Aung Thu Ya Kyaw
အေးဂျင့်ကြီးတွေဟာ အွန်လိုင်း မီဒီယာ ထိုးဖောက်မှု အားနည်းလှပါတယ်။ ယနေ့ခေတ် အခုမှ စမဲ့ အေးဂျင့်ငယ် တွေလည်း မီဒီယာ အသုံးချမှု အားနည်းတာတွေရှိပါတယ်။
အိမ်ခြံမြေ ကုမ္ပဏီကြီးတွေ (သို့) အားနဲ့အင်နဲ့ လုပ်နိုင်တဲ့ အေးဂျင့် များ အနေဖြင့် မီဒီယာ အသုံးချ ဗီဒီယိုတွေ ဖန်တီးရိုက်ကူးလာနိုင်ပေမယ့် ရိုးရိုးရှင်းရှင်းသမားကြီးတွေကတော့ ဓာတ်ပုံတစ်ပုံရိုက်ဖို့တောင် မတည့်တဲ့ သူတွေ ရှိနေပါသေးတယ်။
တကယ့်ပညာတွေဟာ ထို ဓာတ်ပုံတစ်ပုံတောင် မတည့် မရိုက်တတ်တဲ့ သူတွေက တကယ်ရှိကြပါတယ်။ ပညာဆိုတာထက် ပိုတာက အတွေ့အကြုံတွေပါ။ အတွေ့အကြုံဆိုတာ ကိုယ်တိုင် တကယ်ယူနိုင်မှ အချိန်တစ်ခုကြာပေးဆပ်ရတာပါ။
တကယ်တော့ လုပ်နိုင်တဲ့သူတွေဟာ Website နဲ့ နိုင်ငံခြား အိမ်ခြံမြေစာအုပ်တွေမှီငြမ်း၊ AI တွေအသုံးချ Content တွေဖန်တီးတတ်ခြင်း (ကျွန်တော်ကတော့ စာအုပ်တွေကို အတိုချုပ်လုပ်ခိုင်းတဲ့ အခါ သုံးပါတယ်။) နဲ့ အတွေ့အကြုံသေးသေးလေးတွေနဲ့ စမ်းလုပ်နေကျတာမျိုးအတွေ့များပါတယ်။
ဒီလိုလုပ်တာတွေက တစ်ချို့ အရာတွေကလက်တွေ့ မဆန်လှပါဘူး။
ဥပမာ -
ဘဏ်ချိတ်တွေနဲ့ ရင်းနှီးမြှုပ်နှံမှု အများကြီး လုပ်လို့ရကြောင်း ပြောပေမယ့် ဘဏ်ချိတ်ရဖို့ ဘယ်အခြေခံလူတန်းစားမှ မရနိုင်သလို၊ လုပ်ငန်း လုပ်နေတဲ့သူတွေတောင် မရနိုင်တဲ့သူတွေ ရှိပါတယ်။ ဒါ့အပြင် ဘဏ်တွေဘက်ကလည်း ၁၀၀% အပြည့် မချပေးနိုင်သေးပါဘူး။ ဒါတွေကို မသိဘဲ ဘဏ်ချိတ်ဖြင့် ရင်းနှိးမြှုပ်နှံခြင်း အကြောင်း သွားပြောပြန်ရင်လည်း နားမလည်တဲ့သူတွေ များပါတယ်။
ဒီတော့ ဘဏ်ချိတ်အစား Network တစ်ခုဖြင့် မည်သို့မည်ပုံ ရင်းနှီးမြှုပ်နှံသင့်ကြောင့် ဘယ်လို Network တစ်ခုဖွဲ့စည်းသင့်ကြောင်း ယုံကြည်ရတဲ့ သူတွေ ရှာဖွေကြိုးစားသင့်ကြောင်း ကြားဖြတ်ပြောဖို့ လက်တွေ့ဆန်ဖို့ ပြောနိုင်ဖို့ လိုအပ်ပါတယ်။
အေးဂျင့် ကြီးတွေဟာ ကင်မရာ ရှေ့ထိုင်ပြော ရင် မပြောတတ်ကြပေမယ့် အချင်းချင်း လက္ဖရည်ဆိုင်မှာတွေ့ခဲ့ကြရင် စကားပြောလို့ အရမ်းကောင်းပြီး စေတနာပါတဲ့ အေးဂျင့်ကြီးတွေရှိပါတယ်။ ပညာတွေလည်း ဖလှယ်ကြသလို တစ်ယောက်နဲ့ တစ်ယောက် ဟာသလေးတွေ ကြားညှက်ပြောတာလေးတွေက မပျင်းရပါဘူး။
ကင်မရာ ရှေ့ မပြောဖြစ်ခဲ့ရင်တောင် အငယ်တွေ အတွက် စာများများ ဗဟုသုတတွေ မျှဝေပေးစေချင်ပါတယ်။
တစ်ယောက်နဲ့ တစ်ယောက်နဲ့ အသက်ငယ်ငယ်ကြီးကြီး သဘောမထားဘဲ ကိုယ်သိတာ တတ်ပြော ရှင်းပြတဲ့ တွေ့စုံပွဲတွေ လုပ်ဆောင်သင့်ပါတယ်။ ကြီးတဲ့လူတွေက အတွေ့အကြုံတွေ ပြောပြ၊ ငယ်တဲ့သူတွေကလည်း ပြောင်းလဲလာတဲ့ ခေတ်နဲ့အညီ သိလာတဲ့ အသိပညာတွေ မျှဝေကြရင်း ဘယ်လောက်ကောင်းလိုက်မလဲ? စဉ်းစားမိပါတယ်။
ဒီနေရာမှာ တစ်ခု ပြောလိုတာက အေးဂျင့်ကြီးတွေ အနေနဲ့ ဗီဒီယို မဖန်တီးနိုင်တာ တစ်ခုတည်းမဟုတ်သလို စာလည်း အရေးနည်းကျပါတယ်။
ကျွန်တော်တို့ စာရေးနိုင်ပြောနိုင်ဖို့ ဆိုတာ အေးဂျင့် ကြီးတွေရဲ့ အကူအညီတွေ အများကြီးလိုပါတယ်။ ကျွန်တော်တို့ နိုင်ငံခြား အကြောင်းတွေကြိုက်သလို ရှာဖွေဖတ်လို့ရတယ်။ မြန်မာနိုင်ငံအကြောင်း သိချင်ရင်တော့ ထိုအေးဂျင့် ကြီးတွေကို မှီငြမ်းရပါလိမ့်မယ်။ အတွေ့အကြု့တွေ ကိုယ်တိုင်ကြုံပြီးမှ ယူလို့ရပါတယ်။
အေးဂျင့်ကြီးများ အနေဖြင့် ဗီဒီယို မလုပ်နိုင်ရင်တောင် စာလေးတွေရေးပေးစေချင်ပါတယ်။ ကျွန်တော်တို့ လူငယ် အေးဂျင့် တွေ အနေနဲ့ အေးဂျင့်ကြီးတွေရဲ့ အတွေ့အကြုံ၊ သမိုင်းကြောင်း တွေအများကြီး နားထောင်ချင်ပါတယ်။
အိမ်ခြံမြေအကြောင်း လိုက်မှီဖို့ ကြိုးစားရတာ လွယ်သယောင်ရှိပေမယ့် တကယ်ခဲယဉ်းလှပါတယ်။ တကယ်ကြိုးစားပြီး ပညာရှာဖွေနေသူတွေပဲ အသိတရား ပိုမိုရရှိလာမယ်လို့ ယုံကြည်ပါတယ်။
#အိမ်ခြံမြေအကြောင်းလေ့လာပါ
Keep Reading