ရေတမာ မွန်
အခွင့်အရေးဆိုတာ
စောင့်စရာမလိုပါဘူး။
အခွင့်အရေးရမှ
အခွင့်သာမှ ဆိုတာ မဖြစ်သင့်ပါဘူး။
ထင်ယောင်ထင်မှားအကြောင်းပြချက်တွေ
အချိန်ဆွဲတတ်တဲ့ဇရိုက်တွေပါ။
တကယ်တော့ အခွင့်အရေးဆိုတာ
မနက်ဖြန်မှ ရလာမည့် အရာမဟုတ်ဘူး။
ပစ္စုပ္ပန်မှာပဲ ရှိတဲ့အခွင့်ရေးကို မနက်ဖြန် မနက်ဖြန်ဆိုပြီး
အချိန်ဆွဲဆွဲလာတာ ကြာနေပြီနော်။
Do it Now ယခု အချိန်မှာ
အခွင့်အရေးက ရှိနေခိုက်
လုပ်သင့်လုပ်ထိုက်တာ လုပ်ရမယ်။
သေချာတာက ဒီနေ့ ဒီအချိန် ဒီနေရာမှာ
အပြစ်ကင်းစွာလုပ်တတ်ခြင်းဟာ မိတ်ဆွေရဲ့
အခွင့်ရေးကောင်းဆိုတာ မမေ့ပါနဲ့။
မနေ့က အခွင့်ရေးဆိုတာ မနေ့ကတဲက ပြီးဆုံးသွားပြီ။
မနက်ဖြန်ဆိုတာ မသေချာမရေရာဘူး။
သေချာတဲ့ အလုပ်လုပ်ပါ မိတ်ဆွေ
ဘဝအရေးမှာ အဖြေရှာရ မခက်ပါဘူး။
သေသေချာချာလုပ်တတ်ရင် အကုန်ဖြစ်တယ် ။
ပစ္စုပ္ပန်အချိန်ကို ကောင်းစွာအသုံးချတတ်ဖို့တော့လိုပါတယ်။
ရေတမာ မွန်
Keep Reading