Insights with Seth
ဒီဆောင်းပါးမှာတော့ စာရင်းအင်းပညာ (Statistics) ရဲ့ အခြေခံအကျဆုံး အစိတ်အပိုင်း (၂) ပိုင်းဖြစ်တဲ့ Descriptive နဲ့ Inferential Statistic အကြောင်းကို ပြောပြချင်ပါတယ်။
Descriptive Statistic
Descriptive Statistic ဆိုတာဟာ လက်ရှိမိမိတို့ရရှိထားတဲ့ ဒေတာကို summarize လုပ်ပြီး describe လုပ်တာမျိုးကို ဆိုလိုပါတယ်။ ဆိုလိုချင်တာ ဘာမှ ကောက်ချက်ထပ်ချတာမျိုးရှိဘဲ ဒေတာကိုမြင်တွေ့တဲ့အတိုင်း ဖော်ပြတာမျိုးကိုဆိုလိုတယ်။ Descriptive Statistic မှာပါဝင်တဲ့ method တွေပြောပါဆိုရင် Mean, Medium, Mode ရှာတဲ့ Central Tendency ရှာတာမျိုးတွေ၊ Variance, Range, Standard Deviation တွက်တဲ့ Variation ရှာမျိုးတွေ၊ quadrant, quartile, decile စတဲ့ Location ရှာတာမျိုးတွေ၊ Frequency Distribution တွက်တာ (Skewness) မျိုးတွေပဲ အများဆုံးပြုလုပ်ကြတယ်။
Inferential Statistic
Inferential Statistic ဆိုတာကတော့ မိမိတို့ရရှိထားတဲ့ ဒေတာကနေ ထပ်မံကောက်ချက်ချ တွက်ချက်ပြီးမှ ဖော်ပြတာမျိုးဖြစ်ပါတယ်။ အပေါ်မှာပြောခဲ့သလို ဖော်ပြရုံသပ်သပ် မဟုတ်တော့ဘူး ဆက်နွယ်မှုတွေရှာတာ၊ ခန့်မှန်းတာ၊ အဆိုပြုချက်တွေနှိုင်းယှဥ်တာမျိုးတွေ ပါဝင်လာပြီဖြစ်တယ်။ ။ Inferential Statistic မှာပါဝင်တဲ့ method တွေကိုပြောရရင် Hypothesis Testing လုပ်တာ၊ regression, correlation, ANOVA, significant testing, variant analysis လုပ်တာမျိုးတွေပါဝင်လာပြီ ဖြစ်ပါတယ်။
Applications with examples
လက်တွေ့မှာတော့ marketing research, consumer research ပြုလုပ်တဲ့အပိုင်းတွေမှာဆိုရင် ဒီ statistic approach (2) ခုလုံးကို အသုံးပြုကြပါတယ်။ ဥပမာပြောရရင် Brand awareness တွက်တာမျိုးတွေမှာ descriptive statistic အရ mode (ကြိမ်ရေ) အများဆုံး brand ကိုကြည့်မျိုးတွေ ပြုလုပ်ပြီး တစ်ဖက်မှာလည်း အဆိုပါ awareness အများဆုံး brand ဟာ ကျန် brand များထက် significant ဖြစ်၊ မဖြစ် Significant testing တွက်ပြီး Infer လုပ်တာမျိုးတွေ လုပ်တတ်ပါတယ်။ ဒါမျိုးကို product testing လုပ်တဲ့ study တွေမှာ အလားတူပုံစံမျိုးကို အသုံးပြုတတ်ကြပါတယ်။
Summary
အချုပ်ပြောရရင်တော့ Descriptive Statistic မှာ ဒေတာတွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို ပိုမိုနားလည်အောင်လုပ်ကြပြီး Inferential statistic ကတော့ ဒေတာတွေကနေ သုံးသပ်ချက်များကို ကောက်ချက်ချဆွဲထုတ်နိုင်အောင် သုံးတယ်လို့ နားလည်နိုင်တယ်။ Descriptive မှာကျတော့ probability theory တွေအပေါ်မှာ အရမ်းကြီးမီခိုမှုမရှိဘူး၊ Inferential မှာကျတော့ သူက population ကိုကိုယ်စားပြုဖို့အတွက် ယူဆ၊ ကောက်ချက်ချတာမျိုးဆိုတော့ probability theory တွေကို မှီခိုရတယ်။ ဒါကြောင့် descriptive နဲ့ယှဥ်ရင် error (Type I & II) ရှိနိုင်ချေ ပိုများနိုင်ပါတယ်။
Keep Reading