ရိန်ဇော်
Robin Cook ဆိုတာ ကျွန်တော်တို့နဲ့ မစိမ်းပါဘူး။ Coma (တစ်ဖန်ပြန်၍ မနိုးသော ဝေဒနာ၊ နတ်နွယ်)၊ Fever (အများနှင့်တစ်ယောက်၊ နတ်နွယ်)စတဲ့ ဘာဘာပြန်စာအုပ်တွေရဲ့ မူရင်းရေးသူပါ။ ယခု Mindbend ဆိုတာလဲ Robin Cook ရဲ့ ဆေးလောကနောက်ခံ၀တ္ထုတစ်ပုဒ်ပါပဲ။ မောင်ပေါ်ထွန်းက စိတ်ပြောင်းစိတ်လွဲလို့ ဘာသာပြန်ထားတယ်။
ဘာစိတ်တွေကို ဘာအဖြစ်ပြောင်းလိုက်တာလဲ။ ဆေးကုသတဲ့ အလုပ်ဆိုတာ မွန်မြတ်တဲ့ အလုပ်ပါ။ ကုသပေးတဲ့ ဆရာ၀န်မှာ လူနာကို မသက်သာစေလိုတဲ့စိတ် မရှိဖို့ များပါတယ်။ ဒါပေမဲ့ ငွေမက်မောမှုကြောင့် ဆရာ၀န်ဟာ ပြောင်းလဲသွားခဲ့ရင် ဘာဖြစ်လာမလဲ။ ဆေးကုသရေးကို စီးပွားရေးဈေးကွက်လို့ သဘောထားတဲ့ ဆေးကုမ္ပဏီကြီးတွေက ဆရာ၀န်တွေကို ဖြားယောင်းသွေးဆောင်ခဲ့ရင် ဘာဖြစ်လာနိုင်လဲ။ ဒီလိုစိတ်ပြောင်းလဲသွားတဲ့ ဆရာ၀န်က အိုဂျီတစ်ယောက်ဖြစ်ပြီး နယူးရောက်မြို့ရဲ့ ၀န်ဆောင်မှုကောင်းတယ်လို့ ခေါ်တဲ့ ဆေးရုံကြီးမှာ အလုပ်လုပ်နေချိန် ဇာတ်လိုက်မင်းသား အဒမ်နဲ့ သူရဲ့ဇနီးဂျင်နီဖာတို့ဟာ ကိုယ်၀န်လာအပ်ကြတယ်။ ဘာတွေဆက်ဖြစ်ကြမလဲ။ ဆွဲဆောင်မှုရှိတဲ့ ၀တ္ထုတစ်အုပ်ပါ။
#reinzaw
Keep Reading