Hein Zaw
ဒီနေ့ ဆရာတစ်ယောက်နဲ့ စကားပြောဖြစ်တော့ စာအုပ်တစ်အုပ်အကြောင်းပြောရင်း အဲဒီစာအုပ်ထဲကအကြောင်းအရာလေးတစ်ခုကို သူက ဝေမျှတယ်။ တောင်ထိပ်ပေါ်တက်ချင်ရင် တောင်အောက်ဆင်းရမယ်။ ဆင်းတဲ့အခါ တောင်ခြေမှာတွေ့ရမယ့်ချို့င်ဝှမ်းတွေထဲ ဆင်းရမယ်ဆိုရင်လည်း ဆင်းရဲတဲ့သတ္တိရှိရမယ်” တဲ့။
ဆိုလိုတာက ခင်ဗျား ဒီတောင်ထိပ်ကိုတက်ပြီးတဲ့အခါ ဒီထပ်မြင့်တဲ့နောက်တောင်ထိပ်တစ်ခုကိုထပ်တက်ချင်တယ်ဆိုရင် ဒီတောင်ကနေဆင်းရပါမယ်။
ဘ၀နဲ့ အလုပ်မှာ ကြုံရနိုင်တာတစ်ခုက လက်ရှိကိုယ်ရောက်နေတဲ့နေရာတစ်ခု၊ ကိုယ်ရောက်နေတဲ့တောင်ထိပ်တစ်ခုမှာ ဟုတ်လှချည်ရဲ့ဆိုပြီး သာယာနေတတ်တာပဲ။ သေချာတာတစ်ခုကတော့ အဲဒီလိုသာယာနေသရွေ့ ခင်ဗျား လက်ရှိထက်ပိုကောင်းတဲ့နေရာ၊ လက်ရှိထက်ပိုမြင့်တဲ့ထောင်ထိပ်ကို ရောက်မှာမဟုတ်ဘူး။ ရည်မှန်းချက် (Goal) ဘယ်လောက်ထိထားလဲ အရေးကြီးတယ်။
ဒါနဲ့ပတ်သက်လို့ ဆက်ပြီးတွေးစရာတစ်ခုက လူဟာ တိုးတက်ပြောင်းလဲမှုနဲ့ပတ်သက်ရင် သူများနဲ့ယှဉ်ဖို့ထက် ကိုယ့်ကိုယ်ကိုယ်ယှဉ်တာ အကောင်းဆုံးပဲ။ သူများနဲ့ယှဉ်ရင် သူ့ Level ရောက်သွားတဲ့အခါ လမ်းဆုံးသွားတတ်ပြီး ကိုယ့်ကိုယ်ကိုယ်နဲ့ယှဉ်ရင်တော့ ရောက်ချင်တဲ့ပန်းတိုင်ကို အမြဲတမ်းပိုမြင့်နေအောင်ထားလို့ရတယ်။ ဒီနေ့ကိုယ်ထက် မနက်ဖြန်ကိုယ်က ပိုတိုးတက်ရမယ်၊ ဒီနှစ်ကိုယ်ထက် နောက်နှစ်ကိုယ်က ပိုတိုးတက်ရမယ်ဆိုတာမျိုးပေါ့။
ဆိုတော့ အရေးကြီးတာက လက်ရှိကိုယ်ရောက်နေတဲ့ Level မှာ သာယာမနေမိဖို့ပဲ။
ကိုယ့်ကိုယ်ကိုယ် Level တစ်ဆင့်ထက်တစ်ဆင့်မြှင့်သွားတာက ကိုယ့်ရဲ့လုပ်နိုင်စွမ်း၊ ကိုယ့်ရဲ့အရည်အသွေးကို မြှင့်တင်ပေးရာရောက်သလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်၊ ကိုယ်ကိုယ်ကိုယ်ဂုဏ်ယူကျေနပ်စိတ်ကိုလည်း မြှင့်တင်ပေးရာရောက်ပါတယ်။ ဒီတောင်ထိပ်ကနေဆင်းပြီး နောက်တောင်ထိပ်ကိုတက်တဲ့အခါမှာ ချိုင့်ဝှမ်းတွေ၊ လျှိုမြောင်တွေ တွေ့ချင်တွေ့မယ်၊ သားရဲတွေနဲ့ ရင်ဆိုင်ချင်လည်းရင်ဆိုင်ရနိုင်တယ်၊ ရာသီဥတုကြမ်းတမ်းတာ၊ ဆူးငြောင့်ခလုတ်တွေထူထပ်တာတွေလည်း ကြုံချင်ကြုံရနိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဆန္ဒပြင်းပြမှု၊ စိတ်ပိုင်းဖြတ်မှု၊ ဉာဏ်ပညာနဲ့ ဇွဲလုံ့လရှိရင် ပိုမြင့်တဲ့နောက်တောင်ထိပ်ကို ရောက်မှာပါပဲ။
ပိုမြင့်တဲ့တောင်ထိပ်ပေါ်တက်ချင်ရင် လက်ရှိတောင်အောက်ကိုတော့ ဆင်းဖို့လိုမယ်။
#HeinZaw
Keep Reading