KoZaw-Nway Oak Awl
မြန်မာလူမျိုးတို့ရဲ့ပျောက်ကွယ်မသွားအောင်ထိန်းသိမ်းသွားရမယ့်အမွေအနှစ်များထဲမှာတစ်ခုအပါအဝင်ဖြစ်တဲ့မြန်မာရိုးရာအတာသင်္ကြန်နဲ့ပတ်သတ်တဲ့အကြောင်းအရာများကိုရေးသားတင်ပြလိုပါတယ်။
လေ့လာမှုများအရသိရှိခဲ့ရတာကတော့သိကြားမင်းနဲ့ဗြဟ္မာမင်းတို့စစ်ခင်းခဲ့ကြရာဗြဟ္မာမင်းကစစ်ရှုံးခဲ့သဖြင့်ဗြဟ္မာကြီးရဲ့ဦးခေါင်းကိုဖြတ်ပြီးဗြဟ္မာကြီးကိုကွပ်မျက်ခဲ့ပါတယ်။ဒါပေမယ့်ဗြဟ္မာမင်းကအင်မတန်တန်ခိုးအရှိန်အဝါကြီးမားတဲ့အတွက်
ခေါင်းဖြတ်ခံထားရတဲ့ဗြဟ္မာမင်းရဲ့ဦးခေါင်းကိုပင်လယ်ထဲမှာမျှောလိုက်မယ်ဆိုရင်လည်းပင်လယ်ရေတွေကခမ်းခြောက်သွားနိုင်သလိုမြေကြီးပေါ်မှာထားမယ်ဆိုရင်လည်းမြေကြီးတွေကွဲအက်ပြီးမြေဆီလွှာတွေခမ်းခြောက်သွားနိုင်တယ်လို့လေ့လာမှုများအရသိရှိခဲ့ရပါတယ်။တကယ်လို့ဗြဟ္မာမင်းရဲဦးခေါင်းကိုမိုးကောင်းကင်ပေါ်ကိုပစ်တင်လိုက်မယ်ဆိုပြန်ရင်လည်းရာသီဥတုတွေဖောက်ပြန်နိုင်တယ်ဆိုတာကိုသိနေတဲ့သိကြားမင်ဟာဗြဟ္မာမင်းရဲ့ဦးခေါင်းကိုနတ်သမီးများကိုအလှည့်ကျကိုင်ထားကြဖို့တာဝန်ပေးခဲ့ပါတော့တယ်။အခုလိုတာဝန်ပေးခဲ့သလိုနတ်သမီးတစ်ပါးကနေတစ်ပါးဆီကိုတာဝန်လွှဲပြောင်းချိန်မှာမြန်မာ့ရိုးရာအတာသင်္ကြန်ကိုကျင်းပလေ့ရှိကြောင်းလေ့လာမှုများအရသိရှိမှတ်သားခဲ့ရပါတယ်။
သင်္ကြန်နဲ့ပတ်သတ်တဲ့ယဉ်ကျေးမှုတွေကတော့
ဒုလ္လာဘရဟန်းအဖြစ်သင်္ကန်ဝတ်ခြင်း၊လူကြီးသူမများကိုခေါင်းလျှော်ပေးခြင်း၊ခြေသည်းလက်သည်းများကိုညှပ်ပေးခြင်း၊တိရစ္ဆာန်များကိုဘေးမဲ့လွှတ်ခြင်း၊ဥပုဒ်သီလများဆောက်တည်ခြင်းနှင့်ရေကစားခြင်းများကိုစတဲ့ယဉ်ကျေးမှုများပဲဖြစ်ပါတယ်။
သင်္ကြန်နဲ့ပတ်သတ်တဲ့အဖြစ်အပျက်နဲ့အကြောင်းအရာကိုရေးသားတင်ပြရမယ်ဆိုရင်ဒီနှစ်ရဲ့ပျော်ပွဲရွှင်ပွဲတွေမပါတဲ့သင်္ကြန်ကိုရေးသားတင်ပြရလိမ့်လို့ထင်ပါတယ်။အဲဒီအကြောင်းအရာကတော့သင်္ကြန်ရက်မတိုင်ခင်ကာလကလှုပ်ခတ်သွားခဲ့တဲ့အင်အား(၇.၇)အဆင့်ရှိတဲ့မြေငလျင်တစ်ခုလှုပ်ခတ်သွားခဲ့တဲ့မြေငလျင်ကြီးရဲ့အရှိန်ကြောင့်အဆောက်အအုံများပြိုကျပျက်စီးခဲ့ရသလိုလူအသေအပျောက်များလည်းရှိခဲ့တဲ့အတွက်နိုင်ငံတော်စီမံအုပ်ချုပ်ေရးေကာင်စီအစိုးရကဒီနှစ်သင်္ကြန်ကိုပျော်ပွဲရွှင်ပွဲတွေမပါတဲ့ရိုးရာသင်္ကြန်အဖြစ်သာကျင်းပကြရမယ်လို့သတ်မှတ်ခဲ့သလိုမြို့တိုင်းနယ်တိုင်နဲ့ရွာတိုင်းမှာေပျာ်ပွဲရွှင်ပွဲမပါပဲသင်္ကြန်ကိုကျင်းပခဲ့ကြတာကတော့ဘယ်တော့မှမေ့ပျောက်မသွားစေမယ့်အဖြစ်အပျက်
ကတော့အမြဲတမ်းအတွက်သမိုင်းမှတ်တမ်းတစ်ခုအဖြစ်မှတ်တမ်းတင်ကျန်ရစ်နေခဲတော့မှာလည်းဖြစ်ပါတယ်။
ထိုပြင်ပုဂံခေတ်မြန်မာသင်္ကြန်အကြိုနေ့နဲ့ပတ်သတ်ပြီးပထမဆုံးလေ့လာတွေ့ရှိချက်အနေနဲ့ကတော့
ဥပေါသဓမင်းကြီးရဲ့ဦးခေါင်းဆေးမင်္ဂလာပြုလုပ်ရာကစတင်ခဲ့ကြောင်းလေ့လာသိရှိခဲ့ရသဖြင့်စာရှုသူများအကျိုးရှိစေနိုင်ခြင်းငှာရေးသားတင်ပြလိုက်ရခြင်းဖြစ်ပါသည်။
#ကိုဇော် နွေဥဩ
အမည်ရင်း=ကိုဇော်လင်းမောင်
ကလောင်အမည်=ကိုဇော် နွေဥဩ
ဖုန်းနံပါတ်=09957071377
စာမူအမျိုးစား=ပြိုင်ပွဲဝင်ဆောင်းပါးစာမူ
စာမူအမည်=ပျောက်ကွယ်မသွား၊အမွေအနှစ်များ
နေရပ်လိပ်စာ=အမှတ်(၉၉)၊မနော်ဟရီလမ်း၊
ဥယျာဉ်တောင်ရပ်ကွက်၊ဟင်္သာတမြို့
ကတိဝန်ခံချက်။ ။ကိုယ်တိုင်ရေးစာမူဖြစ်ပါသည်။
Keep Reading