အက္ခရာ
ကိုယ်ကိုယ်တိုင်လည်း သူမရှိတော့တဲ့အခါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လည်ပတ်ရမှာပါပဲ။
သွေးထွက်အောင်မှန်လှတဲ့ ဆရာအကြည်တော်ရဲ့ မှတ်သားဖွယ်စကားစုလေးပါ။
"မင်းမရှိရင်မဖြစ်ဘူး"ဆိုတဲ့ အခြေအနေဟာ ကမ္ဘာမှာတကယ်မရှိဘူးတဲ့။
မယုံရင် ဆက်ဆံရေးတစ်ခုကနေ ဘယ်သူ့ကိုမှ ဘာမှမပြောဘဲ မင်းတိတ်တိတ်လေး စွန့်ခွာသွားကြည့်လိုက်။ မင်းထွက်သွားခါစမှာတော့ မင်းကိုသတိရတာတွေ ဘာတွေ ဖြစ်ကောင်းဖြစ်လိမ့်မယ်။
အချိန်ကာလတစ်ခုရောက်တဲ့အခါမှာတော့ အားလုံးက ပုံမှန်လိုပဲ။ မင်းမရှိလည်း သူတို့ အဆင်ပြေနေလိမ့်မယ်၊ ဒါမှမဟုတ် မင်းနေရာမှာ အခြားတစ်ယောက်ရှိနေလိမ့်မယ်။
“မင်းမရှိလို့မဖြစ်ဘူး” ဆိုတာ စကားလုံးသက်သက်ပဲ၊ တကယ်မရှိဘူး။ မင်းမရှိလည်း အရာရာဟာ သူ့နည်းသူ့ဟန်နဲ့ ပုံမှန်လည်ပတ်နေမှာပဲ။
▪️အကြည်တော်
Akayar
အက္ခရာ
Keep Reading