Content by Di
October (5)ရက်နေ့လေးဟာ
ကျွန်တော်ရဲ့ #23နှစ် ပြည့်မွေးနေ့လေးဖြစ်ပါတယ်။
💁(22)နှစ်ကနေ...(23)နှစ်သို့ ကူးပြောင်းလာတဲ့အခိုက်အတန့်ကာလလေးတစ်ခုမှာ
ကျွန်တော်နေထိုင်ကျင့်သုံးခဲ့တဲ့ နေထိုင်နည်း (life style) အချို့ကိုအားလုံးအတွက်မျှဝေချင်ပါတယ်။
🍀 အတွေးတွေကိုသတိထားပါတယ်။
ဘာလို့လဲဆိုတော့...ကျွန်တော်တို့တွေးလိုက်တဲ့အတွေးတွေဟာ ကျွန်တော်တို့ဘဝကိုဖန်တီးတည်ဆောက်နေတာမို့ဖြစ်ပါတယ်။
မကောင်းတဲ့အရာတွေကိုတွေးနေမယ်ဆိုရင်
မကောင်းတဲ့အရာတွေက...ကျွန်တော်တို့ဆီအနှေးနဲ့အမြန်ရောက်ရှိလာလို့ပဲဖြစ်ပါတယ်။
🍀 တစ်နေ့တာကိုကျေးဇူးတင်စိတ်လေးနဲ့ဖြတ်သန်းဖြစ်ပါတယ်။
ကိုယ့်မှာရှိတဲ့အရာလေးတွေအပေါ် ကျေးဇူးတင်တတ်လာတဲ့အခါ ဘဝကပိုပြီးနေလို့ထိုင်လို့ကောင်းလာပါတယ်။
" ဒီနေ့အဖို့...သုံးဖို့ပိုက်ဆံရှိနေပါလား ကျေးဇူးတင်လိုက်တာ..."
🍀 အရာရာကို လက်ခံတတ်လာတယ်။
ကြုံဖူးကြမှာပါ...ကျွန်တော်တို့ ဘဝမှာမထင်မှတ်ထားတဲ့ အရာတွေကြုံလာတတ်ပါတယ်။
ကောင်းတဲ့အရာတွေကြုံလာရသလို
မကောင်းတာတွေလည်းကြုံလာတတ်ပါတယ်။
မကောင်းတာတွေကြုံလာတဲ့အခါမှာ...ဘာလို့ငါမှကြုံရတာလဲလို့ drama မခင်းနေတော့ဘဲ
ကြုံတွေ့လာတာကို လက်ခံလိုက်တဲ့အချိန်မှာ
စိတ်ကလေးဟာ သိသိသာသာငြိမ်းအေးသွားပါတယ်။
စိတ်ကလေးငြိမ်းအေးသွားတော့ ကြုံတွေ့လာတာကို
ဖြေရှင်းဖို့အဖြေမှန်တွေရှာဖွေတွေ့ရှိလာပါတယ်။
လက်မခံဘဲနဲ့ drama ခင်းနေမယ်ဆိုရင်
လမ်းမှားပေါ်ရောက်သွားနိုင်ပါတယ်။
💁 အထက်ကဖော်ပြခဲ့တဲ့ အချက်လေးတွေက
ဒီနေ့မှာ #23နှစ် ပြည့်သွားတဲ့ ကောင်လေးတစ်ယောက်ရဲ့Life style နေထိုင်မှုအချို့ဖြစ်ပါတယ်။
စာဖတ်သူတွေအတွက် တစ်ဖက်တစ်လှမ်းကနေအကျိုးရှိမယ်လို့ယုံကြည်ပါတယ်။
#မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ
#content_by_di
#HealingJourney
Keep Reading