Author's Profile Photo

အက္ခရာ - Haruki

10/04/2024

မိမိကိုယ်ကို ပြုပြင်ခြင်း (၄)

4 mins read
Life Style
Personal Development
18 Again
မိမိကိုယ်ကို ပြုပြင်ခြင်း (၄)'s photo

အပိုင်း ၄ ဖြစ်ပါတယ်ခင်ဗျာ။ ဒီဆောင်းပါးလေးတွေဟာ စာဖတ်သူလေးကို ပြုပြင်ပြောင်းလဲဖို့ အင်မတန်အထောက်အကူဖြစ်လိမ့်မယ်ဆိုတာ ကျွန်တော်အာမခံပါတယ်။ အပိုင်း ၄ ဆောင်းပါးလေးကို စလိုက်ကြပါစို့....။

၁။ အပြောတွေက ဘယ်လိုကွာခြားသလဲ

* အောင်မြင်သူနဲ့ ကျရှုံးသူဟာ အလုပ်မှာသာကွာခြားတာ မဟုတ်ပါဘူး။ အပြောမှာလည်း ကွာခြားတတ်ပါသေးတယ်။

* အောင်မြင်သူက “သင့်အတွက် ငါလုပ်ပါရစေ” လို့ပြောတတ်ပါတယ်။ ကျရှုံးသူက “ ဒါဟာ ငါ့အလုပ်မဟုတ်ဘူး” လို့ ပြောတတ်ပါတယ်။

* အောင်မြင်သူက “ဒါဟာ ခက်ခဲနိုင်ပါတယ်၊ ဒါပေမဲ့ ဖြစ်နိုင်ပါတယ်” လို့ ပြောတတ်ပါတယ်။ ကျရှုံးသူက “ ဒါက ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် အရမ်းခက်ခဲတယ်” လို့ ပြောတတ်ပါတယ်။

* အောင်မြင်သူက အမှားတွေလုပ်မိတဲ့အခါ “ငါမှားသွားခဲ့ပြီ” လို့ ပြောတတ်ကြပါတယ်။ ကျရှုံးသူက အမှားတွေလုပ်မိတဲ့အခါ “အဲဒါ ငါမှားခဲ့တာမဟုတ်ဘူး” လို့ ပြောတတ်ကြပါတယ်။

* အောင်မြင်သူက “ ငါ တစ်ခုခုလုပ်ရမယ်” လို့ပြောတတ်ပါတယ်။ ကျရှုံးသူက “ တစ်ခုခုကို လုပ်ပြီးပြီ” လို့ပြောတတ်ပါတယ်။

၂။ လက်ရှိအခြေနေကိုပဲ မမြင်ပါနဲ့

* လူအများစုဟာ လူတစ်ယောက်အောင်မြင်သွားပြီဆိုရင် လက်ရှိရောက်နေတဲ့ အောင်မြင်မှုအခြေနေကိုပဲ ကြည့်တတ် မြင်တတ်ကြပါတယ်။

* လက်ရှိအခြေနေမရောက်မီ အများကြီးကြိုးစားခဲ့ရတာတွေကို အများက မကြည့်မမြင်တတ်ကြပါဘူး။

* လက်ရှိအခြေနေမရောက်မီ အများကြီး ရှုံးနိမ့်ခဲ့ရတာတွေကို အများက မကြည့်မမြင်တတ်ကြပါဘူး။

* လက်ရှိအခြေအနေမရောက်မီ အများကြီး အခက်အခဲရှိခဲ့ရတာတွေကို အများက မကြည့်မမြင်တတ်ကြပါဘူး။

* အောင်မြင်မှုရရှိဖို့ လက်တွေ့ တကယ်ကြိုးစားလာခဲ့ကြတဲ့သူတွေကသာ အောင်မြင်မှုတစ်ခုရလာခြင်းရဲ့ အခြေအနေအရင်းအမြစ်ကို ကြည့်တတ် မြင်တတ်ကြပါတယ်။

၃။ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖို့ ဘာတွေလိုမလဲ

* ဘဝမှာ မှန်ကန်တဲ့ဆုံးဖြတ်ချက် ချတတ်ဖို့ဆိုတာ တကယ့်ကိုအရေးကြီးတဲ့ အရာတစ်ခုပါ။

* ဘဝရဲ့ ဖြစ်တည်မှုအားလုံးဟာ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်နေတာမို့ မှန်ကန်တဲ့ဆုံးဖြတ်ချက် မချတတ်ရင် အောင်မြင်မှုရလဒ်ဆိုတာ မရရှိလာနိုင်ပါဘူး။

* မှန်ကန်တဲ့ဆုံးဖြတ်ချက် ချတတ်မှသာ အောင်မြင်မှုရလဒ်ဆိုတာ ရရှိလာတတ်တာပါ။

* ဆုံးဖြတ်ချက်တစ်ခုခု ချတဲ့အခါ တိုင်းမှာလည်း စိတ်ရဲ့ခံစားမှုကို ဦးစားမပေးပါနဲ့။ စိတ်ရဲ့ခံစားမှုကို ဦးစားပေးလိုက်ရင် အမှားတွေဖြစ်သွားတတ်ပါတယ်။

* ဒါကြောင့် မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖို့ ချင့်ချိန်ဆင်ခြင်သုံးသပ်နိုင်တဲ့ ဉာဏ်ပညာ ရှိဖို့လိုပါတယ်။

* မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖို့ ရဲရဲဝံ့ဝံ့သတ္တိရှိဖို့လိုပါတယ်။

* မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖို့ ဗဟုသုတအမြော်အမြင်ရှိဖို့လိုပါတယ်။

* မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖို့ အတွေ့အကြုံဗဟုသုတရှိသူတွေနဲ့ ဆွေးနွေးတိုင်ပင်မှုရှိဖို့လိုပါတယ်။

၄။ ရွေးချယ်မှု မှန်ကန်ပါစေ

* ဘဝခရီးလျှောက်လှမ်းတဲ့အခါ ရွေးချယ်မှုမှန်ကန်ဖို့ လိုအပ်ပါ တယ်။ ရွေးချယ်မှုမမှန်ကန်ရင် ဘဝမှာ စိတ်ဆင်းရဲရတတ်ပါတယ်။

* ရွေးချယ်မှုမှန်ကန်မှ ဘဝမှာ စိတ်ချမ်းသာရတတ်ပါတယ်။ ရွေးချယ်မှုမမှန်ကန်ရင် ဘဝမှာ မပျော်မရွှင်ဖြစ်ရတတ်ပါတယ်။

* ရွေးချယ်မှုမှန်ကန်မှ ဘဝမှာ ပျော်ရွှင်ရတတ်ပါတယ် ရွေးချယ်မှုမမှန်ကန်ရင် ဘဝမှာ ဆုတ်ယုတ်တတ်ပါတယ်။

* ရွေးချယ်မှုမှန်ကန်မှ ဘဝမှာ တိုးတက်တတ်ပါတယ်။ ရွေးချယ်မှုမမှန်ကန်ရင် ဘဝမှာ ကိုယ်ပဲ ခံရတတ်ပါတယ်။

* ရွေးချယ်မှုမှန်ကန်မှ ဘဝမှာ ကိုယ်က စံရတတ်ပါတယ်။ ကိုယ့်ဘဝအတွက် အခြားသူက ရွေးချယ်ပေးလို့မရပါဘူး။ ကိုယ့်ဘဝအတွက် ကိုယ်ကပဲ မှန်မှန်ကန်ကန် သေသေချာချာ ရွေးချယ်ရပါမယ်။

၅။ ကျန်းမာရေးထက်အရေးကြီးတာ မရှိပါဘူး

* လူ့ဘဝမှာ ကျန်းမာရေးဟာ တကယ်အရေးကြီးပါတယ်။ ကျန်းမာရေးကို ဂရုမစိုက်ဘဲမနေပါနဲ့။

* ကျန်းမာရေးဟာ ပညာရေးထက် အရေးကြီးပါတယ်။ ကျန်းမာရေးမကောင်းရင် ပညာရပေမယ့် အနှစ်သာရမရှိပါဘူး။

* ကျန်းမာရေးဟာ ချမ်းသာရေးထက် အရေးကြီးပါတယ်။ ကျန်းမာရေးမကောင်းရင် ဥစ္စာရပေမယ့် အနှစ်သာရမရှိပါဘူး။

* ကျန်းမာမှ ပညာသင်နိုင်ပါမယ်။ မကျန်းမာရင် ပညာမသင်နိုင်ပါဘူး။

* ကျန်းမာမှ ချမ်းသာနိုင်ပါမယ်။ မကျန်းမာရင် မချမ်းသာနိုင်ပါဘူး။

* ကျန်းမာမှ ကုသိုလ်ကောင်းမှု လုပ်နိုင်ပါမယ်။ မကျန်းမာရင် ကုသိုလ်ကောင်းမှု မလုပ်နိုင်ပါဘူး။

* ကျန်းမာမှ ဘဝတန်ဖိုးရှိနိုင်ပါမယ်။ မကျန်းမာရင် ဘဝတန်ဖိုးမရှိနိုင်ပါဘူး။

* ကျန်းမာမှ ကိုယ်ဖြစ်ချင်တာတွေဖြစ်အောင် ကြိုးစားလို့ရနိုင်ပါမယ်။ မကျန်းမာရင် ကိုယ်ဖြစ်ချင်တာတွေကို ဘာမှကြိုးစားလို့မရနိုင်တော့ပါဘူး။

* ကျန်းမာခြင်းရဲ့ တန်ဖိုးကို မကျန်းမာတဲ့အခါ လေးလေးနက်နက်သိရပါတယ်။ ဒါကြောင့် ကျန်မာရေးကို အထူးဂရုစိုက်ပါ။

၆။ အနာဂတ်အတွက် ဘာတွေလုပ်ထားပြီလဲ

* လူတိုင်းမှာ ဘဝအနာဂတ်ဆိုတာ ကိုယ်စီရှိကြပါတယ်။

* အနာဂတ်လှပအောင် သတိကြီးစွာနဲ့ အခုကတည်းက ကြိုးစားထားဖို့ လိုအပ်ပါတယ်။ မကြိုးစားရင်နောင်ခါ အခက်တွေ့ပါမယ်။

* အနာဂတ်အတွက် မစိုးရိမ်ရအောင် အခုကတည်းက တွေးထားပါ။

* အနာဂတ်အတွက် ကောင်းမွန်အောင် အခုကတည်းက ပြင်ဆင်ထားပါ။

* အနာဂတ်အတွက် အဆင်ပြေအောင် အခုကတည်းက အစီစဉ်ဆွဲထားပါ။

* အနာဂတ်အတွက် ပြည့်စုံမှုရှိအောင် အခုကတည်းက ရင်းနှီးမြှပ်နှံထားပါ။

* အနာဂတ်အတွက် အေးချမ်းအောင် အခုကတည်းက အလုပ်လုပ်ထားပါ။

၇။ အပေါင်းအသင်း များချင်ရင် ဘာလုပ်ရမလဲ

* ပညာမတတ်ရင် မိတ်ဆွေအပေါင်းအသင်း နည်းပါးတတ်ပါတယ်။ ပညာတတ်အောင် ကြိုးစားသင်ယူလေ့လာပါ။

* စီးပွါးဥစ္စာမရှိရင် မိတ်ဆွေအပေါင်းအသင်း နည်းပါးတတ်ပါတယ်။ စီးပွါးဥစ္စာပြည့်စုံအောင် ကြိုးစားလုပ်ကိုင်ပါ။

* အကျင့်စာရိတ္တမကောင်းရင် မိတ်ဆွေအပေါင်းအသင်း နည်းပါးတတ်ပါတယ်။ အကျင့်စာရိတ္တကောင်းအောင် ကြိုးစားနေထိုင်ပါ။

* ဆက်ဆံရေးမကောင်းရင် မိတ်ဆွေအပေါင်း အသင်း နည်းပါးတတ်ပါတယ်။ ဆက်ဆံရေးကောင်းအောင် ကြိုးစားနေထိုင်ပါ။

* မှန်မှန်ကန်ကန်မရှိရင် မိတ်ဆွေအပေါင်းအသင်း နည်းပါးတတ်ပါတယ်။ မှန်မှန်ကန်ကန်ရှိအောင် ကြိုးစားနေထိုင်ပါ။

* တစ်ကိုယ်ကောင်းဆန်ရင် မိတ်ဆွေအပေါင်းအသင်း နည်းပါးတတ်ပါတယ်။ တစ်ကိုယ်ကောင်းမဆန်အောင် ကြိုးစားနေထိုင်ပါ။

* ဖြူစင်ရိုးသားသောစိတ်ထားမရှိရင် မိတ်ဆွေအပေါင်းအသင်း နည်းပါးတတ်ပါတယ်။ ဖြူစင်ရိုးသားသော စိတ်ထားရှိအောင် ကြိုးစားနေထိုင်ပါ။

၈။ မျိုးစေ့စိုက်တာ ပမာယူပါ

* လူ့ဘဝဆိုတာ ကိုယ်စိုက်ပျိုးတာတွေကိုပဲ ကိုယ်ဆွတ်ခူးရတာပါ။

* တန်ဖိုးမရှိတဲ့မျိုးစေ့ကိုစိုက်ပျိုးရင် တန်ဖိုးမရှိတဲ့ အသီးကိုပဲဆွတ်ခူးရပါမယ်။ တန်ဖိုးမရှိတဲ့မျိုးစေ့ကို စိုက်ပျိုးပြီး တန်ဖိုးရှိတဲ့ အသီးကိုဆွတ်ခူးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

* တန်ဖိုးရှိတဲ့မျိုးစေ့ကို စိုက်ပျိုးမှ တန်ဖိုးရှိတဲ့အသီးကို ဆွတ်ခူးနိုင်ပါမယ်။

* ထို့အတူပါပဲ ဘဝမှာ သာမန်အခြေနေမျှ စဉ်းစား၊ ပြောဆို၊ လုပ်ကိုင်ရင် သာမန် ဘဝအခြေအနေမှာပဲ နေရပါမယ်။

* သာမန်အခြေအနေမျှ စဉ်းစား၊ ပြောဆို၊ လုပ်ကိုင်ပြီး အကောင်းဆုံးဘဝမှာ ရပ်တည်နေနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

* အကောင်းဆုံးအခြေအနေကို စဉ်းစား၊ ပြောဆို၊ ကြိုးစားလုပ်ကိုင်ထားမှ အကောင်းဆုံး ဘဝအနေအထားမှာ ရပ်တည်နေနိုင်ပါမယ်။

၉။ ကိုယ့်ကိုယ်ကိုယ် မလိမ်ညာပါနဲ့

* ကိုယ့်ကိုယ်ကိုယ် လိမ်ညာတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးရာရောက်ပါတယ်။

* ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးရာမရောက်အောင်ပညာသင်ယူဆည်းပူးတဲ့အခါ ကိုယ့်ကိုယ်ကိုယ် မလိမ်ညာပါနဲ့။

* စီးပွါးရေးလုပ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် မလိမ်ညာပါနဲ့။

* ကုသိုလ်ကောင်းမှုတွေပြုလုပ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် မလိမ်ညာပါနဲ့။

* အများအကျိုးတွေဆောင်ရွက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် မလိမ်ညာပါနဲ့။

* ကိုယ့်ဘဝမှာ ဘာပဲလုပ်လုပ် ကိုယ့်ကိုယ်ကိုယ် မလိမ်ညာပါနဲ့။ ကိုယ့်ကိုယ်ကိုယ် လိမ်ညာရင် ကိုယ်ပဲ နစ်နာ ဆုံးရှုံး ပျက်စီးရပါတယ်။

* ကိုယ့်ကိုယ်ကိုယ် လိမ်ညာရင် ကိုယ်ပဲစိတ်ပင်ပန်း ဆင်းရဲရပါတယ်။

* ကိုယ့်ကိုယ်ကိုယ် လိမ်ညာရင် ကိုယ်ပဲ အကျိုးယုတ်ရပါတယ်။

၁၀။ ကျေးဇူးဘယ်လိုဆပ်မှာလဲ

* သားသမီးတစ်ယောက်ဟာ မိဘရဲ့ ကောင်းစေချင်လို့ပြောတဲ့ စကားကို နားထောင်ရင် မိဘကိုကျေးဇူးဆပ်ရာရောက်ပါတယ်။

* တပည့်တစ်ယောက်ဟာ ဆရာရဲ့ ကောင်းစေချင်လို့ ပြောတဲ့စကားကို နားထောင်ရင် ဆရာကို ကျေးဇူးဆပ်ရာရောက်ပါတယ်။

* လူငယ်တစ်ယောက်ဟာ လူကြီးလူကောင်းရဲ့ ကောင်းစေချင်လို့ပြောတဲ့စကားကို နားထောင်ရင် လူကြီးလူကောင်းကို ကျေးဇူးဆပ်ရာရောက်ပါတယ်။

* နောက်လိုက်ငယ်သားတစ်ယောက်ဟာ ခေါင်းဆောင်လမ်းညွှန်ပြသူရဲ့ ကောင်းစေချင်လို့ ပြောတဲ့စကားကို နားထောင်ရင် ခေါင်းဆောင် လမ်းညွှန်ပြသူကို ကျေးဇူးဆပ်ရာရောက်ပါတယ်။

* အသက်သိက္ခာဂုဏ်ငယ်သူတစ်ယောက်ဟာ ကိုယ့်ထက် သီလသမာဓိပညာ အသက်သိက္ခာဂုဏ်ကြီးသူရဲ့ ကောင်းစေချင်လို့ပြောတဲ့ စကားကို နားထောင်ရင် ဂုဏ်ကြီးမားသူကို ကျေးဇူးဆပ်ရာရောက်ပါတယ်။

မိမိကိုယ်ကို တန်ဖိုးရှိစွာ ပြုပြင်ပြောင်းလဲနိုင်ပါစေခင်ဗျာ။

  • မိမိကိုယ်ကို ပြုပြင်ခြင်း (၁)

https://sarphat.com/posts?id=2684

  • မိမိကိုယ်ကို ပြုပြင်ခြင်း (၂)

https://sarphat.com/posts?id=2753

  • မိမိကိုယ်ကို ပြုပြင်ခြင်း (၃)

https://sarphat.com/posts?id=2830

ᏂᏗᏒᏬᏦᎥ ( April 10, 2024 . 9:17 PM )

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအပေါ်ယံသမားစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)