Hein Zaw
ကိုယ့်ရဲ့ ဝင်ငွေ၊ ထွက်ငွေ ဘတ်ဂျက်ဆွဲတာနဲ့ပတ်သက်ရင် ဘယ်နှပုံပုံပြီး ဘယ်လောက်ကို သုံး၊ ဘယ်လောက်ကိုစု၊ ဘယ်လောက်ကို လူမှုရေးအသုံးစရိတ်ထားဆိုပြီး အမျိုးမျိုး ပြောကြတယ်။ ဘတ်ဂျက်နဲ့ပတ်သက်ရင် လူပြောများတဲ့နည်းတစ်ခုက 50/30/20 Rule ဖြစ်ပါတယ်။ ဒီ Rule က Elizabeth Warren နဲ့ Amelia Warren Tyagi တို့ ပူးတွဲရေးသားထားတဲ့ “All Your Worth: The Ultimate Lifetime Money Plan” စာအုပ်ထဲက နည်းဖြစ်ပါတယ်။
ဒီ Rule မှာ ကိုယ့်ရဲ့ဝင်ငွေပေါ်မှာအခြေခံပြီး Needs, Wants နဲ့ Financial Goals ဆိုတဲ့ အုပ်စု သုံးခုအတွက် ရာခိုင်နှုန်းခွဲထားတယ်။
50% to Needs (အခြေခံလိုအပ်ချက် - ၅၀ ရာခိုင်နှုန်း)
ကိုယ့်ဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းကို အခြေခံလိုအပ်ချက်အတွက်ကို သုံးပါတဲ့။ အခြေခံလိုအပ်ချက်ဆိုရာမှာ နေ့စဉ်အသက်ရှင်သန်ဖို့အတွက်လိုအပ်တဲ့ စားဝတ်နေရေးကုန်ကျစရိတ်ကိုဆိုလိုတာပါ။ ဒီထဲမှာ အိမ်ငှားခ၊ လျှပ်စစ်၊ သွားလာစရိတ်၊ ကလေးစရိတ် စတဲ့ကုန်ကျစရိတ်တွေလည်း အကျုံးဝင်ပါမယ်။
30% to Wants (အလိုအဆန္ဒဖြည့်ဆည်းမှု - ၃၀ ရာခိုင်နှုန်း)
ဒါကတော့ အသက်ရှင်သန်ရပ်တည်ရေးအတွက် တကယ်အခြေခံမကျပေမဲ့ လူတစ်ယောက်အနေနဲ့ လိုချင်တာလေးတွေအတွက်ကုန်ကျစရိတ်ဖြစ်ပါတယ်။ ဥပမာ- ဝါသနာအတွက် အသုံးစရိတ်၊ အပန်းဖြေခရီးထွက်တာ၊ အပြင်ထွက်ပြီးစားသောက်တာ၊ Entertainment အတွက် လစဉ်ကြေး စတဲ့ကုန်ကျစရိတ်တွေ
Unlock to read this premium article with 100 points.