Charming Yu
စာရေးဆရာမလေး ညဏ နောက်ဆုံးထွက်ရှိထားတဲ့
ဒရာမာ ကင်းမဲ့ဇုန်( No Drama Zone) ဆိုတဲ့
စာအုပ်မျက်နှာဖုံးလေး မြင်တော့ အလိုလိုပြုံးမိသွား
တယ်။ ကျွန်မတို့ ပတ်၀န်းကျင်မှာ ဒရာမာ များတဲ့ ရည်းစား၊
ဒရာမာ များတဲ့ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက် အစရှိ
သဖြင့် ကျွန်မတို့ ကြုံကို ကြုံဖူးကြမှာပါ။အဲ့ခါကျရင်
ကျွန်မတို့ရဲ့ စိတ်ရော လူရောကို ဒရာမာကင်းမဲ့ဇုန်လေး
ဖြစ်အောင် ဘယ်လိုဖန်တီး ယူကြမလဲ? ဒီလိုကြုံဖူးကြ
တာပဲ ဖြစ်ဖြစ် ၊မကြုံဖူးသေးတာပဲ ဖြစ်ဖြစ် ကျွန်မတို့
boundaries ထားပြီး ဘယ်လိုနေကြမလဲ
ကိုယ့်အတွက် အရေးပါတဲ့ goals တွေ၊ ပျော်ရွင်မှုလေး
တွေကို ဘယ်လိုတည်ဆောက်ရမလဲဆိုတာလေး တွေ
သိရှိချင်လျှင်တော့ ဒီစာအုပ်လေးးကို တစ်ချက်လောက်
ဖတ်ကြည့်ဖို့အတွက် အကြံပြုတယ်။
ဒီစာအုပ်လေးရဲ့ ထူးခြားချက်လေးက မာတိကာ (၂)ပိုင်း
ပါရှိတယ်၊အရှေ့တိုင်း ဂျပန်လူမျိုးတို့ရဲ့ ဘ၀နေနည်း
အယူအဆလေးတွေပါ ထည့်သွင်းရေးထားတာလေး ပါ
ပြီး အလေ့အကျင့်ရဖို့ တဖြည်းဖြည်း ရယူရမဲ့ နည်းလမ်း
ကောင်းလေးတွေမျှေ၀ထားတာတွေ့ရတယ်။
အကြိုက်ဆုံးကတော့ စာရေးဆရာမ ရဲ့ တင်စားထားမှု
လေး နဲ့ ဒီစာအုပ်လေး ရေးဖြစ်တဲ့ ရည်ရွယ်ချက်လေး ကို
ပါပဲ။ဒီစာအုပ်လေးကို ဖတ်ရတဲ့ စာဖတ်သူတွေရဲ့ ရင်ထဲ
ကို ငြိမ့်ငြိမ့်ကလေး တိုက်တဲ့ အရှေ့လေပြေညှင်းလေး လို
ဒရာမာတွေနဲ့ ရူပ်ထွေးနေတဲ့ ဘ၀ရဲ့အရူပ်အထွေးတွေဆီ
ကနေ တစ်ခဏတာ လွတ်မြောက်ရာ “ဒရာမာကင်းမဲ့
ဇုန်လေး”ဆီကို ဆရာမလေး ညဏ က ခေါ်ဆောင်ပေးခဲ့နိုင်ပါတယ်။
စာမျက်နှာ (၁၄၃)မျက်နှာ ရှိတာမို့ သေချာလေး ခံစားပြီး ဖတ်ကြည့်ဖို့လဲ အကြံထပ်ပြုချင်ပါတယ်။
မာတိကာ (၂)ပိုင်းရှိတာမို့ တစ်ခုချင်းစီ စီးမြောပြီး
သေချာလေး ဖတ်ကြည့်ပါ။ကျွန်မ ဒီစာအုပ်ထဲမှာ အရမ်း
ကြိုက်ရတဲ့ (၁)ခုကို မျှေ၀ပေးလိုက်ချင်ပါတယ်။
ဒီစာအုပ်လေးကို ဖတ်ပြီး အရှေ့တိုင်း ဂျပန်လူမျိုးတို့
ဒဿနနဲ့ ဘ၀ကို နေထိုင်တဲ့အခါ ပိုပြီးလူသားဆန်တဲ့ သူ
တစ်ယောက် ဖြစ်လာပါလိမ့်မယ်။ ကိုယ်တိုင်ရဲ့ မပြည့်စုံမှု
တွေကို လက်ခံတတ်လိုက်တဲ့အခါမှာ အခြားသူတွေမှာလဲ
ဒါမျိုး ဖြစ်တတ်တာပဲဆိုတဲ့အတွေးတွေနဲ့ စာနာစိတ်ပိုရှိ
လာပြီး လူမှုဆက်ဆံရေးတွေမှာ နက်ရိူင်းတတ်လာပါ
တယ်။ ပြီးပြည့်စုံတဲ့သူ မဖြစ်ချင်တော့တဲ့ အခါ ပြည့်စုံစွာ
နေထိုင်ဖို့ ကြောင့်ကြစိတ်ဖြစ်နေရတဲ့ စိတ်ဖိစီးမှုတွေလဲ
လျော့ပါးလာပြီး အရာရာကို အရှိအတိုင်းလက်ခံ
တတ်လာပါလိမ့်မယ်။
“အလှတရားတွေကို မြင်အောင်ကြည့်တတ်တဲ့ မျက်လုံး၊
တန်ဖိုးထားတတ်တဲ့ နှလုံးသား ရှိဖို့ပဲ လိုပါတယ်။လမ်း
ဘေးက ရနံ့မရှိတဲ့ ပန်းလေးတစ်ပွင့်ကလဲ သူ့အလှတရား
နဲ့ သူပါပဲ။အရွက်တစ်ရွက်မှ မရှိတော့ဘဲ ခြောက်သွေ့နေ
တဲ့ သစ်ပင်ကြီးကလဲ သူ့အလှတရားနဲ့ သူပါပဲ။မပြည့်စုံမှု
တိုင်းဟာ ပြည့်စုံစွာလှပပါတယ်…
Every Imperfection is perfectly beautiful!”
#charmingyu
#BookReview
#NoDramaZone
#Nyana
Keep Reading