Insights with Seth
ဒီတစ်ခေါက်တော့ research questionnaire တွေမှာ Brand Awareness ကိုသိရှိနိုင်ဖို့အတွက် ဘယ်လိုမျိုးမေးခွန်းတွေထည့်မေးကြမလဲ ဆိုတာပြောပြသွားပါမယ်။
Brand awareness ဆိုတာက ကိုယ့်ရဲ့ brand နဲ့ပတ်သက်ပြီး လူတွေကို ဘယ်လောက်သိရှိတယ်ဆိုတာမျိုးကို တိုင်းတာဖြစ်ပါတယ်။ အတွေ့များတဲ့ brand awareness ကိုမေးတဲ့ question တွေကတော့ -
“အောက်ပါအမှတ်တံဆိပ်များအနက် သင်သိသော အမှတ်တံဆိပ်များကို ပြောပြပါ”
“ ….. နှင့်ပတ်သက်ပြီးသင်သိသော အမှတ်တံဆိပ်များကိုပြောပြပါ” စသည်ဖြင့် မေးတတ်ကြတယ်။
ဒါပေမယ့် ဒီပို့စ်မှာ ပိုကောင်းတဲ့ Brand Awareness မေးမြန်းတဲ့ မေးခွန်းတွေအကြောင်းကို ပြောပြပါတယ်။
Brand Awareness Levels
မေးခွန်းတွေမပြောပြခင် Brand Awareness နဲ့ Level (3) မျိုးကို အရင်ပြောပြချင်ပါတယ်။
ဥပမာပြောရရင် ဆိုပါစို့ သင်ကရည်းစားတွေအများကြီးထားဖူးတယ်။ အဲဒီထဲက မှတ်မိတဲ့တစ်ယောက်ကိုပြောဆိုရင်အဲဒါက Top of Mind Awareness ပေါ့။ သူ့စိတ်ထဲမှာ အရင်ဆုံးစိတ်ထဲရောက်နေတဲ့သူ (အချစ်ဆုံးသူ) ဖြစ်လို့ပေါ့။
အဲဒီမှာမှ နောက်ထပ် ဘယ်သူမှတ်မိသေးလဲဆိုပြီးထပ်မေးလို့ သူကဖြေရင် အဲဒါက Spontaneous or Unaided Awareness. ထပ်ပြီး prompt လုပ်လို့ ထပ်ဖြေနိုင်တာမျိုးပေါ့။
နောက်ဆုံးကျတော့ ထားခဲ့ဖူးတဲ့ရည်းစားတွေအားလုံးရဲ့ ဓါတ်ပုံကို တစ်ပုံချင်းစီပြပြီး သူ့ကိုမှတ်မိလား လိုက်မေးတာမျိုးကျတော့ Aided Awareness လို့ခေါ်တယ်ဗျာ…
အဲဒါတော့ ကိုယ့်ရဲ့ brand က consumer တွေအတွက် ဘယ် Awareness Level ရောက်နေလဲဆိုတော ကောင်းကောင်းသိဖို့လိုမယ်။ လက်ရှိ Market ထဲမှာလည်း ကိုယ့်ရဲ့ဘရန်းက တခြားပြိုင်ဖက်တွေထက် TOM Awareness အများဆုံးယူထားနိုင်ရင်အကောင်းဆုံးပဲပေါ့။
ယေဘုယျအားဖြင့်တော့ TOM < Unaided < Aided ဆိုပြီးတော့ ငယ်စဥ်ကြီးလိုက်တော့ ရာခိုင်နှုန်းတွေများသွားတတ်ပါတယ်။ အနည်းဆုံးတော့ ကိုယ့်ရဲ့ Brand ဟာ Aided Awareness ထဲမှာတော့ လူကောင်းကောင်းသိသင့်ပါတယ်။
Brand Awareness Questionnaire
ဒါကြောင့် Marketing Research Questionnaire တွေထဲမှာ ဒီ Awareness Level (3) ခုကိုမေးရင်အောက်ပါအတိုင်း မေးလို့ရပါတယ်။
“သင်သိသော —----- နဲ့ဆိုင်တဲ့ အမှတ်တံဆိပ်များကိုပြောပြပါ။”
ဒီမေးခွန်းကနေ ကျွန်တော်တို့ဟာ ပထမဆုံးဖြေတဲ့အဖြေကို TOM အနေနဲ့ ယူဆပြီး ကျန် Brand တွေကို Unaided မှာမှတ်သားလို့ရပါတယ်။ ပြီးရင် “ဘာသိသေးလဲ၊ ဘာရှိသေးလဲ” ဆိုပြီးထပ်မေးလို့ရပါတယ်။ အဲလိုမေးလို့ဖြေပြီးထွက်လာတဲ့ အဖြေတွေကို Unaided အနေနဲ့မှတ်သားရပါမယ်။
သူဖြေလို့ကုန်ပြီဆိုရင်တော့ ကျွန်တော်တို့ဟာ ဈေးကွက်ထဲက ရှိတဲ့ ကျန်တဲ့ Brand များကို Show cards လုပ်ပြီး ဆက်မေးလို့ရပါတယ်။ ဒီကနေရတဲ့ အဖြေတွေကိုတော့ Aided Awareness အနေနဲ့ မှတ်သားနိုင်ပါတယ်။
ဒါဆိုရင်တော့ Marketing Research တွေမှာ Brand Awareness နဲ့ပတ်သက်တဲ့ အချက်အလက်ကို ပြည့်ပြည့်စုံစုံရရှိနိုင်မှာ ဖြစ်ပါတယ်။
Keep Reading