ပစ္စုပ္ပန်ကို ဆက်သွယ်ပေးတဲ့ တံတားတစ်စင်းတစ်ခုစိုလည်းမမှားဘူး။
မြန်မာစာပေထဲမှာ အိုးချစ်၊ ရာဇတင်ကြီး၊ တောင်တန်းလူပြည်သူ စတဲ့ဝတ္ထုတွေဟာ တစ်ချိန်က လူနေမှုဘောင်ကို မှတ်တမ်းတင်ထားခဲ့တယ်။
တစ်ခြားနိုင်ငံတွေမှာလည်း Romeo and Juliet, 1984, The Great Gatsby လို ဝတ္ထုတွေက ခေတ်အခြေအနေကို သက်သေပြနေပါတယ်။
အချစ်, ဝမ်းနည်းမှု, ငြိမ်းချမ်းမှု, တမင်ပြုသောအရာများ… စသည်တို့ကို စာပေကတစ်ဆင့်ခံစားနိုင်သည်။
တစ်ခါတစ်လေ ကိုယ်တိုင်ဖြတ်သန်းဖူးသလို ခံစားရတဲ့စာသားတွေကြောင့် တကယ်ထိခိုက်နိုင်တယ်။
"စောစောပြန်ပြီး စောစော အိပ်လိုက်ပါ မနက်ဖြန်နိုးထလာတဲ့အခါ ပျော်ရွက်ခြင်းတွေက သင့်တီ အပြေးလာပါ့လိမ့်မယ် ။"
ဒီလိုစာသားတစ်ခုပဲဖြစ်ဖြစ်၊ ဝတ္ထုတစ်ပုဒ်တည်းပဲဖြစ်ဖြစ်၊ စာဖတ်သူရဲ့စိတ်ထဲမှာ တစ်စုံတစ်ရာ ခံစားမှုတွေ အမြဲကျန်နေတတ်ပါတယ်။
ခေတ်အလိုက် Social Media, AI, ChatGPT စတဲ့ နည်းပညာတွေပိုပေါ်လာတယ်စိုပေမယ့် စာပေဟာပျောက်ကွယ်သွားနိုင်မယ့်အရာတစ်ခု မဟုတ်ပါဘူး။
အင်္ဂလိပ်စာပေ၊ မြန်မာစာပေ, BL, Fantasy, Horror ဘာပဲဖြစ်ဖြစ်, တာရှည်ခံနိုင်တဲ့အရာအားလုံးက စိတ်နှလုံးထဲမှာ နေရာယူနိုင်တဲ့စာသားတွေ ပဲ။
ကိုယ်တိုင် စာဖတ်သူတစ်ယောက်ဖြစ်နေတဲ့အခါ အချစ်ကို သိနိုင်မယ်, လူသားချင်းစာနာမှုကို နားလည်နိုင်မယ်, တခြားတစ်ယောက်ရဲ့ဘဝကို သဘောပေါက်နိုင်မယ်။
ဒီအတွက် စာပေဟာ ရှင်သန်နေသင့်တယ်။
စာဖတ်သူတိုင်း, စာရေးသူတိုင်း, ကိုယ့်စကား ကိုယ့်အတွေး ကိုယ့်ခံစားချက် တွေကို ဖန်တီးသူတိုင်းက စာပေကို အသက်ရှင်စေသူတွေပါ။
#ကျေးဇူးတင်လျက်
#autor REN
Keep Reading