SarPhat Author
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘူးလား ?
ဘာကြောင့် ဒီလိုခံစားနေရတာလည်း ?
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် ဘယ်လိုလုပ်ရမလဲ ?
ဒီမေးခွန်း ( ၃ ) ခု လုံးဟာ ကိုယ်နဲ့ကိုက်ညီတယ်
တကယ်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့သူတစ်ယောက်အဖြစ် ရှင်သန်သွားချင်တယ်ဆိုရင်တော့ စာလေးကို ဆုံးအောင်ဖတ်သွားပါ ဆန့်ကျင်ဘက်ဆိုရင်တော့ တခါတည်းသာကျော်သွားလိုက်ပါ။ မဟုတ်ရင် အချိန်ကုန်ပြီး အကျိုးမရှိဖြစ်နေပါလိမ့်မယ်။
ယုံကြည်မှုဟာ ဘယ်ဆက်ဆံရေးမှာမဆို အရေးပါတဲ့အပြင် ကိုယ့်ရဲ့ personal ၊ professional life မှာပါ ပိုမိုတိုးတက်အောင်မြင်လာဖို့ များစွာအထောက်အကူပြုတယ်။
ယုံကြည်မှုရှိလာအောင် ဘယ်လိုလုပ်ရမလည်းဆိုတာမပြောပြခင် ဘာကြောင့် ယုံကြည်မှုမရှိရတာလဲ ?
လူစီတို့ မှားယွင်းစွာနဲ့ ရွေးချယ်မိမှာကို ကြောက်ရွံ့တာ၊ ဘယ်အရာက ငါ့အတွက် အကောင်းဆုံးဖြစ်မလည်းဆိုတာ ရွေးချယ်ဖို့ လူစီတို့တွေဟာ ကိုယ့်ရဲ့အရည်အချင်းအပေါ်မှာ ယုံကြည်မှုမရှိတဲ့အတွက် ရွေးချယ်မှုပြုလုပ်ရာမှာ ခက်ခဲတာကို တွေ့ရနိုင်ပါတယ်။ ဒီလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတဲ့သူတွေဟာ ကိုယ့်ရဲ့ လုပ်ရပ်၊ ေရွးချယ်မှုကို တခြားသူရဲ့ ထင်မြင်ယူဆချက်၊ အတည်ပြုချက်ကို ရယူတတ်ကြတယ်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတဲ့သူတွေဟာ အပျက်သဘောဆောင်တဲ့ ထင်မြင်ယူဆချက်တွေကိုသာစိတ်ကူးယဥ်ပုံဖော်လေ့ရှိကြတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိခြင်းရဲ့ သက်ရောက်မှုဟာဆိုရင် စိတ်ဓာတ်ကျခြင်၊ စိုးရိမ်ပူပန်တတ်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိတယ်လို့ ခံစားရပြီး အိပ်ဖို့လည်းခက်ခဲတတ်ကြပါတယ်။
ဆိုတော့ ကိုယ်ရွေးချယ်ချမှတ်ထားတဲ့ ပန်းတိုင်က်ိုပဲဖြစ်ဖြစ်၊ ဘယ်အရာမှာမဆို ယုံကြည်မှုရှိဖို့ ကြိုးစားရုန်းကန်နေရတယ်ဆိုရင်တော့ ဒီအချက်လေးတွေက စာဖတ်သူတွေကို များစွာအထောက်အကူဖြစ်ဆိုတာ ယုံကြည်ပါတယ်။
❶ ... မိမိကိုယ်ကိုယ် တခြားသူများနှင့် နှိုင်းယှဥ်တာကို ရပ်လိုက်ပါ။
?????? ????? ပေါ်မှာ ပေါ်လာတဲ့သူနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဥ်နေမိလား၊ ကိုယ့်သူငယ်ချင်တွေရဲ့ ဝင်ငွေ / အောင်မြင်မှုတွေနဲ့ နှိုင်းယှဥ်ပြီး ကိုယ့်ကိုယ်ကိုယ်အားမလိုအမရဖြစ်နေလား ဒါတွေက လူစီတို့ကို ယုံကြည်မှုရှိလာစေဖို့ အထောက်အကူမဖြစ်တဲ့အပြင် ဆန့်ကျင်ဘက်ကို ပိုပြီး အကျိုးသက်ရောက်ရှိစေပါတယ်။
လေ့လာချက်တွေအရပြောရရင် လူတွေဟာ မိမိကိုယ်ကိုယ် တခြားသူနဲ့ နှိုင်းယှဥ်တဲ့အခါမှာ မနာလိုခြင်းကို ခံစားရတယ်လို့ သုတေသီတွေက ပြောထားတာရှိတယ်။မနာလိုစိတ်ပိုဖြစ်လေလေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့ ပိုအားနည်းလေလေပါပဲ။ အာ့တော့ ဒီလိုသာ ဆက်တိုက် နှိုင်းယှဥ်နေမယ်ဆိုရင် လူစီတို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာအောင် ဘယ်လိုတည်ဆောက်ရတော့မှာလဲ ဟုတ်တယ်မလား ? ဒါကြောင့် ပထမဆုံးအနေနဲ့ ဒီလိုလုပ်နေတာဟာ ငါ့အတွက် ဘာအကျိုးမှ မရှိဘူးဆိုတာလူစီတို့ ကိုယ့်ကိုယ်ကိုယ် သတိပေးရပါမယ်။
?????? ????? မှာ လူတွေဟာ သူတို့ရဲ့ အကောင်းဆုံးအပိုင်းနဲ့ အဆိုးဆုံးအပိုင်းကိုသာ ချပြကြတယ်ဆိုတာ ကို လူစီတို့ သတိထားကြည့်နိုင်မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိလာဖို့အတွက် ဒါဟာ အောင်ပွဲတစ်ခုပါပဲ။
❷.... အကောင်းမြင်တတ်သူများနဲ့ မိမိကိုယ်ကိုယ် ဝန်းရံထားပါ။
လူစီတို့ တစ်နေ့တာ အတူရှိနေတဲ့သူတွေ ၊နောက်ပီး ကိုယ်အချိန်ပေးထားတဲ့သူတွေဟာ ဘယ်လိုလူတွေလဲ တချက် ပြန်သုံးသပ်ကြည့်ရအောင်။ ဒီလူတွေဟာ လူစီတို့ကို ဘယ်လိုခံစားရစေလည်း၊ မြှောက်ပင့်ပေးနေသလား၊ နှိမ့်ချဆက်ဆံနေသလား၊ လူစီတို့ရဲ့ အရှိအတိုင်းကို လက်ခံပေးနေသလား ဒါမှမဟုတ် ဝေဖန်အကဲဖြတ်နေသလား ဆိုတာ။ တစ်နေ့တနေ့ ကိုယ့်ဘေးနားမှာထားတဲ့သူတွေဟာ ကိုယ့်ဘဝ ပျက်စီးဆုတ်ယုတ်ဖို့ ရာခိုင်းနှုန်းများနေတဲ့သူဆိုရင် ကိုယ့်ဘက်က အရင် လက်ပြနှုတ်ဆက်တတ်ဖို့လိုပါတယ်။
အဲ့ဒီအစား ကိုယ့်ကိုယ်ချစ်တဲ့သူတွေ ကိုယ့်အတွက် အကောင်းဆုံးတွေကိုမှ လိုချင်တဲ့သူတွေနဲ့ ဝန်းရံလိုက်ပါ။ အပြုသဘောဆောင်တဲ့သူတွေကို ရှာဖွေပြီး ယုံကြည်မှုတည်ဆောက်ပါ။ ကိုယ့်ဘေးနားမှာ အကောင်းမြင်တတ်သူတွေနဲ့ ဝန်းရံပီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာဟာလည်း အပြုသဘောဆောင်တဲ့ စိတ်နဲ့တူတူပါပဲ။
❸....ခန္ဓာကိုယ်ကို ဂရုစိုက်ပါ။
လူစီတို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့အတွက်ဆိုရင် ကိုယ့်ရဲ့ ခန္ဓာကိုယ်ကိုလည်း နေ့စဥ်ဂရုစိုက်ဖို့လိုပါတယ်။မကျန်းမာတဲ့ ခန္ဓာကိုယ်ဟာ ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့ဘယ်အရာကိုမှ ဖန်တီးလို့ရမှာမဟုတ်ပါဘူး။ ဒါကြောင့် လူစီတို့ နေ့စဥ်စားသောက်နေတဲ့ အစားအသောက်တွေကို အထူးဂရုစိုက်ဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီဘက်ခေတ်မှာ အလွယ်တကူစားသောက်လ်ို့ရတဲ့ အစားအစာတွေများလာတဲ့အခါမှာ ကျန်းမာရေးနဲ့ ညီညွှတ်မျှတအောင် စားဖို့ဆိုတာ ခက်ခဲလာတယ်။
အဲ့တော့ ကျန်းမာရေးနဲ့ ညီညွှတ်မျှတအောင် နေထိုင်စားသောက်ခြင်ဟာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မှု၊ လေးစားမှုကို မြင့်မားစေတဲ့အပြင် ပိုကျန်းမာပြီး၊ ပိုသန်မာလာနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုတိုးလာစေပါတယ်။
နောက်ပီး တစ်နေ့မှာ မိနစ် ၃၀ လောက် ကိုယ့်ကိုယ်ကိုယ် အချိန်ပေးပြီး လေ့ကျင့်ခန်းလုပ်ပေးဖို့လဲ လိုပါတယ်။
တရားထိုင်ခြင်း _ တရားထိုင်ခြင်းဟာ လူစီတို့ရဲ့စိတ်ကိုအပန်းပြေစေရုံသာမက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မြင့်မားတိုးတက်လာစေဖို့ များစွာ အထောက်အကူပြုပါတယ်။ ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုဖို့ရန် နှင့် လက်ခံတတ်ဖို့ရန်လည်း ကူညီပေးနိုင်ပါတယ်။ နောက်ထပ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကိုပျက်စီးစေပြီး အပျက်သဘောဆောင်တဲ့ စကားလုံးတွေ ပြောဆိုခြင်းကိုပါ ရပ်တန့်စေပါတယ်။
အိပ်စက်ခြင်း _ အိပ်ရေးပျက်ခြင်းက စိတ်ခံစားမှုကိုထိခိုက်စေပါတယ်။ ဒါကြောင့် နှစ်ခြိုက်စွာအိပ်စက်ခြင်းဟာ အကောင်းမြင်စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားမှု အပါအဝင် အပြုသဘောဆောင်တဲ့ ကိုယ်ရည်ကိုယ်သွေးကို တိုးတက်မြင့်မားစေပါတယ်။
ဒီတော့ လူစီတို့အနေနဲ့ ဒီအချက်လေးတွေလုပ်နေတဲ့အချိန်မှာ လူစီတို့ရဲ့ စိတ် ၊ ခန္ဓာကိုယ်၊စိတ်ဓာတ်ကို အပြုသဘောဆောင်တဲ့အရာလုပ်နေတယ်ဆိုတာကို အသိအမှတ်ပြုပေးပါ။
❹....မိမိကိုယ်ကို ကြင်နာပါ။
လောကကြီးမှာ ကိုယ့်ကိုယ်ကိုယ် မကြင်နာတဲ့သူတွေကများပါတယ်။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် သနားကြင်နာခြင်းက လူစီတို့ အမှားလုပ်မိတဲ့အချိန်တွေ၊ ကျရှုံးတဲ့အချိန်တွေ၊ ပျက်စီးဆုတ်ယုတ်မှု တစ်ခုခုကြုံရတဲ့အချိန်တွေမှာ ဆိုရင် လူစီတို့ ကိုယ့်ကိုယ်ကိုယ် ဂရုဏာထားခြင်း၊ သနားကြင်နာခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် ခွင့်လွတ်နိုင်တဲ့အပြင် ဒဏ်ရာတွေကိုပါတခါတည်း Healing လုပ်ပေးရာရောက်ပါတယ်။ လူစီကတော့ ကိုယ့်ကိုယ်ကိုယ် ဂရုဏာထားပြီး သနားကြင်နာတတ်တဲ့အကျင့်လေးကို အောက်စဖိုဒ့်ဆရာတော် ဘုရားကြီးရဲ့ တရားတော်တွေနဲ့ လိုက်နာလေ့ကျင့်ခဲ့တာပဲ ဖြစ်တယ်။ စာဖတ်သူတွေအနေနဲ့လည်း ဆရာတော်ရဲ့ တရားတော်တွေနဲ့ လေ့ကျင်ကြည့်လို့ရပါတယ် ။ဒီလိုလုပ်ခြင်းဟာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးတက်စေပါတယ်။
❺....???????? ???? -???? ကို လေ့ကျင့်ပါ။
လူစီတို့ လူသားတွေတော်တော်များများဟာ ကိုယ့်ကိုယ်ကိုယ် ???????? ???? -???? တွေ ပြောတတ်ကြပါတယ်။ ဒါဟာ လူစီတို့ရဲ့ အရည်အချင်းတွေကို ကန့်သတ်ရာရောက်ပီး ကြုံတွေ့ရတဲ့ လောကဓံတွေကို မကိုင်တွယ် မဖြေရှင်းနိုင်ဘူးလို့ လူစီတို့ရဲ့ မသိစိတ်ကို ဆွဲဆောင်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျှော့နည်းစေပါတယ်။
အဲ့ဒီရဲ့ တခြားတဖက်ဖြစ်တဲ့ ကိုယ့်ကိုယ်ကိုယ် ???????? ???? -???? ပြောပေးခြင်းအားဖြင့် မိမိကိုယ့်ကိုယ် သနားကြင်နာမှုတိုးပွားစေပြီး သံသယစိတ်ကို တွန်းလှန်ကျော်လွှားနိုင်ပါလိမ့်မယ်။
ဥပမာ _ ❛ ငါဒါကိုမလုပ်နိုင်ဘူး ❜ ဆိုပြီးပြောမယ့်အစား ❛ငါ လုပ်နိုင်တယ် ❜ ၊ ❛ ငါ အကောင်းဆုံးကြိုးစားမယ်❜ ဆိုတာမျိုး ပြောင်းပြောကြည့်ပါ။
_ ❛ ငါ အမှားတွေလုပ်လိုက်မိပီ❜ ဆိုတာထက်
❛ ငါ နောက်တစ်ကြိမ်ပိုကောင်းအောင်လုပ်နိုင်တယ် ❜ ၊ ❛ ငါ ဒီအမှားကနေ သင်ခန်းစားတစ်ခုခု သင်ယူခဲ့ရတယ် ❜ ဆိုတာမျိုးပေါ့။
➏.... မိမိရဲ့ ကြောက်စိတ်ကို ရင်ဆိုင်လိုက်ပါ။
ကိုယ်က အလုပ်မှာရာထူးတိုးချင်တာလား၊ သူေဋ္ဌးကို လစာတိုးပေးဖို့ ပြောချင်တာလား၊ ဒါမှမဟုတ် ကိုယ်သဘောကျနေတဲ့ ကောင်မလေးကို ဖွင့်မပြောရဲနေတာပဲ ဖြစ်ဖြစ် ဒီအခြေအနေမှာ ယုံကြည်မှုတည်ဆောက်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ အကြောက်တရားကို ရင်ဆိုင်ဖြေရှင်းဖို့ပါပဲ။ လူစီတို့က ကိုယ်ကြောက်တဲ့အရာတစ်ခုနဲ့ ကြုံလာရပီဆိုရင် ????? ?? ?????? လုပ်တတ်ကြပါတယ်။ ဒါဟာ ပြဿနာကို ပြေလည်သွားစေတဲ့အရာမဟုတ်တဲ့အတွက် ဒါဟာ ငါ့အတွက် စမ်းသပ်မှုတစ်ခုပဲဆိုပြီး ရင်ဆိုင်ကြည့်ပါ။
❼....မိမိရဲ့အားသာချက်ကို တည်ဆောက်ပါ။
လူစီတို့ လူသားတိုင်းမှာ အားသာချက် အားနည်းချက် ကိုယ်စီရှိကြပါတယ်။ ဘယ်သူ့ဘယ်သူမှ အားသာချက်ကြီးပဲ ရှိနေကြတာတော့ မဟုတ်ပါဘူး။ ထိုနည်းတူစွာပဲ လူစီတို့မှာလည်း အားနည်းချက်ကြီးပဲ ရှိနေတာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်မှာ ဘယ်လို အားသာချက်တွေရှိလည်းဆိုတာ အရင်ဆုံးချရေးပါ။ ဥပမာ_ ကိုယ်က ရေကူးကျွမ်းကျင်တယ်ပဲဆိုပါစို့ လူအများကြားမှာ ရေကူးတဲ့အခါ ဘယ်လိုခံစားရသလဲ စဥ်းစားကြည့်ပါ။အဲ့တော့ ကိုယ်အသာတဲ့အရာကို နေ့စဥ် မိနစ် ၃၀ ပိုလေ့ကျင့်ပေးခြင်းအဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုတိုးတက်စေပါတယ်။
❽....လက်တွေ့ကျတဲ့ ပန်းတိုင်သတ်မှတ်ပါ။
လူစီတို့မှာ အိမ်မက်ပန်းတိုင်တွေဟာ တစ်ခုထက်မက ရှိနေတတ်ကြပါတယ်။ ဒါပေမယ့် အားလုံးကို ပြည့်မှီဖို့ဆိုတာထက် အသင့်တော်ဆုံးနဲ့ အကောင်းဆုံးတစ်ခုကို ရွေးချယ်ဖို့လိုပါတယ်။ ဒီလိုရွေးချယ်မှုမပြုဘဲ ဘယ်အရာက အဆင်ပြေနိုင်မလဲဆိုပြီး လုပ်နေရင်တော့ အကြိမ်ပေါင်းများစွာ ကျရှုံးနိုင်ပါတယ်။
နောက်ပြီး လက်ရှိအနေအထားနဲ့ ကိုက်ညီတဲ့ ပန်းတိုင်ချမှတ်ဖို့လည်းလိုပါတယ်။ မဟုတ်ရင် မြင့်မားပြီး အလှမ်းကွာတဲ့ ပန်းတိုင် ချမှတ်ခြင်းဟာ လူစီတို့ အောင်မြင်မှုအတွက် ပျက်ကွက်နိုင်ပါတယ်။ ဒီလိုအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတည်ဆောက်ဖို့ဆိုတာထက် မိမိကိုယ်ကိုယ် ယုံကြည်မှုကို လျော့ပါးပျက်စီးစေနိုင်ပါတယ်။
ဒါကြောင့် လက်တွေ့ကျတဲ့ ပန်းတိုင်ကို ရွေးချယ်သတ်မှတ်တတ်ဖို့လိုပါတယ်။ မြင်သာအောင်ပြောရရင် လူစီဟာ ကိုယ်အလေးချိန်လျှော့ချဖို့ ကြိုးစားနေတဲ့သူတစ်ယောက်ဆိုပါစို့ ၊ လူစီတို့ ကျွမ်းကျင်သူရဲ့အကြံပြုချက်ကို လိုက်နာပြီး တစ်ပတ်အတွက် ပေါင်ချိန်ဘယ်လောက်ကျရမယ်ဆိုတာကို သူ့ရဲ့လမ်းညွှန်ချက်နဲ့အညီ ကြိုးစားသွားမယ်ဆိုရင် ကိုယ့်ရဲ့ သတ်မှတ်ချက် အောင်မြင်သွားတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုတိုးတက်လာစေပါတယ်။
ဒီလောက်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးတက်မြင့်မားအောင် လုပ်ဆောင်ရမယ့်နည်းလမ်းလေးတွေ လုံလောက်သွားမယ်လို့ထင်ပါတယ်။ အဲ့ဒီတော့ လူစီတို့ အနာဂါတ်မှာ ကြီး "မား"ဆုံးဖြတ်ချက်တစ်ခုချတာပဲဖြစ်ဖြစ် အခြေအနေတစ်ခုပေါ်ပေါက်လာတဲ့ အခါမှာပဲ ဖြစ်ဖြစ် တခြားတစ်ယောက်ကို ပြောပြပြီး သူတို့ရဲ့ အကြံဉာဏ်ယူတာ၊ ထင်မြင်ယူဆချက်၊ အတည်ပြုချက်ယူချင်တဲ့စိတ်ဖြစ်လာပီဆိုရင် သတိကလေးကပ်ပြီး အဲ့ဒီစိတ်ကို တွန်းလှန်ပါ။ အဲ့ဒီအစား ကိုယ့်ရဲ့ စိတ်ခံစားချက်ကို ထိုင်ကြည့်ပြီး ဘယ်လိုခံစားရလည်း ဖြစ်နိုင်ချေရှိတဲ့ ဆုံးဖြတ်ချက်တစ်ခုချင်းစီရဲ့ ကောင်းကျိုး ဆိုးကျိုးကို ချရေးခြင်းက ပိုမိုရှင်းလင်းပြတ်သားတဲ့ အဆုံးအဖြတ်တစ်ခုကို ဆုံးဖြတ်နိုင်ဖို့ အထောက်အပံ့ဖြစ်စေသလို ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုတိုးတက်စေပါတယ်။
Keep Reading