SarPhat Author
🌻ကျွန်မတို့ မိမိကိုယ်ကိုယ် ရှာတွေ့ဖို့အတွက် အချိန်တွေများစွာပေးပြီး ကြာမြင်တတ် ပါတယ်။ ကိုယ့်ဘေးနားမှာ လမ်းပြပေးနိုင်တဲ့သူတွေ၊ အတွေးအခေါ်ကောင်းတဲ့သူတွေနဲ့ ကိုယ့်ထက် Level မြင့်တဲ့ သူတွေမရှိရင် ကိုယ့်ကိုယ်ကို ရှာတွေ့ဖို့ ပိုပြီး အချိန်ကြာ နိုင်ပါတယ်။
🌻ကျွန်မတို့ ကိုယ်ဖြစ်ချင်တဲ့အရာ၊ ကိုယ်လုပ်ချင်တဲ့အရာတွေ နဲ့ ကိုယ်ဝါသနာပါတဲ့ အရာတွေက ဘာလဲဆိုတာကို သေသေချာချာ မသိတဲ့သူတွေများစွာရှိနေမှာဖြစ်ပြီး၊ တခါတရံမှာ ကိုယ့်ကိုယ်ကိုယ် သိရမှာလေ၊ ကိုယ့်ကိုယ်ကိုယ် မသိရင် ဘယ်လို လုပ်မှာလဲ၊ ကိုယ့်ကိုယ်ကိုယ် သိအောင် ဘယ်သူက ကူညီပေးနိုင်မှာလည်း ကိုယ်ကိုယ်တိုင်ပဲ လုပ်ရမှာဘဲလို့ ပြောသံတွေ ကြားဖူးမှာပါ။ သူတို့ပြောတာလည်း မှန်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်တောင် မသိရင် အခြားသူက ကိုယ်ဘာဖြစ်ချင်တယ် ဆိုတာ ဘယ်လို သိနိုင်မှာလဲပေါ့။
🌻ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် သေချာမသိဘဲ ရှင်သန်နေတဲ့သူတွေမှာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး မိမိကိုယ်ကိုယ်သေချာမသိတဲ့ သူတွေလည်းများစွာရှိနေတယ်ဆိုတာ မမေ့ပါနဲ့။
🌻ကျွန်မ (၁၀)တန်း ပြီးသွားတဲ့အချိန်မှာ ထိုင်းငံနိုင်ရောက်နေခဲ့ပြီး၊ ကျွန်မ သွားတဲ့နေရာတိုင်းမှာ အိပ်ပါတယ်ဆိုရင် ဖတ်စာအုပ်မဟုတ်ရင် ရေးလို့ရတဲ့ စာအုပ် အမြဲယူသွားတတ်တယ်။ အချိန်အားနေရင်စိတ်ကူးယဉ်ပြီး ပုံပြင်တွေ ဖန်တီးကြည့်တယ်။ တစ်ခါတရံ သီချင်းစာသားတွေပါ ရေးနေတတ်သေးတယ်။ သွားတဲ့နေရာမှာ စာမဖတ်သည့်တိုင်အောင် စာအုပ်တစ်အုပ်အုပ် အိပ်ထဲမှာ ပါနေရင် ကျေနပ်နေတတ်တယ်။ ဒါပေမဲ့ ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာ သတိမထားခဲ့မိဘူး။
🌻နောက်ပြီးတော့ သူငယ်ချင်း အပြင်လျှောက်လည်လို့ မိဘတွေက မေးရင် ကျွန်မနာမည်ကိုပြောပြီး သူ့စီမှာ ဆိုပြီးပြောတတ်ကြတယ်။ ဒီလိုနဲ့ သူယ်ချင်းတွေ အားငယ်တာ ၊ စိတ်ဓာတ်ကျတာ၊ အသဲကွဲတာတွေနဲ့ ကြုံရင် ရင်လာဖွင့်ကြတယ်။ ကိုယ့်ဘက်က အားပေးစကားတွေ ပြောပေးနေခဲ့တတ်တယ်။ ဒါကိုလည်း မိမိကိုယ်ကိုယ် လုံးဝ သတိမထားခဲ့မိပြန်ဘူး။
🌻သိမ့်မကြာခင်က USA မှာ ရောက်နေတဲ့ သူငယ်ချင်းနဲ့ စကားပြောရင်း သူနိုင်ငံခြားမထွက်ခင်မှာ နင်အားပေးခဲ့တာတွေကိုအမြဲ သတိရနေတယ်။ ကျေးဇူးတင်တယ်ဆိုပြီး ပြောလာတေ့ာ မျက်ရည်လေးဝဲမိတယ်။ အဲဒီအရွယ်က ကျွန်မ မွေးခဲ့တဲ့ ဇာတိမြေလေး ၈ - ၉ တန်းလောက် အရွယ်ခန့်က ဖြစ်မှာပါ။ ဒါတွေကိုအမြဲလုပ်နေတတ်ပေမဲ့ ကိုယ်ဘာဖြစ်ချင်တာလဲဆိုတာကို သတိမထားမိတေ့ာ ကိုယ့်ဘေးမှာရှိတဲ့ မောင်နှမတွေကိုပဲ အကြိမ်ကြိမ် မှောင်နှင်းပြီး မေးတတ်တယ်။ ဘယ်လောက်မေးမေး ကျွန်မအတွက် တိကျတဲ့အဖြေမရခဲ့ဘူး။
🌻လောကမှာ နောက်ကျတယ်ဆိုတာမရှိဘူး လို့ ဆိုကြပေမဲ့ ကျွန်မ ဖြစ်ချင်တဲ့အရာ၊ ကျွန်မ ဝါသနာပါတဲ့ အရာတွေကဘာလဲ ဆိုတာကိုစပြီး သတိထားမိတဲ့အချိန်က တော်တော်လေးနောက်ကျတယ်လို့ ပြောလို့ရပါတယ်။
🌻ကိုယ်ဝါသနာပါတဲ့အရာကို လုပ်နေခဲ့ပေမဲ့ ဘာမှန်းမသိခဲ့ဘဲ ဒီတိုင်းပဲနေခဲ့တာ အချိန်တော်တော်လေးကြခဲ့တယ်။ ကျွန်မကို ကူညီပြီးအကြံပေးနိုင်တဲ့သူတွေသာ ရှိခဲ့မယ်ဆိုရင်၊ ကျွန်မ ကျောင်းမခင်၊ ကျောင်းပြီးတဲ့အချိန်တွေမှာ ကိုယ့်ကိုယ် သေချာပြောပြနိုင်တဲ့သူတွေသာရှိခဲ့မယ်ဆိုရင် ဒီလောက်ထိ ကြာနေခဲ့မှာ မဟုတ်ဘူးလို့ တွေးနေမိတယ်။
🌻ဒါကြောင့် မိမိကိုယ်ကိုယ် ရှာတွေ့နိုင်ဖို့ ကူညီပေး
နိုင်လောက်တဲ့သူတွေဆီ အကူအညီတောင်း စေချင်ပါတယ်။ ကိုယ်ဖြတ်သန်းခဲ့တဲ့နေ့ရက်တွေဟာ အလကား မဟုတ်ဘူး အားလုံးက အကျိုးရှိခဲ့ပါတယ်၊ အသုံးဝင်ခဲ့ပါတယ်၊ အတွေ့အကြုံရပါတယ် ဆိုသည့်တိုင်အောင် ကိုယ်တကယ်ဖြစ်ချင်တဲ့အရာကို သေချာမသိ မလုပ်ခဲ့ရဘူးဆိုရင် တကယ် နှမျှော်ဖို့ကောင်းပါတယ်။ ဒါကြောင့် အကူအညီတောင်းပါလို့ပြောတာပါ။ အကူ
အညီတောင်းဖို့ မတွန့်ဆုတ်ပါနဲ့ ❤️
#Clay_ခလေး
၂၇-၉-၂၀၂၄ 🌻🖤
Keep Reading