ရှင်းရှင်း(သပြေ)
တစ်ခါတလေမှာ ကိုယ့်ကိုကိုယ် အားမရတာမျိုး
ကြုံဖူးကြမှာပါ
ရွယ်တူတွေနဲ့ ယှဉ်လိုက်ရင်
ကိုယ်က ဘာမှမဟုတ်တာမျိုး
ကိုယ့်ထက်ငယ်တဲ့သူတွေ၊
ကြီးတဲ့သူတွေနဲ့ယှဉ်လိုက်ပြန်ရင်လည်း
ကိုယ်က ဘာမှဖြစ်ဖြစ်မြောက်မြောက်
မရှိသလို ခံစားချက်မျိုးပေါ့
စဉ်းစားကြည့်လိုက်တော့
အဲဒီအတွေးတွေက ကိုယ့်ကိုကိုယ်
စိတ်သောကပေးသလို သိမ်ငယ်စေတယ်
မောင်းထုတ်လိုက်တာအကောင်းဆုံးပဲ
အဓိကက ကိုယ်ဘာလဲဆိုတာသိနေဖို့နဲ့
လုပ်စရာရှိတာ ပုံမှန်လုပ်နေဖို့ပဲ
ကိုယ်ယုံကြည်ရာအတွက်
အသက်ရှင်သန်နေရခြင်းဟာလည်း
အကောင်းဆုံးဆုလာဘ်ပဲမဟုတ်လား☕
Keep Reading