SarPhat Author
Microeconomic နှင့် Macroeconomic ဆိုတဲ့ စကားလုံးတွေ စီမံခန့်ခွဲမှုဘာသာရပ်ကို လေ့လာနေသူများနှင့် စီပွားရေးလုပ်ငန်းရှင် တော်တော်များများအတွက် ကြားဖူးနေကြ စကားလုံးတွေပါ။
ယနေ့ နိုင်ငံရေးပညာရှင်တွေ ပြောလေ့ရှိတဲ့ စကားလုံးကတော့ Macroeconomic ဆိုတဲ့ စကားလုံးပေါ့။ နိုင်ငံရေးပညာရှင်များရဲ့ ပါးစပ်ဖျားမှာ "Macroeconomic ကို ကောင်းအောင်လုပ်နိုင်ရမယ်" ဆိုပြီး တွင်တွင်ကျယ်ကျယ် ပြောနေတတ်ကြပါတယ်။
အဲဒီတော့ Macroeconomic ဆိုတာ ဘာလဲပေါ့…
ဟုတ်ကဲ့...Macro ဆိုတဲ့ စကားလုံးက Greek စာလုံး"makros-(large)" ကြီးမားသော ဆိုတဲ့ အဓိပ္ပာယ်ကနေ ဆင်းသက်လာတာဖြစ်ပါတယ်။ အဲဒါကို economic နဲ့ ပေါင်းလိုက်တော့ “ကြီးမားကျယ်ပြန့်သော စီပွားရေး” လို့ ဆိုလိုရင်း ဖြစ်တည်လာပြီး နိုင်ငံတစ်ခုလုံးရဲ့ စီးပွားရေးကို ခြုံငုံကြည့်တဲ့ သဘောဆောင်ပါတယ်။
Macroeconomics က နိုင်ငံတစ်နိုင်ငံရဲ့ စုစုပေါင်း ထွက်ကုန် (Total Output)၊ အလုပ်အကိုင်ရရှိမူ (Total Employment)၊ စုစုပေါင်း ဝင်ငွေ (Total Income)၊ အသုံးစရိတ် (Aggregate Expenditure) နှင့် ပျှမ်းမျှကုန်စျေးနှူန်း တို့ကို ခြုံငုံသုံးသပ်ပြီး အမျိုးမျိူးသော စီပွားရေးပြဿနာတွေကို လေ့လာရပါတယ်။
Macroeconomics ဟာ ရေရှည်နိုင်ငံစီးပွားရေးတိုးတက်မူ (Long Term Economic Grow) နှင့် လတ်တလော ထုတ်ကုန်၊ အလုပ်ရာခိုင်နှုန်း အတက်အကျ (Short Run Fluctuation) လို့ခေါ်တဲ့ (Business Life Cycle) ကို အဓိကထားပြီး လေ့လာသုံးသပ်ကြည့်ရပါတယ်။
စီးပွားရေးပညာရှင်တွေက နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး တက်နေလား? ကျနေလား? ဘယ်အခြေအနေမှာ ရှိနေလဲဆိုတာကို ပြည်တွင်းထွက်ကုန် (Real GDP - output)၊ အလုပ်လက်မဲ့ ရာခိုင်နှူန်း(Unemployment) နှင့် ငွေကြေးဖောင်းပွမူတွေ (Inflation) အပေါ်မှာ မှုတည်ပြီး တွက်ချက်ကြပါတယ်။
GDP ဆိုတာ ဘာလဲဆိုရင်…
Gross Domestic Product (GDP) နိုင်ငံတစ်နိုင်ငံအတွင်း သတ်မှတ်ထားတဲ့ အချိန်တစ်ခု (အများအားဖြင့်
နှစ်တစ်နှစ်) မှာ စုစုပေါင်းထုတ်လုပ်တဲ့ နောက်ဆုံး ထုတ်ကုန် (Final Goods) ပမာဏဖြစ်ပါတယ်။
GDP ကို ဘယ်လိုတွက်လဲ?
GDP ကိုတွက်တဲ့နည်း (၂) နည်းရှိပါတယ်။ ပထမတစ်နည်းက (Expenditure Approach) သုံးငွေပမာဏနဲ့ တွက်ချက်တာပါ။ ဒုတိယတစ်နည်းကတော့ (Income or Allocated Approach) ဝင်ငွေအပိုင်းကနေ တွက်တာပါ။
လုပ်အားခ၊ ငှားရမ်းခ၊ အတိုး၊ အမြတ်တို့ကို ပေါင်းပြီး အတိုးအလျှော့လုပ်ကြည့်ရင် တွက်ချက်နည်း (၂) နည်းလုံးက တူညီတဲ့ GDP ပဲ ထွက်လာမှာပါ။ နိုင်ငံတိုင်းလိုလိုမှာ အများဆုံးသုံးလေ့ရှိတဲ့ Expenditure Approach ဘက်ကိုပဲ သုံးပြီးတွက်တဲ့နည်းကို လေ့လာကြည့်မယ်ဆိုရင် …
Expenditure approach -
GDP= C + I(g) + G + X(n)
C ဆိုတာက (Personal Consumption Expenditures) လို့ခေါ်တဲ့ လူတစ်ဉ်ီးတစ်ယောက် (သို့မဟုတ်) အိမ်တောင်စုတစ်စုရဲ့ အသုံးစရိတ်ပါ။
I(g) ဆိုတာကတော့ (Gross Private Domestic Investment) လို့ခေါ်တဲ့ တစ်ဦးပိုင်ရင်နှီးမြုပ်နှံမှုဖြစ်တဲ့ နိုင်ငံတိုးတက်စေဖို့ စက်ပစ္စည်း၊ အဆောက်အဦးတွေကအစ ပါပါတယ်။
G ဆိုတာကတော့ (Government Purchases) လို့ခေါ်တဲ့ ပြည်သူတွေ အသုံးပြုဖို့အတွက် ဝယ်ယူမှုနှင့် ရင်းနှီးမြုပ်နှံမှုဖြစ်တဲ့ ပြည်သူတွေသုံးဖို့ အမြန်ရထားတွေ၊ YBS ကားဝယ်ယူမူတွေ၊ ပြည်သူတွေအတွက် ဖောက်လုပ်ထားတဲ့ လမ်း၊ တံတား၊ ဆေးရုံ၊ ကျောင်းတွေ အစရှိတဲ့ ရေရှည်ရင်နှီးမြုပ်နှံမှုကို ဆိုလိုတာပါ။
နောက်ဆုံး X(n) ကတော့ Net Export (Export - Import) ဖြစ်တဲ့ အသားတင် တင်ပို့ရောင်းချမှု၊ ဥပမာ - နိုင်ငံတော်ကနေ တင်သွင်းထားတဲ့ $20,000 ထဲက တခြားနိုင်ငံကို တင်ပို့ထားတဲ့ $10,000 ကို နုတ်လိုက်တာပါ။ အခုလို Import က Export ထက်များနေရင်တော့ အခြေအနေ သိပ်အကောင်းကြီး မဟုတ်တော့ဘူး။ ဒါကလည်းအခြေအနေအရပေါ့ဗျာ…
ဒါတွေအားလုံးပေါင်းလိုက်ရင် နိုင်ငံတစ်နိုင်ငံရဲ့ GDP ရပါတယ်။
အောင်မြင်တဲ့ စီးပွားရေးဗျူဟာများရဲ့ အဓိကပါဝင်တဲ့ တစ်ချက်ကတော့ လုပ်ငန်းတစ်ခုချင်းစီနှင့် စက်မှုလုပ်ငန်းတစ်ခုလုံးကို ပုံဖော်ပေးတဲ့ Macroeconomic အကြားမှာရှိတဲ့ သိမ်မွေ့တဲ့ ဆက်သွယ်မှုတစ်ခုဖြစ်ပါတယ်။
စွန့်ဦးတီထွင်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များဟာဆိုရင် ဈေးကွက်အခြေအနေနှင့် စားသုံးသူအမူအကျင့်များရဲ့ အရေးပါမှုကို သေချာနားလည်ထားပေမဲ့လည်း၊ သူတို့ထဲက အများစုကတော့ သူတို့လုပ်ငန်းရဲ့ နေ့စဥ်ဆောင်ရွက်မှုများအပေါ် Macroeconomic က လေးနက်တဲ့ အကျိုးသက်ရောက်မှုရှိတယ်ဆိုတာကို သေချာလေး နားမလည်ကြပါဘူး။
ဆိုတော့ အောင်မြင်တဲ့ စီးပွားရေးဗျူဟာများရဲ့ လျှို့ ဝှက်ချက်တစ်ခုကတော့ Microeconomic နှင့် Macroeconomic အကြောင်းကို သေချာနားလည်ထားခြင်းဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အတိုးနှုန်း၊ ငွေကြေးဖောင်းပွမှုနှင့် အစိုးရမူဝါဒ အပြောင်းအလဲများက စီးပွားရေးလောကကို တုန်လှုပ်စေကာ ထုတ်လုပ်မှုကုန်ကျစရိတ်မှ စားသုံးသူအသုံးစရိတ်အထိ အရာအားလုံးအပေါ် သက်ရောက်မှုရှိပါတယ်။
လုပ်ငန်းရှင်များအနေနဲ့ အဆိုပါ Macroeconomic ပြောင်းလဲမှုများကို လက်ခံပြီး လိုက်လျောညီထွေအောင် လုပ်ဆောင်နိုင်မယ်ဆိုရင် စီးပွားရေးလုပ်ငန်းများမှာလည်း အမြတ်အစွန်းများ ရရှိနိုင်နိုင်တဲ့အပြင် စီးပွားရေးမတည်ငြိမ်မှုများကိုလည်း ပိုမိုခံနိုင်ရည်ရှိစွာ ရင်ဆိုင်လာနိုင်မှာဖြစ်ပါတယ်။
မိတ်ဆွေတို့လည်း ကိုယ်ရဲ့ လုပ်ငန်းကို ရေရှည်တိုးတက်အောင် ထိန်းသိမ်းနိုင်ဖို့ Macroeconomic အကြောင်းကို သေချာနားလည်အောင် ပြင်ဆင်ထားပါ။ ဒီနေ့ ဆောင်းပါးလေးကတော့ ဒီလောက်ပါပဲ။ နောက်ရက်မှာ ပြန်တွေ့ကြတာပေါ့…
Keep Reading