Insights with Seth
ဟိုးအရင်တုန်းက အလုပ်တွေက အလွန်သက်သာသည်။ အဖိုးတို့၊ အဖွားတို့ခေတ်တုန်းကဆို BA ပြီးရင် မြို့အုပ်လောက်ရသည်။ ၈ တန်းအောင်ရင် ရုံးစေလောက်တော့ဝင်လုပ်လို့ရသည်။ (၂၀၀၀) ပြည့်နှစ်ပိုင်းအလုပ်တွေကျတော့လည်း ကွန်ပြူတာလောက်ရိုက်တတ်ရင်ကို တော်တော်အလုပ်ဖြစ်ပြီ။ နောက်ပိုင်း အင်တာနက်သုံးနိုင်ရင် ဆရာကြီးအဆင့်ပေါ့။ ဒီဘက်ခေတ်ပိုင်းအလုပ်တွေကတော့ တဖြည်းဖြည်းနဲ့ တောင်းဆိုမှုတွေများလာသည်။ ကုမ္မဏီဝန်ထမ်းဆိုလျှင် ကွန်ပြူတာ၊ အင်တာနက်ဆိုတာ basic skill လောက်မျှသာ ဖြစ်လာသည်။ အားသာချက်တွေမဟုတ်တော့။ ရှိလျှင် မသိသာ၊ မရှိလျှင် တစ်ဆင့်နိမ့်မည့်ပုံစံမျိုးသာ ဖြစ်လာသည်။
နောက်ပိုင်း ဝန်ထမ်းဆိုတာက သက်ဆိုင်ရာ Professional လုပ်တတ်ရုံတင်မဟုတ်တော့ဘဲ ပေါင်းသင်းဆက်ဆံရေးတွေ၊ ဖိအားကြားအလုပ်လုပ်လာနိုင်တာတွေ၊ ဖြတ်ထိုးဥာဏ်ကောင်းတာတွေ စတဲ့ စတဲ့ soft skill ပိုင်း တောင်းဆိုမှုတွေပါ မြင့်တက်လာတယ်။ ဒီလို Skill တွေထဲကမှ နောက်ပိုင်း ဘယ်နယ်ပယ်မှာမဆို (Finance, HR, Sales, Marketing...) အခြေခံလိုအပ်လာတဲ့ Skill နှစ်ခုကတော့ Research ပြုလုပ်နိုင်စွမ်းနဲ့ Analysis လုပ်နိုင်စွမ်းတွေ က မဖြစ်မနေ ပါဝင်လာပါတယ်။
ဆိုပါစို့.... HR နယ်ပယ်မျိုးမှာတောင် Research & analytic skill တွေဟာ function တိုင်းမှာ လိုအပ်လာတယ်။ Talent Acquisition (TA) အပိုင်းမှာဆိုရင်လည်း ဘယ်လို Platform တွေက ကိုယ့်ရဲ့ recruitment အတွက် effective ဖြစ်စေလည်းဆိုတာမျိုးကို research & analysis လုပ်လို့ရသလို လက်ရှိ၊ အနာဂတ် workforce ရဲ့ လိုအပ်ချက်များ၊ ပြောင်းလဲမှုများအတွက်လည်း research ပြုလုပ် သုံးသပ်နိုင်တယ်။ Employee Engagement and Satisfaction အပိုင်းတွေမှာလည်း Survey ကောက်တာမျိုးတွေ၊ Focus Group Discussion လုပ်တာမျိုးတွေပြုလုပ်ပြီး ကိုယ့်လုပ်ငန်းခွင့်ဝန်ထမ်းများရဲ့ ပကတိအနေအထားကို သိရှိနိုင်တယ်။ Training & Development မှာဆိုလည်း ကိုယ်ဝန်ထမ်းတွေရဲ့ personal development/career development အတွက် စဥ်ဆက်မပြတ် Tracking လုပ်နိုင်ပြီး Performance Management အတွက် အဖိုးတန်တဲ့ insights တွေနဲ့ လမ်းပြပေးနိုင်တယ်။ ဒါတွေသာမက Compensation & Benefits တွေ၊ Workplace well-being တွေ၊ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ HR trends, turnover rate improvement အားလုံးမှာ reserach & analysis လုပ်တာကို ကောင်းကောင်းကြီးအသုံးပြုဖို့လိုလာတယ်။ ဒါမှာလည်း HR Functions အားလုံးအတွက် data-driven decငsion makeing, evidence-based decision making ကို သိသိသာသာ အသုံးပြုလာနိုင်မှာ ဖြစ်ပါတယ်။
ဒါဟာ Research & Analysis ကိုသိပ်မလိုအပ်ဘူးထင်လောက်တဲ့ HR နယ်ပယ်တစ်ခုလောက်ကိုပဲ ဥပမာ အနေနဲ့ ရေးပြထားပါ။ Sales, Marketing, Finance, Procurement လိုနယ်ပယ်မျိုးတွေမှာဆိုရင် every single function တိုင်းအတွက် ဘယ်လောက်တောင် လိုအပ်မလဲဆိုတာကို ဖြည့်စွက်စဥ်းစားကြည့်နိုင်ပါတယ်။
ဆိုတော့ကား...အနှစ်ချုပ်ပြန်ပြောရရင် business environment က ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာတာနဲ့အတူ Employee တစ်ယောက်ရဲ့ အခြေခံလိုအပ်တွေဟာ ကွန်ပြူတာသုံးတတ်ရုံ၊ အင်တာနက်သုံးတတ်ရုံလောက်နဲ့တင် မလုံလောက်တော့ပါဘူး။ Soft Skill ပေါင်းများစွာ၊ Interpersonal Skill တွေ၊ Chat GPT, Brad လိုမျိုး AI တွေရဲ့ တိုးတက်လာတဲ့ နည်းပညာကို အမီလိုက်နိုင်မယ့် Technical Skill တွေဟာ Corporate Employee တစ်ယောက်မှာ အခြေခံအနေနဲ့ မဖြစ်မနေ လိုကို လိုအပ်လာပါတယ်။ ဒီမှာပြောပြချင်တာကလည်း ကိုယ့်လူတို့အနေနဲ့ ဒါတွေအပြင်ကိုမှ + Reseach & Analytic skill လိုမျိုး ခေတ်ကာလအရ ပိုမိုတောင်းဆိုမှုရှိလာတဲ့ Skill များကို ပေါင်းထည့်နိုင်ရင်း ကိုယ့်ရဲ့ Career Journey ကို ပိုမိုကောင်းမွန်တိုးတက်လာအောင် ဆောင်ရွက်နိုင်ဖို့ တိုက်တွန်းအပ်ပါတယ်။
Keep Reading