SarPhat Author
“ကိုယ်ပေးသော်လည်း
ပေးတိုင်းပြန်မရတာ အချစ်လို့ခေါ်သလား…”ဆိုတာ သီချင်းအနေနဲ့တော့ဟုတ်ပါတယ်။
Marketing မှာတော့ ဒါမျိုးသွားရှုပ်လို့မရပါဘူး။
ဘာကြောင့်လဲဆိုရင် ဘယ်သူမဆိုကိုယ်ပေးလိုက်ရတဲ့ဈေးထက် ပိုကောင်းတဲ့ Quality & Satisfaction လိုချင်ကြတာလူတိုင်းပါပဲ…
(၁)သိန်းဖိုးပေးရပြီး (၅)သောင်းဖိုးလောက် Quality & Service ပဲရမယ်ဆိုရင် ကိုယ့်လုပ်ငန်းက သိပ်မကြာခင်မှာပလုံသွားမှာပါ။
ဒါကြောင့် လုပ်ငန်းတိုင်းမှာ Customer Satisfaction ရဖို့အရေးကြီးသလို၊ မားကတ်တင်းကပေးတဲ့ Customer Satisfaction ကလည်း Authentic Value တစ်ခုဖြစ်ဖို့ အရေးကြီးပါတယ်။
ဒီတော့ Customer Satisfaction ရဖို့ဆိုရင်-
▪️ကျွန်တော်တို့ရဲ့ Product & Serviceဟာ Customer ရဲ့ ပြဿနာကိုဖြေရှင်းပေးနိုင်တဲ့အဖြေဖြစ်ရပါမယ်။
▪️ကိုယ့် Competitors တွေထက် နှာတဖျားသာတဲ့ USP ရှိရပါမယ်။
▪️ကိုယ်ပေးတဲ့ကတိစကားကိုတာဝန်ယူပါ။ မဟုတ်လို့ရှိရင် ကျွန်တော်တို့အားလုံးဟာ All Marketers are liars ဖြစ်သွားပါလိမ့်မယ်။
▪️အမြဲတမ်း ကိုယ့် Product & Service ရဲ့ Quality အမြဲထိန်းပါ။
ဒါမှလည်း ကျွန်တော်တို့ရဲ့လုပ်ငန်းတွေဟာ Customer Satisfaction ရပြီး ရေရှည်ဆက်ဆံရေးကိုခိုင်မြဲစွာ တည်ဆောက်ထားနိုင်မှာ ဖြစ်ပါတယ်။
ဒီနေ့မျှဝေသွားတဲ့ Customer Satisfaction က သူငယ်ချင်းတို့အားလုံးအတွက် အကျိုးရှိမယ်လို့ယုံကြည်ပါတယ်ဗျ။
မင်္ဂလာရှိသောညချမ်းလေးဖြစ်ပါစေဗျာ။
-အေလီယန်
Keep Reading