Yours Nu Nu Aung
ထပ်ချစ်ဖို့ မကြောက်သွားပါနဲ့။
ဘယ်လောက်ပဲ မင်းကို ငိုအောင်လုပ်ခဲ့တဲ့
သူတွေနဲ့ တွေ့ဆုံခဲ့ရပါစေ တစ်နေ့မှာ မင်းကို
ပြုံးရယ်စေတဲ့လူသားတစ်ယောက်ကို သင်
ပိုင်ဆိုင်ရလိမ့်မယ်။တွေ့ရလိမ့်မယ်။
ပိုင်ဆိုင်ရဖို့ တွေ့ရဖို့ တစ်နှစ်လား ငါးနှစ်လား
ဆယ်နှစ်လား အနှစ်နှစ်ဆယ်လား အတိအကျ
မပြောနိုင်ပေမဲ့ တစ်နေ့နေ့ တစ်ချိန်ချိန်တော့
သေချာပေါက် တွေ့ရလိမ့်မယ်။မင်း ဒီလောက်တောင် ချစ်စရာကောင်းတာ စိတ်ထားကလဲ လှသေး
တစ်စုံတစ်ဦးရဲ့ VIP ဖြစ်ဖို့ သိပ်ကို
ထိုက်တန်ပါတယ်။အချစ်ခံရဖို့ အပြည့်အဝ
ထိုက်တန်တယ်။Yes,you deserve
to be loved.
တချို့အရာတွေ နောက်ကျလဲ ကောင်းပါတယ်။
အထူးသဖြင့် အချစ်ရေးဆိုရင် ပိုလို့တောင်
အချိန်ကြာတတ်ပါတယ်။ဘဝရဲ့ လက်တွဲဖော်
စစ်စစ်ကို ရှာတွေ့နိုင်ဖို့ အနည်းငယ်တော့
ကြာတတ်တယ်လေ။စိတ်ရှည်စွာ စောင့်ဆိုင်း
ခြင်းသည်လဲ အချစ်စစ်ရဲ့သင်္ကေတ တစ်ခုပါပဲ။
အစစအရာရာ အဆင်သင့် မဖြစ်ခင် အထီးကျန်လို့ ဆိုပြီး တွေ့ရာလူကိုလဲ မချစ်လိုက်နဲ့။ကိုယ့်အချစ်ကို တန်ဖိုးထားပြီး ရသင့်တဲ့သူကို
ချန်ထားပေးပါ။လုပ်စရာရှိတာ လုပ်ရင်း
ဖြည်းဖြည်းမှန်မှန် သွားနေလဲ
နောက်မကျပါဘူး။အချစ်ကြောင့် ထပ်နာကျင်
ရတာမျိုး မဟုတ်ဘဲ အချစ်က သင့်အတွက်
အင်အားဖြစ်စေဖို့ လိုပါမယ်။
#နူးနူးအောင်
Keep Reading