မောရိသျှ
တပဓမ္မဆရာကြီး ဆေဏိကက သူ့သူငယ်ချင်း လူစီးလီးယုစ်ဆီကို စာတွေအများကြီးပို့ခဲ့တာ၊ စာတစ်စောင်မှာဆိုရင် သူ့လူရဲ့ တိုးတက်မှုတွေအပေါ် သူ့အနေနဲ့ အတော်လေး ဝမ်းသာမိကြောင်း ပြောထားတာပါပါတယ်။ ပြန်တွေးကြည့်ရင် ဆေဏိကလိုပုဂ္ဂိုလ်မျိုးက တခြားလူတွေကို ဂရုမစိုက်ချင်လည်း ဖြစ်တဲ့ အနေအထားမျိုးနဲ့လူပါ၊ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကို အဖတ်လုပ်ပြီး ရေးကြီးတခွင် မုဒိတာပွားတဲ့ စကားမျိုးပြောပေးတယ်ဆိုက တည်းက အရေးကြီး အရေးပါတဲ့ မိမိကိုယ်ကိုယ် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အလေ့အကျင့်တစ်ခုဖြစ်ကြောင်း အထူးပြောနေစရာ မလိုလောက်တော့ပါဘူး။ သူတစ်ပါးရဲ့ အောင်မြင်မှု ကြီးပွားမှု တိုးတက်မှုတွေကို အသိ အမှတ်ပြု ချီးကျူးစကားပြောခြင်းက ကိုယ့်ကိုယ်ကိုယ် စိတ်ခွန်အားမြင့်တင်ရာ ရောက်ပါတယ်။
ဆေဏိကက ရောမမြို့ကြီးကို ကျောခိုင်းပြီး အောင်မြင်မှုတွေရော စီးပွားရေးတွေရော နိုင်ငံရေး ပတ်သက်မှုတွေကိုပါ ချန်ထားခဲ့ပါတယ်။ ဒါပေမဲ့ လူစီးလီးယုစ်ကျတော့ သူ့ဘဝကို အခုမှ စတင်ကာစဖြစ်ပြီး ဆေဏိကလိုမျိုး အရှိန် အဝါကြီးတဲ့သူ ဩဇာရှိ ဩဇာညောင်းတဲ့သူ ဖြစ်အောင် ကြိုးစားနေတုန်းဖြစ်ပါတယ်။ ဆေဏိကက တပဓမ္မ ဆရာဖြစ်နေတော့ သူ့အမြင်နဲ့ ခံစားချက်မှာ တဖက်လူတွေရဲ့ ကြီးပွားတိုးတက်မှုတွေအပေါ် မနာလို မရှုစိမ့်စရာအကြောင်း မရှိတော့ပါဘူး။ ဒါပေမဲ့ လူစီးလီးယုစ်ကျတော့ ဆေဏိကလိုမျိုး ချမ်းသာကြွယ်ဝမှု အရှိန်အဝါဩဇာ ကြီးမှုတွေရဲ့ အရသာကို ဝဝလင်လင်မခံစားဖူးသေးတဲ့အတွက မနာလိုစိတ် မရှုစိမ့်စိတ် မစ္ဆေရစိတ်တွေဖြစ်ကောင်း ဖြစ်လာနိုင်လို့လည်း ဆေဏိကက သူ့မိတ်ဆွေကို အချိန်ရှိခိုက် ရှေ့ဦးကတည်းက ဆုံးမစကားအမျိုးမျိုးနဲ့ သွန်သင်ထားခဲ့တာပါ။
ခေတ်ပြိုင်ကာလ ရောမသားတွေလို ပေါ်ပင်သမား ဖြစ်မသွားဘဲ၊ ဆေဏိက လိုချင်ဖြစ်စေချင်တဲ့ လူတော်လူကောင်းမျိုး ဖြစ်လာတဲ့အပြင် သူ့ထက်သာတဲ့ အရှိန်အဝါ ဩဇာတွေကို အုတ်မြစ်တည် ဖော်ဆောင်ထားနိုင်ခဲ့လို့ ဆေဏိကက တခုတ်တရ ချီးကျူးစကား လှမ်းပြောခဲ့တာပါ။
တစ်နေ့နဲ့တစ်နေ့ မနာလိုစိတ်တွေ မရှုစိမ့်စိတ်တွေကြောင့် စိတ်ညစ်ညူးတာမျိုး ဖြစ်လေ့ရှိလားဗျ။ မောင်ရင်းနှမ ညီအစ်ကိုတွေထဲက တယောက် ရာထူးတိုးသွားလို့ အိမ်ထမင်းဝိုင်းမှာ မိဘဖြစ်သူတွေက ပြောမဆုံးဖြစ်နေတာကို အမြင်ကတ်တာမျိုး ဖြစ်ဖူးလား။ ဒါမှမဟုတ် ကိုယ့်ဘော်ဒါတွေထဲက ငကျွတ်တစ်ကောင် ကံကောင်းချင်တော့လည်း YouTube မှာ ပေါက်တက်ကရ ဗီဒီယိုတစ်ပုဒ်တင်လိုက်တာ တစ်ညတည်းနဲ့ ဟိုးလေးတကျော်ဖြစ်သွားပြီး ပေါက်သွားတာကို အမြင်ကတ်ဖူးလား။ ဒါမှမဟုတ် အလုပ်ဝင်တာလည်း အတူတူ၊ ရာထူးလည်း အတူတူပဲကို ကိုယ့်လုပ်ဖော်ကိုင်ဖက်က လစာတိုးပြီး နေရာကောင်းရသွားတာမျိုးအပေါ် မကျေမလည် ဖြစ်ဖူးလား။
မနာလိုစရာတွေကတော့ အများကြီးပဲပေါ့နော်။ အဲဒီလို ညစ်နွမ်းတဲ့စိတ်တွေ ဖြစ်လာရင် ဘာလုပ်လေ့ရှိလဲ။ ဘာလုပ်သင့်တယ်လို့ ထင်လဲ။ သေချာသလောက် အဲဒီလိုစိတ်တွေဖြစ်လာရင် စိတ်ပိုပင်ပန်းတယ်ဗျ။ စိတ်ပိုဆင်းရဲရတယ်။ စိတ်ညစ်ဖို့ကောင်းသွားရော။ ရင်ထဲအောင့်နေပြီး မကျေမချမ်းဖြစ်ရတယ်၊ အဲတာကိုမှ စိတ်ထဲအကြာကြီး စွဲတွေးမိသွားရင် သွားပြီပဲ၊ ဒေါသစိတ်တွေရော၊ အလိုမကျစိတ်တွေရော၊ တခုခုလုပ်ပစ်ချင်စိတ်တွေရော ဖြစ်ချင်းတိုင်း ဖြစ်သွားတယ်။
မနာလိုစိတ်က ကောင်းတဲ့စိတ် လုံးဝ မဟုတ်ပါဘူး။ ကျွန်တော်တို့အတွက် လုံးဝ အကျိုးမဖြစ်တဲ့ စိတ်ပါ။ မနာလိုစိတ်ကို မခံချင်စိတ်နဲ့ အထင်မှားတတ်ပါတယ်။ မခံချင်စိတ်က တဖက်လူရဲ့ တိုးတက်ကြီးပွားမှုအပေါ် မရှုစိမ့်တာမျိုး မဖြစ်ပါဘူး။ အတုယူလိုစိတ်နဲ့ ခံပျင်းစိတ်ကို တွဲပြီး ကြိုးစားလိုစိတ်ကို တိုးတက်အောင် မြှင့်တင်ပေးပါတယ်။ မနာလိုစိတ်ကျတော့ တစ်ဖက်လူရဲ့ တိုးတက်ကြီးပွားမှုအပေါ် စိတ်မလုံခြုံမှုတွေကြောင့် မရှုစိမ့်ဘဲ မုန်းတီးတတ်ပါတယ်၊ ခါးသီးစွာ ဆန့်ကျင်တတ်ပါတယ်။ ဟန်ဆောင်ပြီး ရွံမုန်းနေတတ်ပါတယ်။ အတုယူစိတ်ထက် အမြင်ကတ်စိတ်ကြောင့် ခံပျင်းစိတ်နဲ့တွဲပြီး အပြစ်တင်လိုစိတ်၊ အမှားထောက်လိုစိတ်တွေ မွေးမြူမိတတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော် လေ့လာထားနိုင်သလောက် သိရတာက တပဓမ္မဆရာတွေနဲ့ သူတို့သင်ကြားချက်တွေကလွဲရင် မနာလိုစိတ်ကို ဖိဖိစီးစီး ကိုင်တွယ်နိုင်တဲ့နည်းလမ်း တခြားဘယ်နေရာမှာမှ မတွေ့ရဘူးဗျ။
ဆေဏိကကတော့ သူတစ်ပါးရဲ့ တိုးတက်ကြီးပွားမှုတွေကို မြင်ရသိရကြားရတာနဲ့ မခံချင်စိတ်မွေးပြီး မုဒိတာပွား အတုယူလိုစိတ် မွေးရမယ်လို့ လူစီးလီးယုစ်ဆီ ပို့ခဲ့တဲ့ စာထဲမှာ ပြောထားပါတယ်
Unlock to read this premium article with 100 points.