Honey cho
ဒီနေ့မှာတော့ ဟန်နီက ယခုရောက်ရှိနေတဲ့ဩဂုတ်လထဲကထူးခြားတဲ့ special days လေးတွေကိုအားလုံးသိအောင်မျှဝေပေးချင်ပါတယ်ရှင့်။
Augustလ 1ရက်နေ့ကတော့ relationship တွေအတွက် Roလို့ကောင်းမဲ့ National girlfriend day ဘဲဖြစ်ပါတယ်။ဒါကတော့ကောင်လေးတွေအတွက်လုံးဝ tricky day ဆိုလည်းမမှားပါဘူး။ကိုယ့်ကောင်မလေးက ဒီနေ့ဘာနေ့လဲသိလား မေးလာရင်ကိုယ်ကအထာကျကျမိမိုက်တဲ့အဖြေပေးနိုင်ဖို့ သိထားဖို့တော့လိုတာပေါ့နော်။သောကြာနေ့၊စနေနေ့လို့ဖြေမိရင်တော့ ကိုယ့်တွင်းကိုယ်တူးတာပါဘဲနော်။
August 2ရက်ကတော့ ရှေ့ရက်နဲ့မတူတဲ့National ex girlfriend day ပါတဲ့ရှင်။ဩဂုတ်လရဲ့ပထမနေ့နဲ့ဒုတိယနေ့ကဟန်နီအထင်ရန်တိုက်ပေးနေသလိုဘဲ။အချစ်ဦးမှအချစ်ဦး၊အချစ်ဟောင်းမှယခုတိုင်တမ်းတလို့ကောင်းဆဲဆိုပြီးယခုချိန်ထိအတိတ်ကရုန်းမထွက်နိုင်သေးတဲ့လူတွေအတွက်အားဖြည့်ပေးတဲ့နေ့ဆိုလည်းမမှားပါဘူး။
August 8ရက်နေ့ကတော့ National come back dayပါတဲ့နော်။ကိုာ်ကအကြောင်းပြချက်မရှိလို့ မာနခံပြီးချစ်ရဲ့သားနဲ့တင်းခံနေတဲ့သူတွေကို အားပေးအားမြှောက်support လုပ်ပေးတဲ့နေ့ဆိုလည်းမမှားပါဘူး။ကိုယ်ကလည်းcome backလုပ်ချင်သလိုဟိုကလည်းwarmly welcome လုပ်ဖို့စောင့်နေမလားဆိုတာမသိနိုင်လို့။Do or die ဆိုတဲ့အတိုင်းစွန့်စားကြည့်ဖို့honey ကအကြံပေးချင်ပါတယ်။
August 9ရက်ကတော့ National bff's day (boy best friend day)မို့ကိုယ့်ရဲ့အချစ်ဆုံးကောင်လေးသူငယ်ချင်းကိုfriendzone ကနေထွက်ချင်ရင်ကြိုးစားသင့်တဲ့နေ့လေးပါဘဲ။
August 10ကတော့ National gbf' s day (girl best friend day)ဒီနေ့ကတော့ဘဝမှာကိုယ့်အတွက်အမြဲရှိနေပေးတဲ့အချစ်ရဆုံး၊မိန်းကလေးသူငယ်ချင်းကိုကိုယ့်ရဲ့ကျေးဇူးတင်စိတ်တွေ၊အသိအမှတ်ပြုမှုတွေသာမကလက်ဆောင်တွေနဲ့ပါsuprise တိုက်သင့်တဲ့နေ့လေးပါဘဲ။
August 15ကတော့ National Ex Dayပါအချစ်ဟောင်းနဲ့ပြန်ပေါင်းထုပ်ချင်တဲ့သူတွေအတွက်သတင်းကောင်းတစ်ရပ်ဆိုပေမဲ့ အတွဲလေးတွေအတွက်ကတော့တစ်ယောက်ကိုတစ်ယောက်သံသယမျက်လုံးနဲ့သူကသူ့အရင်exနဲ့ပြန်ဆက်သွယ်ေနမလား၊သတိရနေမလားဆိုတဲ့အတွေးတွေခေါင်းထဲပြေးလွှားနေရမဲ့နေ့လေးပါနော်။
August 18ကတော့ National couple day မို့faတွေနဲ့singleတွေထိုင်ငိုရလောက်မဲ့ထိ couple တွေရဲ့ro မှုအပေါင်းဟာ social media မှာသရဖူဆောင်းမဲ့နေ့ပါဘဲ။
August 20ကတော့လုံးဝကိုကိုယ့်ရဲ့အသည်းတခြမ်းနေရာကိုသူမသိအောင်ခိုးပေးထားရတဲ့ ကိုယ့်ရဲ့crushကိုအပိုင်ရအောင်စည်းရုံးသင့်တဲ့နေ့လေးတစ်နေ့ပါဘဲ။
August 31ရက်ကတော့ နောက်ဆုံးခန်းမှာပေါင်းရစေသားဆိုတဲ့ဆုတောင်းကိုရက်ရက်စက်စက်ခွဲချလိုက်တဲ့ဩဂုတ်ရဲ့နောက်ဆုံးနေ့ပါဘဲ။National Break up day ဘဲဖြစ်ပါတယ်။ကိုယ့်ရဲ့တစ်ခါက အနာကျင်ရဆုံး၊ရင်ထဲနင့်နေမဲ့အတိတ်နေ့ရက်ကိုပြန်ခေါ်ဆောင်သွားမဲ့နေ့ဆိုလည်းမမှားပါဘူးရှင့်။
Keep Reading