တင်ညွန့်
မြန်မာနိုင်ငံတွင် ပြည်သူ့နီတီဘာသာရပ်သင်ကြားရေးသည် ခါးဆက်ပြတ်သွားခဲ့ရပါသည်။ ၁၉၂၁ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော အမျိုးသားကျောင်းများတွင် ပြည်သူ့နီတိဘာသာရပ်ကို အထက်တန်းအဆင့်တွင် သင်ကြားပေးနိုင်ရန် သတ်မှတ်ပြဋ္ဌာန်းနိုင် ခဲ့ပါသည်။ ၁၉၄၅ ခုနှစ်ခန့်ကစပြီး ဆင်းမလားပညာရေး စီမံကိန်းအရ မူလတန်းအဆင့်တွင် မသင်မနေရဘာသာရပ် အဖြစ်လည်းကောင်း၊ အလယ်တန်း အထက်တန်း အဆင့်များတွင် အဓိကဘာသာရပ်အဖြစ် မသင်မနေရအဖြစ်လည်းကောင်း ပြဋ္ဌာန်းခဲ့ကြောင်း သိရပါသည်။
၁၉၄၅ ခုနှစ်မှ ၁၉၅၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံအတွင်း သင်ကြားခဲ့သော ပြည်သူ့နီတိ ဘာသာရပ်များသည် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဒီမိုကရေစီအရေး၊ နိုင်ငံသားကောင်း၊ နိုင်ငံသားအဓိပ္ပာယ်စသည်တို့ကို စုံလင်စွာ ပြဋ္ဌာန်းပြီး သင်ကြားပေးခြင်းဖြစ်သည်။ နိုင်ငံရေးနှင့် ဒီမိုကရေစီရေးအတွက် အခြေခံကောင်းစေသော ပြည်သူ့နီတိ သင်ရိုး များဖြစ်သည်ဟု ဆိုနိုင်သည်။
တော်လှန်ရေးကောင်စီတက်လာပြီးသည့်နောက်ပိုင်းတွင် ပြည်သူ့နီတိကို သီးခြားသင်ကြားပေးရန် ဦးစားမပေး တော့ကြောင်း တွေ့ရသည်။ အထူးသဖြင့် နိုင်ငံရေးဆိုင်ရာ သဘောတရားများ ပါဝင်နေခြင်းကို ရှောင်ဖယ်သည့် အနေဖြင့် ပြည်သူ့နီတိကို ချန်လှပ်ထားခဲ့ရာမှ မသင်သည့်ဘဝသို့ရောက်ခဲ့ရခြင်းဖြစ်သည်။
ပြည်သူ့နီတီဘာသာရပ်ကို သင်ကြားရန် အားထုတ်သည့်အချိန်ကာလများတွင်လည်း ပြည်သူ့နီတိဆိုသည့် စကားလုံးကို ရှောင်ဖယ်ကာ စာရိတ္တပညာဟု အာရုံလွှဲပြန်သည်။ နိုင်ငံရေးနှင့် ပြည်သူ့နီတိကို မဆိုင်သလို ခွဲထုတ်ရင်းက ပြည်သူ့နီတိ ဆိုသည်မှာ ဘာသာရေးလိုလို၊ ဆုံးမစာလိုလို၊ ပုံပြင်ဇာတ်နိပါတ်လိုလို ဖြစ်သွားခဲ့ သည်။
လက်ရှိ စာရိတ္တနှင့်ပြည်သူ့နီတိဆိုင်ရာ ပြဋ္ဌာန်းချက်များကို လေ့လာကြည့်လျှင်လည်း ဘာသာရေးနှင့် ရောယှက် နေပြီး နိုင်ငံရေးဆိုလျှင်လည်း လူ့အခွင့်အရေးလောက်သာ ထည့်သွင်းရေးသားထားကြောင်းတွေ့ရသည်။
ပြည်သူ့နီတိသင်ကြားရေးအတွက် လိုအပ်ချက်
အရည်အသွေးမြင့်သည့် ပြည်သူ့နီတိသင်ရိုးဖြစ်ရေးအတွက် သင်ရိုးသည် တစ်ဆင့်နှင့်တစ်ဆင့် အချိတ်အဆက် မိရန်လိုသည်။ ထိုသို့ အရည်အသွေးမြင့်ရန်အတွက်လည်း အရည်အချင်းရှိသော၊ မျှတသော၊ ဘက်လိုက်မှု မရှိသောသူများ ပြုစုသည့် သင်ရိုးဖြစ်ရန်လိုသည်။ သင်ရိုးတွင် ပါဝင်သည့် အကြောင်းအရာများသည် ခိုင်လုံသောအကြောင်းအရာများ ဖြစ်သင့်သည်။ ဦးတည်ချက်ကို အထောက်အကူပြုစေသည့် အချက်များသာ ဖြစ်သင့်သည်။
ထို့ပြင် ကလေးသူငယ်များဆိုင်ရာ အခွင့်အရေးကိုနားလည်စေရန်နှင့် ပိုပြီးအဆင့်မြင့်လာလျှင် လူ့အခွင့်အရေးကို နားလည်သဘောပေါက်လာစေရန် သင်ရိုးကို ဦးတည်ရေးဆွဲသင့်ပါသည်။ ကလေးသူငယ် အခွင့်အရေးနှင့် လူ့အခွင့်အရေးကို ကျောင်းသားများအား မသင်မီ ဆရာများကို ဦးစွာနားစေရန် အရေးကြီး သည်။ သို့ဖြစ်ရာ ဆရာများအတွက် ဆရာကိုင် သင်ရိုးကိုသာမက ဆရာများကိုပါ ပြည်သူ့နီတိသင်တန်းများကို ဦးစွာပေးရန်လိုပါသည်။ အတန်းတိုင်းတွင် ပြည်သူ့နီတိကို သင်ကြားရန်အတွက် တစ်ဆင့်ပြီးတစ်ဆင့် မြှင့်တင်ထားသော သင်ရိုး ညွှန်းတမ်းများကို ပြဋ္ဌာန်းပေးနိုင်ရေးကို ဆောင်ရွက် သင့်ပါသည်။
ပြည်သူ့နီတိသင်ရိုးညွှန်းတမ်းတွင် မည်သည့်အကြောင်းအရာများ ပါဝင်သင့်ကြောင်း ဦးစွာသတ်မှတ် သင့်
Unlock to read this premium article with 100 points.