သင်္ကေတ
ဆောင်းပါးအပိုင်းလေး ဆက်ကြရအောင်။
ဟိုတစ်နေ့က ကျွန်မရဲ့ စာဖတ်ခြင်း အစီအစဉ်စတင်ခဲ့ပြီးခဲ့ပါပြီ၊ ဘယ်လိုစတင်ခဲ့လဲဆိုတာလေး ဆက်ပြောပြပေးပါမယ်။
ကျွန်မ စာစဖတ်တာက ထူးထူးဆန်းဆန်းတော့သိပ်မရှိ၊ သူများစာဖတ်တာကို သဘောကျပြီး လိုက်ဖတ်ခြင်းမျိုး၊
အဲ့မှာ သူများက ကျွန်မအိမ်ဘေးက အစ်မကြီးတစ်ယောက်ပါ၊ အဲ့အစ်မကြီးက စာဖတ်ရတာ ဝါသနာပါတဲ့လူတစ်ယောက်ထင်ပါတယ်၊ သူနဲ့ ကျွန်မ သိရင်း Messenger ကနေစကားစပြောဖြစ်တာပါ၊ ဒီတိုင်းစကားပြောကြရင်း သူမက ကျွန်မကို စာဖတ်လား မေးတယ်၊ ကျွန်မလဲ ဒီတိုင်းဟိုဟိုဒီဒီတော့ လိုက်ဖတ်တတ်တယ်လို့ ဖြေလိုက်ပါတယ်၊ အဲ့တာနဲ့သူမက ကျွန်မကို သူစာအုပ်တစ်အုပ်ရှာနေတာရှိတယ် ဝိုင်းရှာပေးဖို့ပြောတယ်၊ ကျွန်မလဲ မေးလိုက်တယ် စာအုပ်နာမည်ကို...
စာအုပ်နာမည်က ကျွန်မတစ်ခါမှမကြားဖူးတဲ့စာအုပ်ပဲ၊ဒါပေမဲ့ ကျွန်မ ရှာပေးမယ်လို့ ပြောထားတော့ မရရအောင် ရှာပေးလိုက်ပါတယ်။
စာအုပ်နာမည်လေးက စာရေးဆရာမ ဂျူးရေးသားထားတဲ့ "ကြာတော့သည်လည်း မောင့်စကား" စာအုပ်ပဲဖြစ်ပါတယ်၊ အဲ့စာအုပ်ကို ကျွန်မ Google ကနေ Pdf File နဲ့ရှာပြီး ပို့ပေးလိုက်ပါတယ်၊ ကျွန်မအကျင့်လေးကောင်းတယ်ပဲပြောရမယ်၊ ရှာပေးပြီး ဒီတိုင်းမထားပဲ ကျွန်မလဲ လိုက်ဖတ်ဖို့ စိတ်ကူးရခဲ့တယ်၊ အဲ့တာနဲ့ အဲ့တာကို ဖတ်ဖို့ PDF reader app ကျွန်မဖုန်းထဲမရှိတော့ Download လုပ်ပြီး စဖတ်ဖြစ်ခဲ့တာပဲ၊
အရင်က ဒီလို ဖတ်လို့ရမှန်းမသိခဲ့၊
ကျွန်မ အဲ့စာအုပ်ကို စဖတ်ပြီးထဲက စာဖတ်ခြင်းအကျင့်စတင်စွဲခဲ့တာပါပဲ...
ကျွန်မ အဲ့ချိန်တုန်းက ငယ်သေးတော့ အဲ့စာအုပ်ကိုဖတ်ခဲ့ပေမဲ့ သေချာနားမလည်ခဲ့၊ စာအုပ်ကိုပြီးအောင်သာ သေချာဖတ်ဖြစ်ခဲ့၊ အဲ့ထဲက အကြောင်းအရာတွေကိုတော့ ကျွန်မ မှတ်ဉာဏ်ထဲ စွဲထင်နေဆဲ...
ကျွန်မ အခုတော့ နောက်တစ်ခေါက်ပြန်ဖတ်ပြီး စာအုပ်ထဲက ပေးချင်တဲ့ Message ကို သေချာသိချင်လာခဲ့ပြီ။
အဲ့စာအုပ်လေးပြီးတော့ ကျွန်မရဲ့ ဒုတိယမြောက်စာအုပ်က အဲ့စာအုပ်ထဲက ဇာတ်ကောင်ကို သူ့မိခင်မှ ဖတ်ခိုင်းသော စာအုပ်ကိုလိုက်ဖတ်ခြင်းပါပဲ။
အဲ့စာအုပ်ကိုလည်း ကျွန်မကိုယ်တိုင် ရှာပြီး ဖတ်တတ်လာခဲ့ပြီ။
စာအုပ်လေးနာမည်နဲ့ နောက်ထပ်အကြောင်းကိုတော့ နောက်အပိုင်းဆက်ရန်.......
(Part 1 )
April 14 Sunday 2024
@Ag
#အတွေးစုများ
Keep Reading