SarPhat Author
Paid internshipတွေက လူငယ်များအတွက်
ပိုမိုထိရောက်တဲ့ အလုပ်အကိုင်အခွင့်အလမ်းဖြစ်နေမလား။
တိုးတက်နေသည့်ယနေ့ခေတ်မှာ Paid internship များက အလုပ်အကိုင်အခွင့်အလမ်းများအနေဖြင့် လူငယ်များအတွက် တစ်ဖက်တစ်လမ်းက အကျိုးပြုလာပါတယ်။
Paid internship ကာလများမှ လေ့လာသင်ယူခြင်းကနေတဆင့် တန်ဖိုးရှိသောအတွေ့အကြုံများသာမက သက်ဆိုင်ရာနယ်ပယ်နဲ့ ပက်သက်တဲ့ ကျွမ်းကျင်မှုတွေ ၊ Networking ဆိုင်ရာ အခွင့်အလမ်းကောင်းများစွာ ရရှိနိုင်ပါတယ်။
တဆက်တည်းမှာပဲ နည်းပညာကို စိတ်ဝင်တစား သင်ယူလေ့လာနေသူလူငယ်များအနေဖြင့်
'' Paid internshipတွေက လူငယ်များအတွက်
ပိုမိုထိရောက်တဲ့ အလုပ်အကိုင်
အခွင့်အလမ်းဖြစ်နေမလား ။ ''
ဆိုတဲ့ အချက်ကို အများအားဖြင့် တွေးဖူးကြမယ်လို့
ထင်ပါတယ်။
ဒါ့ကြောင့် အနာဂတ်လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများရွေးချယ်ဖြစ်တဲ့အခါမှာ မိမိကိုယ်တိုင် သုံးသပ်ချင့်ချိန်နိုင်ဖို့အတွက် ဖော်ပြပါအချက်လေးများဖြင့် ဆန်းစစ်ကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။
1. တနိုင်တပိုင် ဝင်ငွေရရှိခြင်း။
လူငယ်များအတွက် Paid internship ရဲ့ အကျိုးကျေးဇူးတစ်ခုကတော့ ဝင်ငွေရရှိခြင်းပဲ ဖြစ်ပါတယ်။ ဝင်ငွေများရရှိခြင်းကနေတဆင့် ကိုယ်ရေးကိုယ်တာအသုံးအစွဲတွေဖြစ်တဲ့ စားဝတ်နေရေး နဲ့ တခြား နေ့စဥ်သုံးလိုအပ်ချက်များအတွက်ပါ မိဘများအပေါ်မှာ မှီတည်ခြင်းမရှိဘဲ ရပ်တည်လာနိုင်မှာဖြစ်ပါတယ်။ အခုလို ကိုယ်ပိုင်ဝင်ငွေရရှိလာခြင်းအားဖြင့် မိမိကိုယ်ကို တာဝန်ယူတတ်လာတဲ့အပြင် အနာဂတ်မှာလည်း ငွေကြေးတွေကို အကျိုးရှိစွာ စီမံသုံးစွဲတတ်ဖို့အတွက် အတွေ့အကြုံကောင်းတစ်ခုဖြစ်တယ်လို့ ဆိုထားပါတယ်။
2. Self-Confidence တိုးတက်လာခြင်း။
Paid internship အများစုက လူငယ်များရဲ့ ဘဝတိုးတက်ရေးအတွက် အခွင့်အလမ်းကောင်းများစွာကို လမ်းဖွင့်ပေးလျက်ရှိတယ်လို့ ဆိုထားပါတယ်။ သက်ဆိုင်ရာ နယ်ပယ်မှ ဗဟုသုတများကို သင်ယူလေ့လာရင်း ရရှိလာတဲ့ ကျွမ်းကျင်မှုများကြောင့် အသစ်သစ်သော အလုပ်အကိုင်များမှာ လုပ်ဆောင်နိုင်ဖို့အတွက်
အခွင့်အရေးကောင်းများရရှိနိုင်ပါတယ်။ ဒါ့ကြောင့် အဆိုပါကျွမ်းကျင်မှုများက Personal Branding အတွက် ကောင်းကျိုးရရှိနိုင်ရုံသာမက
မိမိကိုယ်ကိုတန်ဖိုးထားတတ်လာပြီးတော့
လိုအပ်တဲ့ Skill များကို ထပ်မံမြှင့်တင်ဖို့အတွက် ယုံကြည်မှုများစွာ တိုးလာနိုင်ကြောင်း ဆိုထားပါတယ်။
3. Resume Portfolio တည်ဆောက်ခြင်း။
Paid internship များမှတဆင့် တန်ဖိုးရှိသော Learning Resource များ ၊ Training Program များ ၊
Professional များဆီက လမ်းညွှန်ပြသပေးမှုအခွင့်အလမ်းကောင်းများ ရရှိနိုင်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် အတွေ့အကြုံရင့်သန်တဲ့ Professional တွေနဲ့ အနီးကပ်အလုပ်လုပ်နိုင်မယ့် အခွင့်အရေးတွေ ၊
သူတို့ရဲ့ ကျွမ်းကျင်မှုတွေ ၊ သက်ဆိုင်ရာနယ်ပယ်က
ဗဟုသုတတွေ ၊ ကျွမ်းကျင်မှုတွေကိုလည်း လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။ ဒီအတွေ့အကြုံတွေက
မိမိရဲ့ Resume အတွက် ကောင်းမွန်သော Portfolio ကိုတိုးမြှင့်နိုင်မယ့်အပြင် ကျွမ်းကျင်မှုရှိတဲ့ လုပ်ဆောင်မှုများကြောင့် Professional တစ်ယောက်အဖြစ် ပြသနိုင်သလို တိုးတက်လာတဲ့ စွမ်းရည်တွေကိုလည်း တခြားProfessional နယ်ပယ်များမှာ အခွင့်အလမ်းများအဖြစ် အသုံးချနိုင်ကြောင်းဖော်ပြထားပါတယ်။
Keep Reading