Insights with Seth
ကျွန်တော်တို့ ပုံမှန်အားဖြင့် သက်ဆိုင်ရာ Brand ပိုင်ရှင် (Brand Owner/team) ဟာ မိမိတို့ရဲ့ Brand နဲ့ပတ်သက်ပြီး ဈေးကွက်ထဲမှာ သုံးစွဲသူများကြား ပြိုင်ဘက် Brand တွေထက် လူသိများအောင်၊ ပိုမို ထိုးဖောက်နိုင်အောင်နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေကြပါတယ်။ တစ်ဖက်မှာ ဒီလိုထိုးဖောက်နေပေမယ့်လည်း တစ်ဖက်မှာလည်း မိမိတို့ရဲ့ Brand ရဲ့ သုံးစွဲသူများအကြားမှာ အခြေအနေ (ပေါက်ရောက်မှု) ကို ထားသိရှိအောင် ပြန်လည်ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် Brand တွေရဲ့ လက်ရှိဈေးကွက်ထဲမှာ အနေအထားကို ပြန်လည်စစ်ဆေးပေးခြင်း သို့ Brand Health Check/Track ကို အနည်းဆုံး တစ်နှစ်တစ်ကြိမ်လောက် စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။
What is Brand Health Check/Track?
BHC ဆိုကိုရှင်းရှင်းပြောပြရရင် လူတွေမှာ ကျန်းမာရေး စစ်သလိုမျိုး မိမိတို့ Brand ရဲ့ အခြေအနေကို Diagnosis လုပ်တဲ့သဘောပါပဲ။ ဒီလိုမျိုးလုပ်တဲ့အခုမှာ မိမိတို့ Brand profile ပေါ်မူတည်ပြီး Category consumer အကုန်လုံးပါဝင်သင့်သလို (E.g., မိမိတို့ Brand က Instant Coffee ဆိုရင် အသင့်ဖျော်ကော်ဖီသောက်သူအကုန်ပါဝင်သင့်) ကျား/မ၊ အသက်အရွယ်၊ Metro/urban/rural၊ Socioeconomic Class (SEC) စတာ တွေကိုလည်း မျှတစွာခွဲပြီး စစ်ဆေးသင့်ပါတယ်။
Brand Health Check လုပ်ရင်ဘာအကျိုးကျေးဇူးတွေရမလဲ။
BHC ဟာ နှစ်စဥ်စစ်ဆေးနေသင့်တဲ့အရာဖြစ်ပြီး အပေါ်မှာပြောသလို ကိုယ့် Brand ကို Diagnosis လုပ်နေတာမျိုးဆိုတော့ ကိုယ့်ရဲ့ Brand မှာဘာတွေလိုအပ်နေလဲကို တိတိကျကျသိနေနိုင်တယ်။ ဆိုပါစို ကိုယ့် Brand ရဲ့ Awareness က urban မှာတက်နေပြီး Rural မှာကျနေတတ်တာမျိုး။ ကိုယ့် Brand guideline နဲ့ consumer ဘက်က associate လုပ်မျိုးမှာ ကွဲလွဲနေတတ်တာမျိုးတွေ၊ Event တွေရဲ့ထိရောက်မှုကိုသိရှိနိုင်တယ်။ ဒါတွေကို အသုံးပြုပြီးတစ်နှစ်ချင်းစီသက်ဆိုင်ရာ Brand Plan ရေးဆွဲရမှာ ထည့်သွင်းစဥ်းစားပြီး အသုံးချနိုင်တယ်။
Brand Health Check/Track တစ်ခုမှာဘာတွေစစ်ကြလဲ။
ဒီတော့ ကိုယ့် Brand ရဲ့ကျန်းမာရေးကိုဘယ်လိုစစ်မလဲဆိုရင် အောက်ပါအချက်တွေကို စစ်ဆေးသင့်ပါတယ်။
Brand awareness - မိမိတို့ Brand အပေါ်လူတွေဘယ်လောက်သိလဲ၊ ဘယ် awareness level မှာရောက်နေလဲကို စစ်သင့်ပါတယ်။
Source of awareness - မိမိတို့ Brand ကိုဘယ်ကနေသိလဲ၊ အွန်လိုင်းလား၊ OOH တွေကလား၊ TVC တွေကလည်း စသည်ဖြင့် မေးကြည့်ရပါမယ်။
Usage/consumption - ဒီမှာ သက်ဆိုင်ရာ Brand ကိုဘယ်လိုသောက်သုံးတဲ့သူမျိုးလဲကိုမေးကြတယ်။
အမြဲတမ်းသောက်နေတာလား၊ သောက်နေတာ (၆လ၊ ၁နှစ်) ရှိတာလားစသည်ဖြင့် မေးတာမျိုး၊ နေ့တိုင်းသောက်တာလား၊ တစ်ပတ်တစ်ကြိမ်လား၊ ပြီးခဲ့ ၁ လအတွင်းလား၊ ၆ လအတွင်းလား၊ ၁ နှစ်အတွင်းလား စသည်ဖြင့် မေးကြည့်ရပါမယ်။ ဒီကနေ BUMO/MOUB ကို ပြန်သတ်မှတ်လို့ရပါတယ်။
Substitution & consideration/rejection - နောက်တစ်ပိုင်းကတော့ ကိုယ့် Brand ရဲ့ potential of substitution ဘယ်လောက်ရှိမလဲ၊ future consideration/rejection ကောရှိလားကိုမေးသင့်ပါတယ်။
Attributes - သက်ဆိုင်ရာ ဈေးကွက်ထဲမှာ ရှိတဲ့ Brand နဲ့သက်ဆိုင်မယ့် general attributes တွေ၊ imagery/ emotional attributes တွေနဲ့ပတ်သက်ပြီး မေးသင့်ပါတယ်။ ဒီကနေ သက်ဆိုင်ရာ Brand တွေနဲ့ associate ဖြစ်မှုတွေကို သိရှိနိုင်တယ်။
Brand activities - မိမိတို့ Brand ကပြုလုပ်ခဲ့တဲ့ activities တွေနဲ့ပတ်သက်ပြီးတော့လည်း ဒီမှာ awareness or association ကိုမေးကြည့်သင့်တယ်။
Consumption/usage occasions & motivations - ဒီမှာလည်း သက်ဆိုင်ရာ Brand User တွေရဲ့ သုံးစွဲ/စားသုံး/သောက်သုံးရတဲ့ အကြောင်းအရင်းနဲ့ နေရာဒေသတွေကို မေးမြန်းခြင်းဖြင့် သူတို့ရဲ့ Occasions & Triggers တွေကို သိရှိနိုင်ပါတယ်။
အပေါ်မှာ ပြောပြတဲ့အချက်တွေကတော့ Core Module အနေနဲ့ အဓိကမေးမြန်းတဲ့ အချက်တွေဖြစ်ပါတယ် (Category ပေါ်မူတည်ပြီးကွာခြားနိုင်)။ ဒါ့အပြင် တခြား Digital Channel Activities တွေ၊ ခမ်းခမ်းနားနားပြုလုပ်ခဲ့တဲ့ Event တွေအကြောင်းကိုလည်း Flex Module အနေနဲ့ထည့်သွင်းမေးမြန်းလေ့ရှိတတ်ပါတယ်။
ဒါဆိုရင်တော့ Brand Health Check/Track အကြောင်းကို နားလည်သဘောပေါက်ကြမယ် မျှော်လင့်ပါတယ်။
Keep Reading